တစ်ခါက စစ်ဘုရင်ကြီးတစ်ပါးရှိတယ်။ သူဟာ မြင်းကောင်းတွေကို ဝယ်ယူချင်တယ်။ မြင်းကောင်းတွေကိုလဲ ရွှေတွေဘယ်လောက်ပေးရပေးရ ဝယ်မယ့်သူပေါ့။ခက်တာက မြင်းကောင်းတွေကို ရှာလို့မတွေ့တာပဲ။မြင်းကောင်းတွေဟာ အလွန်ရှားပါးတယ်။
ပြီးတော့ မြင်းကောင်း တွေ့ရင်လဲ စစ်ဘုရင်တွေအားလုံးက လိုချင်တဲ့အတွက် ဝိုင်းလုဝယ်ကြတယ်။ မြင်းပိုင်ရှင်တွေက မြင်းကောင်းတွေ့ရင် ဖုံးကွယ်ထားကြပြီးတော့ သူတို့ကြိုက်တဲ့ ဘုရင်ကိုသာ ရောင်းကြတယ်။ဘုရင်ကြီးဟာ သူလျှိုတွေ လွှတ်ပြီးတော့ မြင်းကောင်းရဖို့ စုံစမ်းစေတယ်။
ဒါပေမယ့် လတွေသာကြာသွားတယ် သူ့လူတွေဟာ မြင်းကောင်းကို မရကြဘူး။ နောက်ဆုံး ဘုရင်ကြီးက စိတ်ပျက်နေတယ်။ အဲဒီအချိန်မှာပဲ ပညာရှိအမတ်ကြီးက သူမြင်းလိုက်ဝယ်မယ့် အကြောင်းကိုပြောတယ်။ ဘုရင်ကြီးဆီက ရွှေပြား ၁၀၀၀ တောင်းသွားတယ်။
အမတ်ကြီးထွက်သွားပြီး ၃လလောက်ကြာတဲ့အခါမှာ ပြန်ရောက်လာတယ်။ ဘုရင်ကြီးလဲ အရမ်းဝမ်းသာပြီး အမတ်ကြီး အိမ်ကို သွားတယ်။” ဘယ်လိုလဲ အ မတ်ကြီး မြင်းကောင်းရခဲ့လား ” လို့မေးတယ်။
” ရခဲ့ပါတယ် အရှင် အဲဒီမြင်းဟာ ဒဏ္ဍာရီထဲက မြင်းဖြစ်ပြီးတော့ မိုင်တစ်ထောင်အကွာ အဝေးကို တစ်နေ့ထဲနဲ့ ပြေးနိုင်ပါတယ်”ဘုရင်ကြီးလဲ မြင်းကိုလိုက်ကြည့်တယ်။ ဒါပေမယ့်တွေ့လိုက်ရတာက မြင်းမဟုတ်။ မြင်းအရိုးခေါင်းတစ်ခုသာဖြစ်တယ်။
ဘုရင်ကြီးဟာ စိတ်ဆိုးဆိုးနဲ့ အမတ်ကြီးကို ထောင်ချလိုက်တယ်။သိပ်မကြာခင်မှာ နန်းမြို့ကို မြင်းကုန်သည်တွေရောက်လာတယ်။ မြင်းကုန်သည်တွေက ” ဒီမြို့က ဘု ရင် ကြီးဟာ မြင်းကောင်းရဲ့ အရိုးကိုတောင် ရွှေအပြား ၁၀၀၀ ပေးပြီး ဝယ်တယ်။
တကယ့် အသက်ရှင်လျှက် မြင်းကောင်းဆိုလျှင်ပိုပေးမှာသေချာတယ် ” လို့ပြောဆိုကြသတဲ့။ဒီလိုနဲ့ ဘုရင်ကြီးဟာ မြင်းကောင်း အစီးနှစ်ဆယ်ကို ဝယ်ယူရရှိနိုင်လိုက်တာကြောင့် ကျေနပ်သွားခဲ့တယ်။ အမတ်ကြီးကိုလည်း ထောင်ကနေထုတ်ပြီးတော့ ဆုလဒ်များ ပေးသနားလိုက်ပါသတဲ့…။
Credit – မောင်စိုင်း
Zawgyi ဖြင့်ဖတ်ပါ