ဆေးကုသမှုခံယူရန် ငွေကြေးမတတ်နိုင်တာကြောင့် ငွေရဖို့အတွက် သူစိမ်းတွေကို သီချင်းသီဆိုပြလေ့ရှိတဲ့ ကောင်လေး (ရုပ်သံ)
ဖိလစ်ပိုင်နိုင်ငံက လူငယ်လေးတစ်ဦးဟာ သူ့ရဲ့ ရွှေရောင်အသံကြောင့် လူကြိုက်များပြီး သဘောကျနေကြပါတယ် ။
ဆိုရှယ်မီဒီယာသုံးစွဲသူ Elisa Regalario Secillano မှ မျှဝေထားတဲ့ ပို့စ်တစ်ခုအရ Sta မြို့ရှိ Robinson’s Mall ရဲ့ food court မှာ သူတို့အဖွဲထမင်းစားနေစဉ်
ထိုလူငယ်လေးက သူတို့အဖွဲ့နဲ့ချဉ်းကပ်ခဲ့ပြီး Rosaနဲ့ Laguna က အစပိုင်းမှာ ကောင်လေးကို လျစ်လျူရှုခဲ့ကြပေမယ့်
Elisa ရဲ့သူငယ်ချင်းတစ်ယောက်က Tristan Dynel Gogit လို့ခေါ်တဲ့ ထိုကောင်လေးဟာ ပုံမှန်ကျောက်ကပ်ဆေးရန်လိုအပ်တာကြောင့်
ဆေးကုသမှုခံယူရန် သူစိမ်းတွေကို သီချင်းများသီဆိုပြတယ်ဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ် ။
ကောင်လေးကလည်း သူ့မိဘတွေက ခွဲခွာပြီး သူ့မှာညီငယ်တွေရှိနေတာကြောင့် သူ့ကိုဆေးရုံပို့ဖို့ ငွေအလုံအလောက်မရှိခဲ့ပါဘူး ။
ဒါ့ကြောင့် သူက သူကိုယ်တိုင် Dialysis စင်တာသို့ သွားခဲ့တယ်လို့ ဆိုပါတယ် ။ အဲဒီမှာ သူကတစ်ခါတစ်လေ အော်ပရေတာတွေကို သီချင်းအခမဲ့ဆိုသလို
သူတို့က သူ့ကိုအခမဲ့ ဆေးစစ်ပေးကြပါတယ် ။ ကောင်လေးကို သနားသောအားဖြင့် Elisa တို့အဖွဲ့က ကောင်လေးကို ငွေပေးပြီး သီချင်းဆိုခွင့်ပြုခဲ့ပါတယ် ။
ကောင်လေးက“ Hesus” ဆိုတဲ့ ဓမ္မတေးသီချင်းကို စတင်သီဆိုတဲ့အခါ ထိုအဖွဲ့က သဘောကျသွားခဲ့ပါတယ် ။
Elisa က သီချင်းဆိုနေတဲ့ ကောင်လေးကို Video ရိုက်ထားပြီး ၎င်းကို Facebook မှာ မျှဝေလိုက်ပါတယ် ။
Tristan သီချင်းဆိုပြီးတဲ့အခါ Elisa နဲ့ သူမရဲ့သူငယ်ချင်းတွေက သူ့ကိုဆေးဝယ်ဖို့ ငွေလေးတွေ တစ်ယောက်နည်းနည်းပေးခဲ့ပြီး ကောင်လေးကို သူခံစားနေရတဲ့ ရောဂါတွေပျောက်ကင်းပြီး ခက်ခဲတဲ့ ဘဝမှ လွတ်မြောက်နိုင်ရန် မျှော်လင့်နေကြပါတယ် ။
ရုပ်သံကြည့်ရန်
crd