ကျောင်းပြီးလို့ ဘွဲ့ရတာနဲ့ အမှိုက်ကားမောင်းပြီး ကျောင်းထားပေးခဲ့သည့် ဖခင်ဖြစ်သူကို အရင်ဦးစွာ သွားရောက်ကန်တော့ခဲ့သည့် ကျေးဇူးသိတတ်သောသားလိမ္မာလေး
မိဘတို့ကတော့ သားသမီးအတွက်ဆိုလျှင် အရာရာပေးဆပ်ရန်အတွက် အသင့်ရှိသူတွေဖြစ်ကြပါတယ်။သားသမီးကောင်းစားစေရေးအတွက် အရှက်အကြောက်တွေကို ဘေးဖယ်ပြီး အလုပ်မျိုးစုံကို လုပ်ကိုင်ကာ ထောက်ပံ့ပေးနေကြသူများဖြစ်ပါတယ်။
ယခုတွင်လည်း Chulaဆိုသည့်လူငယ်လေးဟာ ဘွဲ့ရသည်နှင့် အမှိုက်ကားမောင်းပြီး ကျောင်းထားပေးခဲ့သည့်ဖခင်ကို အရင်ဦးစွာ သွားရောက်ကန်တော့ခဲ့ပါတယ်။Chulaကဖခင်သည် အမှိုက်ကားမောင်းရင်း အဝတ်အစားအဟောင်းလေးတွေကိုဝတ်ဆင်ပြီး သားအတွက် ထောက်ပံ့ပေးနေခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။
အမှိုက်နှင့်ပတ်သတ်လာလျှင် လူတိုင်းကအထင်သေးပြီး နှာခေါင်းရှုံကြသော်လည်း ဖခင်ဖြစ်သူကတော့ သားသမီးတွေကို ထောက်ပံ့ပေးရန်အတွက် အထင်သေးခံပြီး အလုပ်ကြိုးစားခဲ့တာဖြစ်ပါတယ်။သားဖြစ်သူလည်း သိတတ်လိမ္မာစွာဖြင့် ဖခင်နှင့်အတူ ဘွဲ့လက်မှတ်လေးကို ပျော်ရွင်စွာသွားယူခဲ့ပုံဟာ လူတိုင်းအတွက် ကြည်နူးမိစေမှာသေချာပါတယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)