ရေနစ်နေတဲ့ကြောင်လေးတစ်ကောင်အား လူသားဆန်စွာဖြင့် အတူပူးပေါင်းကယ်တင်ပေးခဲ့ကြသူများ

ရေနစ်နေတဲ့ကြောင်လေးတစ်ကောင်အား လူသားဆန်စွာဖြင့် အတူပူးပေါင်းကယ်တင်ပေးခဲ့ကြသူများ

တိရိစ္ဆာန်တစ်ကောင်အား ကယ်တင်ပေးလိုက်ခြင်းက နှလုံးသားကိုနွေးထွေးသွားတဲ့အဖြစ်အပျက်ဖြစ်စေရုံသာမက မလေးရှားအမျိုးသားတစ်ဦး ၊ ရဲတစ်ဦး နှင့် စစ်သားတစ်ဦးတို့ရဲ့လုပ်ဆောင်မှုဟာ အတူတကွလက်တွဲပြီး အတူတကွ ရေနစ်သေဆုံးခြင်းကို ကာကွယ်ရန်ဘဲ ဖြစ်ပါတယ်။Facebook ပေါ်ရှိ Friends of PDRM group မှ တင်ထားခဲ့တဲ့၎င်းဓါတ်ပုံများနှင့်အတူ ၎င်းအကြောင်းအရာကို ၂၀၂၁ မတ်လ ၉ ရက် အင်္ဂါနေ့မှာ တင်ခဲ့ပြီး ၎င်းသတင်းဟာ လူသိများလာခဲ့ပါတယ်။

“ ချစ်ခင်တွယ်တာမှုက လူသားအချင်းချင်း သာမက သက်ရှိသတ္တဝါအားလုံးကြားမှာလည်း ရှိပါတယ် ။ Beseri ရဲစခန်းမှ L / Kpl Michael အမည်ရှိရဲသား ၊ Perlis အမည်ရှိ Rela အဖွဲ့ဝင် နှင့် ကြောင်လေးကိုကယ်တင်ရာမှာ အတူတကွလုပ်ဆောင်ပေးခဲ့တဲ့ အရပ်သားအမျိုးသားတစ်ဥဦးတို့အား ကျေးဇူးအထူးတင်ရှိပါတယ် ” လို့ caption မှာ ရေးသားထားပါတယ်။

မလေးရှား အရပ်သားအမျိုးသားတစ်ဦး၊ ရဲတစ်ဦး နှင့် RELA အဖွဲ့ဝင်တစ်ဦးတို့ဟာကြောင်တစ်ကောင်ရဲ့ရေနစ်သေဆုံးမှုမှကာကွယ်နိုင်ရန် အတူတကွပူးပေါင်းဆောင်ရွက်ရင်း စတန့်တွေပါ လုပ်နေတာကို တွေ့မြင်ရမှာပါ။

ဓာတ်ပုံများအရ အရပ်သားနှင့် ရဲတစ်ဦး တို့ဟာ ကြောင်ကိုကယ်တင်ရန် ရေကန်သို့ဦးတည်နေတဲ့ RELA အဖွဲ့ဝင်တစ်ဦးရဲ့လက်အားဆွဲထားပေးနေပုံကိုတွေ့ရမှာပါ။ထို့နောက် ရဲသားဟာ RELA အဖွဲ့ဝင်ရဲ့ အကူအညီဖြင့် ကြောင်ကိုအမှိုက်ပုံးဖြင့် ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပါတယ်။

၎င်း post ဟာ တစ်ရက်မပြည့်ခင်မှာ shares ၉၂၁ ခု နှင့် likes ၉၁၀၀ ကျော်အထိ ရရှိခဲ့ပါတယ်။ Netizen များက အဆိုပါအမျိုးသားသုံးဥဦးတို့အား အတူတကွ အလုပ်လုပ်ခြင်းနှင့် လူသားတို့ရဲ့ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ခြင်းအတွက်ပါ ချီးကျူးပြောဆိုခဲ့ကြပါတယ်။

crd

 

Leave a Comment