အလွန်လှပတဲ့အသွင်အပြင်ကြောင့် နာမည်ကြီးနေတဲ့ အသက် ၃၀ အရွယ် ထမင်းပေါင်းရောင်းနေတဲ့ မိန်းကလေး

အလွန်လှပတဲ့အသွင်အပြင်ကြောင့် နာမည်ကြီးနေတဲ့ အသက် ၃၀ အရွယ် ထမင်းပေါင်းရောင်းနေတဲ့ မိန်းကလေး

 

ထမင်းပေါင်း ပူပူနွေးနွေး ရောင်းနေတဲ့ ကောင်မလေးရဲ့ ပြောင်မြောက်တဲ့ အလှက တစ်ချိန်မှာ အင်တာနက်သုံးစွဲသူတွေကို အံ့အားသင့်စေခဲ့ပါတယ် ။ သူမရဲ့ အလွန်လှပတဲ့ ပုံရိပ်တွေကြောင့် လူသိများတဲ့ Luu Hoai Bao Chi ဟာ ၈ နှစ်ကြာပြီးနောက် သူမရဲ့ အလှတရားက အဆင့်တိုးလာတာကြောင့် အင်တာနက်သုံးစွဲသူတွေ မငြိမ်မသက်ဖြစ်နေဆဲပါ ။

အသက် 30 မှာတောင် Chi က အရမ်းနုပျိုပြီး ဆွဲဆောင်မှုရှိနေတာကို သတိပြုမိပါတယ် ။ သူမရဲ့ ထမင်းပေါင်းရောင်းတဲ့ပုံ ပေါ်လာပြီးနောက်ပိုင်း Chi ရဲ့ အလှကို ယောက်ျားလေးတော်တော်များများက လိုက်ရှာခဲ့ကြပါတယ် ။ လှပပြီး ချစ်စရာကောင်းတဲ့ အသွင်အပြင်ကြောင့် Bao Chi ဟာ ဖိုရမ်အများစုရဲ့ အာရုံစိုက်မှုကို ချက်ချင်းခံခဲ့ရပါတယ် ။

 

 

နာမည်ကြီး အခိုက်အတန့် အပြီးမှာတော့ Bao Chi ဟာ ခင်ပွန်းဟောင်းနဲ့ ကွာရှင်းပြီး အသက်မွေးဝမ်းကျောင်းပြုဖို့ ဆိုင်ဂုံကို သွားခဲ့တာ ဖြစ်ပါတယ် ။ သူမဟာ အခုဆို အသက် 30 ရှိနေပြီဖြစ်ပေမယ့် သေးသွယ်ပြီး နုပျိုတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားဆဲပါ ။ သူမရဲ့ကိုယ်ပိုင် page မှာ Bao Chi ရဲ့ မူရင်းအလှက လှပလွန်းတာကြောင့် အင်တာနက်အသုံးပြုသူတွေကို သဘောကျစေခဲ့တဲ့ ဓာတ်ပုံလေးတွေကို အဆက်မပြတ်မျှဝေပေးခဲ့ပါတယ် ။

 

 

Follower 10,000 နီးပါးရှိတဲ့ ” ထမင်းပေါင်း ပူပူနွေးနွေးမိန်းကလေး” ရဲ့ ပို့စ်အများစုက အပြန်အလှန် ဆက်သွယ်မှုများစွာရရှိကြပါတယ် ။ သုံးစွဲသူတော်တော်များများက သူမရဲ့ အလှကို ချီးမွမ်းတဲ့ မှတ်ချက်တွေကို ဆက်တိုက်ဆိုသလို ရေးသားခဲ့ကြပါတယ် ။ Chi က လက်ရှိမှာ အလှကုန်ပစ္စည်းများကို ရောင်းချနေတဲ့ မိခင်တစ်ဦးဖြစ်ကြောင်း သိရှိရပါတယ် ။

Zawgyi




 

 


 

 


Leave a Comment