ကျွန်တော်တို့အများစုက ကလေးတွေရဲ့ ရိုးသားမှုနဲ့ အပြစ်ကင်းစင်မှုကနေ အများကြီးသင်ယူနိုင်ပါတယ် ။
မိဘတစ်ယောက်အနေနဲ့ ကလေးတွေဟာ တစ်ခါတစ်ရံမှာ ငါတို့ရဲ့အကြီးမြတ်ဆုံးဆရာတွေဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို အခုဖော်ပြပေးမဲ့ အကြောင်းက သက်သေပြနေပါတယ် ။
နောက်ပြီး အမှန်အတိုင်းပြောရရင် ဒီကောင်လေးနှစ်ယောက်က စစ်မှန်တဲ့ခင်မင်မှုက ဘာလဲဆိုတာကို မကြာသေးခင်က ပြသခဲ့ပါတယ် ။
သူတို့ရဲ့ထိထိမိမိအဖြစ်အပျက်က ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့သွားပြီး သူတို့မှာ ထူးခြားတဲ့နှောင်ကြိုးတစ်ခုကြောင့် လူတိုင်းအံ့သြသွားခဲ့ကြပါတယ် ။
MSN ဆောင်းပါးတစ်ခုမီာ Paul Burnett က သူငယ်တန်းမှာ ၈ နှစ်အရွယ် Kamden Houshan နဲ့ ပထမဆုံးတွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်ဦးက သူငယ်ချင်းများအဖြစ် လျင်မြန်စွာ ခင်မင်ရင်းနှီးခဲ့ကြတာပါ ။
နှစ်ယောက်စလုံးက စူပါဟီးရိုးတွေ ကစားရတာကြိုက်ပြီး ရယ်စရာဗီဒီယိုတွေကို အတူတကွဖန်တီးရတာကိုနှစ်သက်ကြပါတယ် ။
အခြားကလေးတွေက Kamden ရဲ့ မသန်စွမ်းမှုကို ရယ်မောကြပြီး Paul ကတော့ သူ့နားမှာ အဖော်တစ်ယောက်အဖြစ် အမြဲရှိနေပေးခဲ့ပါတယ် ။
အသက် ၈ နှစ်အရွယ် Kamden က သူဟာ T2 နဲ့ T3 ကျောရိုးရှိအကျိတ်များနဲ့ မွေးဖွားလာခဲ့ပြီး လိုအပ်တဲ့ခွဲစိတ်မှုကြောင့် Wheelchair အသုံးပြုရန်လိုအပ်ခဲ့ပါတယ် ။
ထိုအခါမှာ Kamden ရဲ့ မိဘတွေ Wheelchair ဝယ်ယူဖို့မတက်နိုင်တာကြောင့် Paul က သူ့သူငယ်ချင်း Kamden ကို ကူညီချင်တဲ့အကြောင်း သူ့အမေကို ပြောခဲ့ပါတယ် ။
ဒါကြောင့် Paul ရဲ့ မိခင်က သူ့ကို ကူညီပြီး GiFundMe လှုံ့ဆော်မှုတစ်ခုအတွက် ရေးခဲ့ပါတယ် ။
နှစ်ပတ်အတွင်း မဲဆွယ်စည်းရုံးမှုကသူ့တို့ရည်မှန်းထားတဲ့ ဒေါ်လာ ၃၉၀၀ ထက် ဒေါ်လာ ၆၀၀၀ နီးပါး ရရှိခဲ့ပါတယ် ။
မကြာခင်မှာဘဲ Kamden က ပေါ့ပါးပြီး သူ့အတွက်ကောင်းမွန်တဲ့ Wheelchair ကို ပိုင်ဆိုင်ရတော့ပျော်မဆုံးဖြစ်ပြီး သူ့သူငယ်ချင်း Paul ကို ထပ်ခါတလဲလဲ ကျေးဇူးတင်ပါတော့တယ် ။
crd