ချစ်သူမိန်းကလေးတွေဆီကနေ လှည့်စားတာခံရပြီးနောက် စိတ်ကုန်ကာ အိမ်တွင်မွေးထားသော ဆိတ်မလေးနှင့် လက်ထပ်ခဲ့သည့် ကောင်လေး

ချစ်သူမိန်းကလေးတွေဆီကနေ လှည့်စားတာခံရပြီးနောက် စိတ်ကုန်ကာ အိမ်တွင်မွေးထားသော ဆိတ်မလေးနှင့် လက်ထပ်ခဲ့သည့် ကောင်လေး

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။


 

 





 


 

 

 



 



 


Credit

Unicode

ချစ်သူမိန်းကလေးတွေဆီကနေ လှည့်စားတာခံရပြီးနောက် စိတ်ကုန်ကာ အိမ်တွင်မွေးထားသော ဆိတ်မလေးနှင့် လက်ထပ်ခဲ့သည့် ကောင်လေး
ဖိလစ်ပိုင်နိုင်ငံမှ အသက် ၂၅ နှစ် အရွယ် ကောင်လေးသည် ရုပ်ရည် ချောမောပြီး အရမ်း ချစ်တတ်လွန်းသူ ဖြစ်သော်လည်း

တွဲလိုက်သည့် မိန်းကလေးတွေက တကယ် မချစ်ဘဲ ခဏခဏ ထားခဲ့၍ ရည်းစားထားရမှာကို စိတ်ကုန်လာခဲ့သည်။

ကောင်လေးသည် ချစ်သူလေးနဲ့ အဆင်မပြေတိုင်း အိမ်မွေးတိရစ္ဆာန် ဖြစ်သည့် ဆိတ်မလေးဆီမှာသာ

ဝမ်းနည်း ကြေကွဲစွာ ရင်ဖွင့်တာမျိုး လုပ်လေ့ ရှိကာ ဆိတ်မလေးသည် နားလည်သည့်ဟန်နှင့်

ကောင်လေး အနားတွင် တိတ်ဆိတ် ငြိမ်သက်စွာနေပေးခဲ့ရာ နောက်ဆုံးတွင် ဆိတ်မလေးနှင့် မေတ္တာ မျှခဲ့သည်။

ကောင်လေးသည် သူ့ဘဝအတွက် သေချာ စဥ်းစားကြည့်ပြီး ဆိတ်မလေးက သူ့ကို ဘယ်တော့မှ

ထားသွားမှာ မဟုတ်ဘူး ဆိုတာကို အကြွင်းမဲ့ ယုံကြည်ချက်နှင့်အတူ လက်ထပ်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် မင်္ဂလာပွဲနေ့တွင် ဆိတ်မလေးအား သတို့သမီး အဝတ်အစားလေး ဝတ်ပေးထားပြီး ဦးချိုတွင်

ကလစ်လေးတပ်ကာ နှုတ်ခမ်းနီ ရဲရဲလေးပါ ဆိုးပေးထားပြီး အလှဆုံး အပြင်အဆင်နှင့် မင်္ဂလာပွဲအား

ပျော်ရွှင်စွာ ကျင်းပခဲ့ခြင်းဖြင့် လူမှုကွန်ယက်ထိပါ ပျံ့နှံ့လာခဲ့ပြီး ဝေဖန်ချက်များစွာ ပေးခဲ့ကြသည်။

Credit

Leave a Comment