Unicode
အောက်ဆုံးတွင် ဗီဒီယိုဖိုင်တင်ပေးထားပါသည်။
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ Huang Deming အမည်ရှိတဲ့လယ်သမားတစ်ဦးဟာ သူမွေးမြူထားတဲ့ဝက်များအတွက် အလွန်ထူးခြားသည့်အရာတစ်ခုပြုလုပ်ခဲ့ပါတယ်။
Huangက ဝက်များအတွက် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ပေးခြင်းက ပိုမိုကောင်းမွန်တယ်လို့ယုံကြည်နေပါတယ်။
ဒါကြောင့် သူဟာ Ningxiang County အမည်ရှိရေကန်ငယ်မှာ ၁၀ ပေမြင့်တဲ့သစ်သားရေငုပ်စင်တစ်ခုတည်ဆောက်ပေးခဲ့ပါတယ်။
Huang ဟာ နေ့တိုင်းသူရဲ့ခြံထဲရှိဝက်များကို Ningxiang County ရေကန်ရှိ သစ်သားရေငုပ်စင်သို့ ပို့ဆောင်ပေးပြီး ဝက်တစ်ကောင်ချင်းစီကို ရေကန်ထဲသို့ရေငုပ်စေပါတယ်။
ဒီလေ့ကျင့်ခန်းက ဝက်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကိုမြှင့်တင်ပေးတယ် လို့ Huang က အခိုင်အမာပြောဆိုနေခဲ့ပါတယ်။
သူတို့ရဲ့အစာစားချင်စိတ်ကိုတိုးမြှင့်ပေးတယ်လို့လည်း ပြောခဲ့ပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ ဝက်များဟာ အထီးကျန်နေတဲ့ ဝက်များထက်ပိုမိုကျန်းမာပြီး တော်ရုံနှင့်ဖျားနာခြင်းမဖြစ်ပါဘူး။
ဒီလိုတွေ လုပ်ပေးနေတဲ့ ဝက်ပိုင်ရှင်ရဲ့ ရည်ရွယ်ချက်ဟာ ဝက်တွေကို အရမ်းချစ်ပြီး စေတနာ ထားလို့မဟုတ်ဘဲ သူ့မှာ အကြံဆိုးတစ်ခု ရှိနေပါတယ်
အဲဒါကတော့ လှုပ်ရှားသွားလာမှု ပိုများပြီး သွက်လက်နေတဲ့ ဝက်တွေရဲ့ အသားဟာ ပိုပြီးစားကောင်းတယ်လို့ သူက ယုံကြည်နေလို့ပါပဲ
ဒါ့အပြင် ဝက်ရဲ့အသားများဟာ ဈေးကွက်ရှိပုံမှန် ဝက်များထက်အရသာပိုမိုကောင်းမွန်ပြီး
အမြဲလှုပ်ရှားနေတဲ့ ဝက်များရဲ့တည်ဆောက်ပုံက အဆီသိပ်မများဘဲ အရွယ်အစားလည်းသိပ်မကြီးမားတဲ့အတွက်ကြောင့် ဝက်များကိုသက်သောက်သက်သာရှိစေပါတယ်လို့ ဆိုပါတယ်
တစ်ကယ်လည်း ကျစ်လျစ်တဲ့အလွှာများနှင့်အဆီများရောနှောမှုက ဝက်များရဲ့အကောင်းဆုံးအသား ဖြစ်တယ်လို့ ထင်မြင်မိကြမှာပါ။
လတ်ဆတ်တဲ့အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေစားပြီး
ကြွက်သားလေ့ကျင့်ခန်းများများပြုလုပ်တဲ့ ဝက်များဟာ ဝက်ခြံရှိတစ်နေ့လုံးမြင့်မားတဲ့ကစီဓာတ်အစေ့အဆန်များစားသုံးနေတဲ့ဝက်များထက်
အဆီနည်းတယ်လို့ အခြားသူတွေက ပြောဆိုနေကြပြီး Huang ရဲ့ဝက်များကို ဂရုတစိုက်ရှိပြီးလေ့ကျင့်ပေးပုံကို ချီးကျူးထားကြပါသေးတယ်။
ဝက်တွေကို ကောင်းမွန်စွာဂရုစိုက်ပေးပြီး ပျော်ရွှေအောင်ထားပေးခဲ့တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ဟာ နောက်ဆုံးတော့
ဝက်သားတွေ စားကောင်းဖို့ အတွက် လုပ်နေတယ်ဆိုတာ သိလိုက်ရပါတော့တယ်
ရုပ္သံ
Crd -Mckzone Daily