ငါးလသားအရွယ် နွားပေါက်လေးအား ခင်ပွန်းဖြစ်သူ ပြန်ဝင်စားသည်ဟု ယုံကြည်ကာ လူသားတစ်ယောက်လို ကျွေးမွေးပြုစုနေသော အဖွားအို


ငါးလသားအရွယ် နွားပေါက်လေးအား ခင်ပွန်းဖြစ်သူ ပြန်ဝင်စားသည်ဟု ယုံကြည်ကာ လူသားတစ်ယောက်လို ကျွေးမွေးပြုစုနေသော အဖွားအို

လူသားတို့သည် ကွယ်လွန်ပြီးသောအခါ အရင်ဘဝက မိသားစုများတွင် ပြန်ဝင်စားကြတာမျိုး ကြားဖူးကြမည်ဟု ထင်ပါသည်။

သို့ဖြစ်၍ ကမ္ဘောဒီးယားနိုင်ငံမှ Khim Hang အမည်ရှိသော အသက် ၇၄ နှစ်အရွယ် အဖွားအိုသည် ပြီးခဲ့သည့်နှစ်က သူမ၏ချစ်လှစွာသော ခင်ပွန်းဖြစ်သူမှာ ကွယ်လွန်သွားခဲ့သည်။

 

မုဆိုးမဘဝနှင့် အထီးကျန်စွာ ကျင်လည်ခဲ့ရင်း မထင်မှတ်ပဲ ၅ လသားအရွယ် နွားပေါက်လေးကို တွေ့ရှိခဲ့ပြီး သေဆုံးသွားသော မိမိခင်ပွန်း ပြန်ဝင်စားသည်ဟု အကြွင်းမဲ့ယုံကြည်ကာ အိမ်တွင် ခေါ်ပြီး ပြုစုစောင့်ရှောက် ပေးခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံမှာလည်း အများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြ၍ သေပြီးသူ ပြန်ဝင်စားသည့်သဘာဝတရားကို လက်ခံ ယုံကြည်ထားကြသည်။

 

အဖွားအိုသည် နွားငယ်လေး၏ အချိူ့သော အပြုအမူများမှာ သူမ၏ ခင်ပွန်းနှင့် တူသည်ဟု ဆိုကာ အိပ်သည့်အခါတွင်လည်း ခင်ပွန်းမသေခင် အသုံးပြုခဲ့သော အိပ်ရာတွင်သာ အိပ်စေခဲ့ပြီး တကယ့်လူသားပမာ ဆက်ဆံ၍ ကျွေးမွေးပြုစုခဲ့သည်။

crd

Leave a Comment