ဂျပန်နိုင်ငံရဲ့ အသက်အငယ်ဆုံးနဲ့ အလှပဆုံးထရပ်ကားမောင်းသူတစ်ယောက်ဖြစ်လာခဲ့သော ရိုးရာအကသင်ဆရာမလေး
နိုင်ငံတကာရှိ ခရီးရှည်ထွက်ရသော ထရပ်ကားမောင်းသူအများစုမှာ အမျိုးသားများသာ ဖြစ်သော်လည်း ဂျပန်နိုင်ငံမှ အသက်၂၁နှစ်အရွယ် မိန်းကလေးသည် အမျိုးသားများနှင့်ရင်ဘောင်တန်းကာ အချောမောဆုံး ထရပ်ကားမောင်းသူတစ်ယောက်အဖြစ် ရပ်တည်လျက်ရှိသည်။
မိန်းကလေးသည် ရိုးရာအကသင်ပေးသည့် ဆရာမတစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူမှာ ထရပ်ကားမောင်းခြင်းဖြင့် အသက်မွေး၀မ်းကျောင်းပြုနေရင်း အသက်အရွယ်လည်း အိုမင်းလာပြီဖြစ်၍ နေမကောင်းဖြစ်ခဲ့ရာ သမီးဖြစ်သူမှ သူမရဲ့ဝါသနာပါရာအလုပ်ကို စွန့်လွှတ်ခဲ့ပြီး ယာဥ်မောင်းလောကထဲသို့ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
မိန်းကလေးသည် ယာဥ်မောင်းလိုင်စင်ရပြီးတာနဲ့ ဖခင်ဖြစ်သူမှ ဘေးကနေအဖော်လိုက်ပေးပြီး သူမက ထရပ်ကားကြီးအား ဦးဆောင်ပြီးမောင်းကာ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တို့ကို နိုင်ငံနေရာအနှံ့အပြားသို့ သယ်ယူပို့ဆောင်ပေးရခြင်းဖြင့် တစ်နှစ်လျှင် ကီလိုမီတာ ၂၀၀၀၀၀မောင်းနှင်ခဲ့ရသည်။
မိန်းကလေးသည် ထရပ်ကားကြီးအား မောင်းနှင်ခြင်းဖြင့် အမျိုးသားများကပင် အားကျရကာ ချီးကျူးခြင်းတွေနှင့်အတူ နာမည်ကြီးရေပန်းစားလာခဲ့သည်။
Zawgyi
ဂ်ပန္ႏိုင္ငံရဲ႕ အသက္အငယ္ဆုံးနဲ႔ အလွပဆုံးထရပ္ကားေမာင္းသူတစ္ေယာက္ျဖစ္လာခဲ့ေသာ ႐ိုးရာအကသင္ဆရာမေလး
ႏိုင္ငံတကာရွိ ခရီးရွည္ထြက္ရေသာ ထရပ္ကားေမာင္းသူအမ်ားစုမွာ အမ်ိဳးသားမ်ားသာ ျဖစ္ေသာ္လည္း ဂ်ပန္ႏိုင္ငံမွ အသက္၂၁ႏွစ္အ႐ြယ္ မိန္းကေလးသည္ အမ်ိဳးသားမ်ားႏွင့္ရင္ေဘာင္တန္းကာ အေခ်ာေမာဆုံး ထရပ္ကားေမာင္းသူတစ္ေယာက္အျဖစ္ ရပ္တည္လ်က္ရွိသည္။
မိန္းကေလးသည္ ႐ိုးရာအကသင္ေပးသည့္ ဆရာမတစ္ေယာက္ျဖစ္ၿပီး ဖခင္ျဖစ္သူမွာ ထရပ္ကားေမာင္းျခင္းျဖင့္ အသက္ေမြး၀မ္းေက်ာင္းျပဳေနရင္း အသက္အ႐ြယ္လည္း အိုမင္းလာၿပီျဖစ္၍ ေနမေကာင္းျဖစ္ခဲ့ရာ သမီးျဖစ္သူမွ သူမရဲ႕ဝါသနာပါရာအလုပ္ကို စြန္႔လႊတ္ခဲ့ၿပီး ယာဥ္ေမာင္းေလာကထဲသို႔ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။
မိန္းကေလးသည္ ယာဥ္ေမာင္းလိုင္စင္ရၿပီးတာနဲ႔ ဖခင္ျဖစ္သူမွ ေဘးကေနအေဖာ္လိုက္ေပးၿပီး သူမက ထရပ္ကားႀကီးအား ဦးေဆာင္ၿပီးေမာင္းကာ အသီးအႏွံႏွင့္ ဟင္းသီးဟင္း႐ြက္တို႔ကို ႏိုင္ငံေနရာအႏွံ႔အျပားသို႔ သယ္ယူပို႔ေဆာင္ေပးရျခင္းျဖင့္ တစ္ႏွစ္လွ်င္ ကီလိုမီတာ ၂၀၀၀၀၀ေမာင္းႏွင္ခဲ့ရသည္။
မိန္းကေလးသည္ ထရပ္ကားႀကီးအား ေမာင္းႏွင္ျခင္းျဖင့္ အမ်ိဳးသားမ်ားကပင္ အားက်ရကာ ခ်ီးက်ဴးျခင္းေတြႏွင့္အတူ နာမည္ႀကီးေရပန္းစားလာခဲ့သည္။