စိတ်မနှံ့ပေမယ့် မိခင်အိုကြီးကို လုပ်ကျွေးနေတဲ့သားကြီးကို ဘာလို့ မိခင်ကို လုပ်ကျွေးနေတာလဲ ဟုမေးလိုက်သောအခါ
သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိဘူးဆိုသလို၊ မိခင်ဆိုးဖခင်ဆိုးဆိုရင်လည်း သားသမီးတွေနဲ့ ဆိုင်ပါတယ် ။ မိဘနဲ့သားသမီးတွေဆိုတာ တစ်ဦးနဲ့တစ်ဦး ပစ်ပယ်ဖို့မသင့်တဲ့ အရင်းနီးဆုံးသော လူသားတွေဖြစ်ကြပါတယ်။ အခုလည်း အသက်(၅၀)အရွယ်သားကြီးတစ်ယောက် မိခင်ကို တစ်ဦးတည်း လုပ်ကျွေးနေရပါတယ်။
သူကိုယ်တိုင်က ဇရာဘက်ကို ခြေတစ်လှမ်း လှမ်းလာနေပြီဖြစ်တဲ့ သားကြီးဟာ သူ့ရဲ့အသက်(၉၀)အရွယ် မိခင်ကြီးကို ပြုစုလုပ်ကျွေးနေရတာပါ။ သားဖြစ်သူဟာ စိတ်လည်း သိပ်မနှံ့ပေမယ့် သူ့မှာ မိဘကို ပြုစုလုပ်ကျွေးမယ်ဆိုပြီး အသိစိတ်ဓာတ်ရှိနေတာ အလွန် ချီးကျူးစရာပါ။
“ဘာလို့ မိခင်ကြီးကို လုပ်ကျွေးနေတာလဲ ” အမေးခံရတိုင်း ” ကျုပ်အမေမို့ပေါ့ကျုပ်က သူ့သားမို့… သူ့ကို လုပ်ကျွေးဖို့ ဝတ္တရားအပြည့်ရှိတယ် “လို့ ပြောခဲ့ပါတယ်။ ဒီစကားဟာ စိတ်မနှံ့ဘူးဆိုတဲ့လူတစ်ယောက်ဆီက စကားဆိုပေမယ့် မိဘတွေ ကိုယ့်အပေါ်တာဝန်ကျေခဲ့သလောက် ကိုယ်က တာဝန်မကျေနိုင်ရင်တောင်…
မိဘတွေ အိုမင်းမစွမ်းဖြစ်လာခဲ့အခါ ကိုယ်က ပြုုစုလုပ်ကျွေးရမယ့် ဝတ္တရားကိုတော့ သားသမီးတိုင်း ယူသင့်တယ်လို့ ထောက်ပြခဲ့တဲ့ စကားပါ။ သူက ” ငွေဝင်ကတော့ မကောင်းဘူး … ဒါပေမယ့် ကျုပ်အမေ ထမင်းဝမှ ကျုပ်က စားမှာ “လို့ ပြောပါတယ်။
အသက်(၉၀)အရွယ် မိခင်အိုကြီးမှာ သားသမီး(၅)ယောက် ရှိခဲ့ပါတယ် ။ (၂)ယောက်က သေသွားပြီ ဖြစ်ပြီး၊ အခြားနှစ်ယောက်က သူတိုနဲ့အဝေးတစ်နေရာမှာ ကိုယ်ပိုင်မိသားစုတွေနဲပါ။ မိခင်ကြီးကတော့ စိတ်သိပ်မနှံ့တဲ့ အငယ်ဆုံးသားနဲ့သာ ကျန်နေရစ်ရှာပါတယ်။
စိတ်မနှံ့သူဆိုတော့ ဘယ်သူမှ အလုပ်မပေးချင်ကြပါဘူး။ ဒါကြောင့် သူဟာ စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက်ပြီး၊ ငွေရှာရပါတယ်။ အမှိုက်ကောက်တဲ့သူဆိုတော့ သူများတွေလောက် ပိုက်ဆံရဖို့ ဘယ်လွယ်မလဲ။ ဒီလိုပဲ အမှိုက်ကို ပြန်ဝယ်တဲ့လူတွေကလည်း သူ့ကို လူအမို့ ဈေးနှိမ်ကြပါတယ်။ ဒါပေမယ့် အမေ့ကို ထမင်း အငတ်မခံပါဘူး။
မိခင်က အစာအမာ စားဖို့မလွယ်တဲ့အရွယ်မို့ နွားနို့ဆန်ပြုတ်တို့၊ သစ်သီးဖျော်ရည်တို့ကို ရှာကြံလုပ်ကျွေးရှာပါတယ်။ မိခင်ကြီးကို မကြာခဏ သန့်ရှင်းရေးလုပ်ပေးပါတယ်။ သူတို့သားအမိဟာ ဗီယက်နမ်က လူဆင်းရဲရပ်ကွက်မှာ နေရ
ပါတယ်။ သားဖြစ်သူရဲ့လုပ်ရပ်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ငွေရေးကြေးရေးအရ အကူအညီတွေရနိုင်မယ်လို့ မှန်းဆရပါတယ်။
Unicode

Credit