ဆေးလိပ်ဖြတ်ပြီး ၃ နှစ်အတွင်း စုဆောင်းခဲ့မိတဲ့ စုစုပေါင်းငွေကို အံ့အားသင့်ကြောင့် ဖော်ပြလာခဲ့တဲ့ အမျိုးသား
Neil Ryan Lorenzo လို့ခေါ်တဲ့ အမျိုးသားက ဆေးလိပ်ဖြတ်ပြီးနောက် သူ့ရဲ့ စွဲမက်ဖွယ် ငွေစုမှုကြောင့် မကြာသေးမီက ပျံ့နှံသွားခဲ့ပါတယ် ။
Neil Ryan ရဲ့အမေ အဆိုအရ သူဟာ ကြီးပြင်းလာစဉ်ကပင် အမြဲဒုက္ခပေးတတ်တဲာသူတစ်ယောက်ပါလို့ ပြောခဲ့ပါတယ် ။
နောက်ဆုံးမှာ Neil Ryan က Saudi Arabiaရဲ့ စက်ရုံလုပ်သားအဖြစ် အလုပ်လုပ်တဲ့အခါမှာ သူ့ရဲ့ ပိုက်ဆံတွေကို ဖြုန်းတီးလာခဲ့ပါတယ် ။
သူဟာ တစ်လကို (Php ၉၀၀၀၀) ဝင်ငွေရသော်လည်း သူ့ရဲ့ ဆေးလိပ်ဖိုးနဲ့ ငွေတွေဘယ်လောက်မှမကျန်တော့ပါဘူး ။
Neil Ryan က သူ့ရဲ့ အကျင့်အတွက် တစ်လကို ငွေကျပ် ၈၀၀၀ ခန့် သုံးစွဲခဲ့ပါတယ် ။
တစ်နေ့မှာတော့ သူက သူ့ပိုက်ဆံတွေကို သူ့အကျင့်ဆိုး ပေါ်မှာ ဖြုန်းလိုက်မှန်း သဘောပေါက်သွားတဲ့နောက် Neil Ryan ကဆေးလိတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
အဲဒီအစား သူက ပိုက်ဆံတွေကို စုဆောင်းဖို့ အကြွေစေ့ဘဏ်ထဲကို သူထည့်လိုက်ပါတယ် ။
သူက ချွေတာတက်တဲ့ အကျင့်ရှိလာတာနဲ့ အမျှ သူက ပိုချမ်းသာချင်ခဲ့ပါတယ် ။ ဒါ့ကြောင့် သူက သူ့ရဲ့ အကြွေစေ့ဘဏ်ကို ငွေထပ်မံစုဆောင်းရန် အပိုအလုပ်အကိုင်များကို ရှာဖွေခဲ့ပါတယ် ။
သူက လတ်ဆတ်တဲ့ငါးတွေကို ရောင်းချခြင်းပြီး ရလာတဲ့ပိုက်ဆံတွေကို အကြွေစေ့ဘဏ်ထဲမှာ အမြဲထည့်ထားလေ့ရှိပါတယ် ။
၃ နှစ်အကြာမှာ သူနောက်ဆုံးဖြည့်နိုင်ခဲ့တဲ့ အကြွေစေ့ဘဏ်နှစ်ခုကို ဖွင့်လိုက်ပြီး စုစုပေါင်း ၇၅,၄၀၀ Riyals (Php1 million) လောက် စုဆောင်းမိခဲ့တာကြောင့် သူအံ့သြသွားခဲ့ပါတယ် ။
၎င်းဟာ သူ့ရဲ့ ဆေးလိပ်ဖြတ်ပြီးကတည်းကသူ့ရဲ့အမြတ်အစွန်းများမှ သူစုဆောင်းခဲ့တဲ့ ငွေပမာဏဖြစ်ပါတယ် ။
crd