တခါတုန်းက..လယ်သမားကြီးတယောက်ဟာ အိမ်ရှေ့ကွပ်ပျစ်အိုလေးပေါ်မှာ အဆင်မပြေခြင်းများစွာဖြင့် စိတ်ပျက်လက်ပျက်ထိုင်နေရင်း ဆေးတံတိုကိုခဲကာ အိမ်ခြံဝင်းတံခါးပေါက်ဆီသို့ငေးကြည့်နေခဲ့မိလေ၏။ ထိုသို့ငေးကြည့်နေရာမှ အိမ်ဝင်းတံခါးပေါက်အမိုးစင်လေးမှာခွေးနို့စို့သည့်ဟန် တွဲလီတွဲလောင်းဖြင့်
အသီးပွင့်များဝေဝေဆာဆာသီးပွင့်နေသော အလေ့ကျပေါက်သည့်ဗူးပင်ပျိုတပင်အား သတိထားမိသွားလေသည်။ထိုအခါ စိတ်ပျက်လက်ပျက်ဖြစ်နေသောလယ်သမားကြီး၏ခေါင်းထဲတွင် အတွေးတခု ဝင်းကနဲလက်၍သွားခဲ့လေ၏။ “အိုး.. ကြည့်စမ်းပါအုံး..သီးနေလိုက်သည့်ဗူးသီးတွေ ငါလည်း ရေတစက်မျှမလောင်းရပါပဲ သီးနေလိုက်ကြတာ ကြီးနေလိုက်ကြတာ
ဒီဗူးသီးတွေကိုခူးပြီး ဈေးမှာသွားရောင်းရရင်ဖြင့် ငွေတွေအများကြီးရတော့မှာပဲဟေ့.. “လယ်သမားကြီးမှာ ဆေးတံမှထောင်းကနဲလွင့်တက်လာသောမီးခိုးငွေ့များကိုမှုတ်ထုတ်လိုက်ရင်း အတွေးစိတ်ကူးနယ်ချဲ့မိလေတော့သည်။” မဟုတ်သေးဘူး..ဒီ့ထက်များလာအောင် ငါကိုယ်တိုင်ငါ့လယ်တောမှာ ဗူးပင်တွေအများကြီးထပ်စိုက်ရမယ်..
တစ်ပင်ကိုဒီလောက်သီးပုံမျိုးနဲ့ ဒီလောက်ငွေတွေရရင် အပင်တွေအများကြီးသာဆို ငွေတွေလည်း ငါ့မှာအများကြီးရလာတော့မယ်လေ..”စိတ်ကူးဖြင့်သာယာနေသောလယ်သမားကြီးသည် ခဲထားသောဆေးတံကိုဖွာထုတ်လိုက်ပြီး နှုတ်ခမ်းမွှေးကို ဟန်ပါပါပွတ်သပ်ကာ ကျေကျေနပ်ကြီးပင်ပြုံးနေမိတော့သည်။
” ဟုတ်ပြီ..ဟုတ်ပြီ..ဗူးပင်တွေအများကြီးစိုက်ပြီး ငါမြေတောင်မြှောက်ပေးရမယ် အသီးတွေအများကြီးသီးလာပြီး ငွေတွေအများကြီးရလာရင် ငါပင်ပင်ပန်းပန်းနဲ့ လယ်လုပ်စရာမလိုတော့အောင် ဆင်တကောင်ဝယ်ပြီး သစ်ကွင်းထဲကိုထည့်ထားလိုက်တော့မယ်။
ရလာတဲ့အခ ကြေး ငွေနဲ့ ငါတို့လင်မယား အေးအေးဆေးဆေး စားသောက်နေနိုင်ပြီလေ..”လယ်သမားကြီးမှာ စိတ်ကူးယဉ်အတွေးထဲ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးနေမိတော့သည်။ သို့သော်စိတ်းကူအယဉ်လွန်သွားသောလယ်သမားကြီးမှာ..ဆင်ကြီးကိုစီးကာ သစ်ကွင်းမှပြန်လာလျှင် အိမ်အဝင်ဗူးပင်နဲ့လွတ်မှာမဟုတ်ပေဘူး.. ငါ့ဆင်ကြီးအိမ်အဝင်မှာ
ဒီဗူးပင်ကအနှောက်အယှက်ပေးတော့မှာပဲဟုတွေးမိသဖြင့် ဆေးတံကိုပစ်ချ ကွပ် ပျစ်ဘေးမှပေါက်တူးကိုဆက်ကနဲ့ဆွဲကိုင်ရပ်ကာ ဗူးပင်ကြီး၏အမြစ်အား ခုတ်ဖြတ်ချလိုက်လေတော့၏။ထိုအပြုအမူအားအမှတ်မထင်မြင်လိုက်သော အိမ်နီးခြင်းတဦးမှာ အလွန်ပင်အံ့ဩသွားပြီး အဘယ့်ကြောင့်
ဒီလောက်သီးပွင့်နေသည့် ဗူးပင်အား ခုတ်ဖြတ်လိုက်ရကြောင်းလယ်သမားကြီးအားမေးလေရာ လယ်သမားကြီးမှ သူ့အနေဖြင့် အိမ်ကိုဆင်စီးဝင်လာတဲ့အခါအနှောက်အယှက်ဖြစ်လာစေနိုင်သဖြင့် အခုလိုနှိမ်လိုက်ရကြောင်းရှင်းပြလေသည်။ထိုအခါအိမ်နီးခြင်းမိတ်ဆွေမှ
လယ်သမားကြီးမှာ ဆင်တကောင်ရှိနေပြီလားဟု တအံတဩဖြင့်ဆက် လက်မေးလိုက်ရာတွင်တော့လယ်သမားကြီးမှာ အတွေးလွန်နေရာမှသတိပြန်ဝင်လာကာ ဟာကနဲဖြင့် နောင်တကြီးစွာရပြီး ဗူးပင်သေ ၏ခြေရင်းမှာ စိတ်ပျက်လက်ပျက်ဖြင့်ပင် ငိုင်စင်းသွားခဲ့လေတော့သည်။ အတွေးတစ်ခုရကြပါစေ..။
Credit – မူရင်းရေးသားသူအား လေးစားစွာဖြင့်
Zawgyi ဖြင့်ဖတ်ပါ
“အတွေးလွန်တော့ ဗူးပင်ကုန်”
တခါတုန်းက..လယ်သမားကြီးတယောက်ဟာ အိမ်ရှေ့ကွပ်ပျစ်အိုလေးပေါ်မှာ အဆင်မပြေခြင်းများစွာဖြင့် စိတ်ပျက်လက်ပျက်ထိုင်နေရင်း ဆေးတံတိုကိုခဲကာ အိမ်ခြံဝင်းတံခါးပေါက်ဆီသို့ငေးကြည့်နေခဲ့မိလေ၏။ ထိုသို့ငေးကြည့်နေရာမှ အိမ်ဝင်းတံခါးပေါက်အမိုးစင်လေးမှာခွေးနို့စို့သည့်ဟန် တွဲလီတွဲလောင်းဖြင့်
အသီးပွင့်များဝေဝေဆာဆာသီးပွင့်နေသော အလေ့ကျပေါက်သည့်ဗူးပင်ပျိုတပင်အား သတိထားမိသွားလေသည်။ထိုအခါ စိတ်ပျက်လက်ပျက်ဖြစ်နေသောလယ်သမားကြီး၏ခေါင်းထဲတွင် အတွေးတခု ဝင်းကနဲလက်၍သွားခဲ့လေ၏။ “အိုး.. ကြည့်စမ်းပါအုံး..သီးနေလိုက်သည့်ဗူးသီးတွေ ငါလည်း ရေတစက်မျှမလောင်းရပါပဲ သီးနေလိုက်ကြတာ ကြီးနေလိုက်ကြတာ
ဒီဗူးသီးတွေကိုခူးပြီး ဈေးမှာသွားရောင်းရရင်ဖြင့် ငွေတွေအများကြီးရတော့မှာပဲဟေ့.. “လယ်သမားကြီးမှာ ဆေးတံမှထောင်းကနဲလွင့်တက်လာသောမီးခိုးငွေ့များကိုမှုတ်ထုတ်လိုက်ရင်း အတွေးစိတ်ကူးနယ်ချဲ့မိလေတော့သည်။” မဟုတ်သေးဘူး..ဒီ့ထက်များလာအောင် ငါကိုယ်တိုင်ငါ့လယ်တောမှာ ဗူးပင်တွေအများကြီးထပ်စိုက်ရမယ်..
တစ်ပင်ကိုဒီလောက်သီးပုံမျိုးနဲ့ ဒီလောက်ငွေတွေရရင် အပင်တွေအများကြီးသာဆို ငွေတွေလည်း ငါ့မှာအများကြီးရလာတော့မယ်လေ..”စိတ်ကူးဖြင့်သာယာနေသောလယ်သမားကြီးသည် ခဲထားသောဆေးတံကိုဖွာထုတ်လိုက်ပြီး နှုတ်ခမ်းမွှေးကို ဟန်ပါပါပွတ်သပ်ကာ ကျေကျေနပ်ကြီးပင်ပြုံးနေမိတော့သည်။
” ဟုတ်ပြီ..ဟုတ်ပြီ..ဗူးပင်တွေအများကြီးစိုက်ပြီး ငါမြေတောင်မြှောက်ပေးရမယ် အသီးတွေအများကြီးသီးလာပြီး ငွေတွေအများကြီးရလာရင် ငါပင်ပင်ပန်းပန်းနဲ့ လယ်လုပ်စရာမလိုတော့အောင် ဆင်တကောင်ဝယ်ပြီး သစ်ကွင်းထဲကိုထည့်ထားလိုက်တော့မယ်။
ရလာတဲ့အခ ကြေး ငွေနဲ့ ငါတို့လင်မယား အေးအေးဆေးဆေး စားသောက်နေနိုင်ပြီလေ..”လယ်သမားကြီးမှာ စိတ်ကူးယဉ်အတွေးထဲ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးနေမိတော့သည်။ သို့သော်စိတ်းကူအယဉ်လွန်သွားသောလယ်သမားကြီးမှာ..ဆင်ကြီးကိုစီးကာ သစ်ကွင်းမြှပန်လာလျှင် အိမ်အဝင်ဗူးပင်နဲ့လွတ်မှာမဟုတ်ပေဘူး.. ငါ့ဆင်ကြီးအိမ်အဝင်မှာ