ပိုက္ဆံ ဝင္ခါနီးျပီဆိုရင္… ျပေလ့ရွိတဲ့ ေရွ႕ေျပးနိမိတ္ အိမ္မက္ (၇)မ်ိဳး
အိမ္မက္ အမ်ိဳးမ်ိဳး ရွိပါတယ္။ တစ္ခ်ိဳ႕အိမ္မက္ေတြက ေရွ႕မွာျဖစ္လာေတာ့မယ့္ အရာေတြကို နိမိတ္ျပတဲ့ အိမ္မက္မ်ိဳးေတြ ရွိပါတယ္။
ဒီလိုအရာေတြကို မယုံၾကည္တဲ့ လူမ်ိဳးေတြ ရွိေကာင္း ရွိႏိုင္ေပမယ့္… အျပင္မွာ တကယ္လည္းျဖစ္ခဲ့၊ ရွိခဲ့တယ္ဆိုတဲ့ သာဓကေတြ
အ မ်ားႀကီး ရွိပါတယ္။ ပိုက္ဆံ ဝင္ခါနီးရင္ ဘယ္လို အိမ္မက္မ်ိဳးေတြ မက္ေလ့ရွိလဲ ဆိုတာကို ခ်စ္ပရိတ္သတ္ႀကီးအတြက္ ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…။
“ႏို႔ (ဒါမွ မဟုတ္) ပ်ားရည္ ”
အိမ္မက္ထဲမွာ ႏို႔ေတြကိုမက္တာ ဒါမွမဟုတ္ ပ်ားရည္ကို မက္တာမ်ိဳးက မၾကာခင္မွာ ေငြဝင္ေတာ့မယ္ဆိုတဲ့ နိမိတ္ပါပဲ။ ဥပမာ…
ပ်ားအုံႀကီးကို ပ်ားရည္ ညႇစ္တာမ်ိဳး၊ ႏြားႏို႔ ညႇစ္တာမ်ိဳး၊ ႏို႔ေတြက လမ္းေတြေပၚ မွာ ဖုံးလႊမ္းေနတာ မ်ိဳး… အစရွိတဲ့ အိမ္မက္မ်ိဳးပါ။
“ေ႐ႊ နဲ႔ လက္ဝတ္ ရတနာ”
ေ႐ႊဆိုတာက ခ်မ္းသာႂကြယ္ဝမႈရဲ႕ လကၡာဏာ တစ္ခုပါ။ ကိုယ့္ရဲ႕ အိမ္မက္ထဲမွာ ေ႐ႊေတြကို ျမင္မက္ရင္လည္း… ဒါဟာ မၾကာခင္မွာ ခ်မ္းသာေတာ့မယ္ ဆိုတဲ့ ေရွ႕ေျပးနမိတ္ ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့…
အိမ္မက္ထဲမွာ နားကပ္ ပန္ရတယ္၊ လက္စြပ္ေတြ ဝတ္ရတယ္ဆိုၿပီး မက္တာမ်ိဳးပါ။ အဲ့လို မက္ေနၿပီဆိုရင္ေတာ့ မၾကာခင္မွာ သင္ဝင္ေငြရေတာ့မွာပါ။
ဥပမာ… အိမ္မက္ထဲမွာ ေ႐ႊေခ်ာင္းေတြ၊ ေ႐ႊတုံးေတြ ရွိတဲ့ေနရာ တစ္ရာကိုေရာက္တာမ်ိဳး၊ လက္ေဆာင္ ရတာမ်ိဳး၊ နားကပ္ေတြ ပန္ရတယ္လို႔ အိမ္မက္ မက္တာမ်ိဳးပါ။
“နံပါတ္ (၈)”
ဂဏန္း နံပါတ္ (၈) က တ႐ုတ္နဲ႔ အာရွႏိုင္ငံေတြမွာ ဆိုရင္… ကံေကာင္းေစတဲ့ နံပါတ္ေတြလို႔ သတ္မွတ္ခံထားရတာပါ။ ဒါေပမယ့္ ျမန္မာမွာေတာ့… (၈) ဂဏန္းက မ ေကာင္းဘူးဆိုတဲ့
အယူအဆ တစ္ခ်ိဳ႕ေတာ့ ရွိပါတယ္။ ဒါေပမယ့္လည္း (၈) က ေငြ၀င္ခါနီးရင္ ေတြ႕ရတတ္တဲ့ ေရွ႕ေျပးအရာေတြထဲက တစ္ခုပါ။ (၈) ဂဏန္းကို မက္ၿပီ ဆိုရင္ေတာ့ သင္မၾကာခင္ ေငြကံေကာင္းေတာ့မွာ ျဖစ္ပါတယ္။
“လင္းယုန္”
လင္းယုန္ ကို မက္တာကလည္း ေငြဝင္မယ့္ ေရွ႕ေျပးနမိတ္ အိမ္မက္ပါ။ လင္းယုန္က ေတာ့ ရဲရင့္မႈ၊ သတၱိရွိမႈ ကို ကိုယ္စား ျပဳတဲ့ တိရစာၦန္ပါ။ ဂရိ ဒ႑ာရီမွာ ဆိုရင္… လင္းယုန္က
Zeus နတ္ဖုရားရဲ႕ ကူညီ ပံ့ပိုးသူအျဖစ္ လက္ခံ ယုံၾကည္ၾကပါတယ္။ လင္းယုန္ကို အိမ္မက္မက္ရင္ ေငြဝင္မယ္၊ ႀကံစည္သမွ် ေအာင္ျမင္မယ္ဆိုတဲ့… အယူ ရတယ္။
“မစင္ နဲ႔ ပိုက္ဆံ”
မစင္က ႐ြံ႕စရာလို႔ ထင္ေပမယ့္… သူ႔ကို အိမ္မက္မက္ရင္ေတာ့ ေငြဝင္တတ္ပါတယ္။ မစင္တြင္းထဲက်တာ၊ ခ်ီးပုံ နင္းမိတာ၊ ခ်ီးေတြကို ေတြ႕တာမ်ိဳးေတြ ျမင္ရင္… မၾကာခင္မွာ ေငြဝင္တတ္ပါတယ္။
ေနာက္တစ္ခုကေတာ့… ပိုက္ဆံပါ။ ပိုက္ဆံေတြကို အိမ္မက္ထဲမွာ အပုံလိုက္ မက္ရင္လည္း အျပင္မွာပါ ေငြဝင္တတ္ပါတယ္။
“ဂ်ဳံ၊ စပါး”
ဒါေတြကေတာ့အ ေျခခံမရွိမျဖစ္ စားေသာက္ကုန္ လို႔ ေျပာလို႔ ရပါတယ္။ ဂ်ဳံ၊ စပါး ဆိုတာမ်ိဳး က ခ်မ္းသာျခင္း၊ေပ်ာ္႐ႊင္မႈကို ကိုယ္စားျပဳတဲ့ အရာေတြပါ။ ဒါေၾကာင့္ သူတို႔ကို အိမ္မက္ မက္ရင္လည္း ကံေကာင္းတတ္၊ ေငြဝင္ တတ္ပါတယ္။
“အေကာင္ေတြ”
တိရစာၦန္ထဲမွာဆိုရင္ေတာ့… ႏြား၊ ဆင္ေတြ၊ ျမင္းေတြကို မက္တာကလည္း ေငြဝင္မယ္ဆိုတဲ့ ေရွ႕ေျပး လကၡဏာပဲ ျဖစ္ပါတယ္။ ငွက္ဆိုရင္… ၾကက္တူေ႐ြး၊ ေႁမြ၊ ပ်ား၊ ကင္းျမႇီးေကာက္၊ ႂကြက္တို႔ကို မက္ရင္လည္း ေငြဝင္တတ္ပါတယ္ေနာ္။
စာဖတ္သူအပါင္းလည္း ေပ်ာ္႐ႊင္စရာ ေန႔ရက္ေလးျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။
Unicode
ပိုက်ဆံ ဝင်ခါနီးပြီဆိုရင်… ပြလေ့ရှိတဲ့ ရှေ့ပြေးနိမိတ် အိမ်မက် (၇)မျိုး
အိမ်မက် အမျိုးမျိုး ရှိပါတယ်။ တစ်ချို့အိမ်မက်တွေက ရှေ့မှာဖြစ်လာတော့မယ့် အရာတွေကို နိမိတ်ပြတဲ့ အိမ်မက်မျိုးတွေ ရှိပါတယ်။
ဒီလိုအရာတွေကို မယုံကြည်တဲ့ လူမျိုးတွေ ရှိကောင်း ရှိနိုင်ပေမယ့်… အပြင်မှာ တကယ်လည်းဖြစ်ခဲ့၊ ရှိခဲ့တယ်ဆိုတဲ့ သာဓကတွေ
အ များကြီး ရှိပါတယ်။ ပိုက်ဆံ ဝင်ခါနီးရင် ဘယ်လို အိမ်မက်မျိုးတွေ မက်လေ့ရှိလဲ ဆိုတာကို ချစ်ပရိတ်သတ်ကြီးအတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်…။
“နို့ (ဒါမှ မဟုတ်) ပျားရည် ”
အိမ်မက်ထဲမှာ နို့တွေကိုမက်တာ ဒါမှမဟုတ် ပျားရည်ကို မက်တာမျိုးက မကြာခင်မှာ ငွေဝင်တော့မယ်ဆိုတဲ့ နိမိတ်ပါပဲ။ ဥပမာ…
ပျားအုံကြီးကို ပျားရည် ညှစ်တာမျိုး၊ နွားနို့ ညှစ်တာမျိုး၊ နို့တွေက လမ်းတွေပေါ် မှာ ဖုံးလွှမ်းနေတာ မျိုး… အစရှိတဲ့ အိမ်မက်မျိုးပါ။
“ရွှေ နဲ့ လက်ဝတ် ရတနာ”
ရွှေဆိုတာက ချမ်းသာကြွယ်ဝမှုရဲ့ လက္ခာဏာ တစ်ခုပါ။ ကိုယ့်ရဲ့ အိမ်မက်ထဲမှာ ရွှေတွေကို မြင်မက်ရင်လည်း… ဒါဟာ မကြာခင်မှာ ချမ်းသာတော့မယ် ဆိုတဲ့ ရှေ့ပြေးနမိတ် ဖြစ်ပါတယ်။ နောက်တစ်ခုကတော့…
အိမ်မက်ထဲမှာ နားကပ် ပန်ရတယ်၊ လက်စွပ်တွေ ဝတ်ရတယ်ဆိုပြီး မက်တာမျိုးပါ။ အဲ့လို မက်နေပြီဆိုရင်တော့ မကြာခင်မှာ သင်ဝင်ငွေရတော့မှာပါ။
ဥပမာ… အိမ်မက်ထဲမှာ ရွှေချောင်းတွေ၊ ရွှေတုံးတွေ ရှိတဲ့နေရာ တစ်ရာကိုရောက်တာမျိုး၊ လက်ဆောင် ရတာမျိုး၊ နားကပ်တွေ ပန်ရတယ်လို့ အိမ်မက် မက်တာမျိုးပါ။
“နံပါတ် (၈)”
ဂဏန်း နံပါတ် (၈) က တရုတ်နဲ့ အာရှနိုင်ငံတွေမှာ ဆိုရင်… ကံကောင်းစေတဲ့ နံပါတ်တွေလို့ သတ်မှတ်ခံထားရတာပါ။ ဒါပေမယ့် မြန်မာမှာတော့… (၈) ဂဏန်းက မ ကောင်းဘူးဆိုတဲ့
အယူအဆ တစ်ချို့တော့ ရှိပါတယ်။ ဒါပေမယ့်လည်း (၈) က ငွေဝင်ခါနီးရင် တွေ့ရတတ်တဲ့ ရှေ့ပြေးအရာတွေထဲက တစ်ခုပါ။ (၈) ဂဏန်းကို မက်ပြီ ဆိုရင်တော့ သင်မကြာခင် ငွေကံကောင်းတော့မှာ ဖြစ်ပါတယ်။
“လင်းယုန်”
လင်းယုန် ကို မက်တာကလည်း ငွေဝင်မယ့် ရှေ့ပြေးနမိတ် အိမ်မက်ပါ။ လင်းယုန်က တော့ ရဲရင့်မှု၊ သတ္တိရှိမှု ကို ကိုယ်စား ပြုတဲ့ တိရစ္ဆာန်ပါ။ ဂရိ ဒဏ္ဍာရီမှာ ဆိုရင်… လင်းယုန်က
Zeus နတ်ဖုရားရဲ့ ကူညီ ပံ့ပိုးသူအဖြစ် လက်ခံ ယုံကြည်ကြပါတယ်။ လင်းယုန်ကို အိမ်မက်မက်ရင် ငွေဝင်မယ်၊ ကြံစည်သမျှ အောင်မြင်မယ်ဆိုတဲ့… အယူ ရတယ်။
“မစင် နဲ့ ပိုက်ဆံ”
မစင်က ရွံ့စရာလို့ ထင်ပေမယ့်… သူ့ကို အိမ်မက်မက်ရင်တော့ ငွေဝင်တတ်ပါတယ်။ မစင်တွင်းထဲကျတာ၊ ချီးပုံ နင်းမိတာ၊ ချီးတွေကို တွေ့တာမျိုးတွေ မြင်ရင်… မကြာခင်မှာ ငွေဝင်တတ်ပါတယ်။
နောက်တစ်ခုကတော့… ပိုက်ဆံပါ။ ပိုက်ဆံတွေကို အိမ်မက်ထဲမှာ အပုံလိုက် မက်ရင်လည်း အပြင်မှာပါ ငွေဝင်တတ်ပါတယ်။
“ဂျုံ၊ စပါး”
ဒါတွေကတော့အ ခြေခံမရှိမဖြစ် စားသောက်ကုန် လို့ ပြောလို့ ရပါတယ်။ ဂျုံ၊ စပါး ဆိုတာမျိုး က ချမ်းသာခြင်း၊ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့ အရာတွေပါ။ ဒါကြောင့် သူတို့ကို အိမ်မက် မက်ရင်လည်း ကံကောင်းတတ်၊ ငွေဝင် တတ်ပါတယ်။
“အကောင်တွေ”
တိရစ္ဆာန်ထဲမှာဆိုရင်တော့… နွား၊ ဆင်တွေ၊ မြင်းတွေကို မက်တာကလည်း ငွေဝင်မယ်ဆိုတဲ့ ရှေ့ပြေး လက္ခဏာပဲ ဖြစ်ပါတယ်။ ငှက်ဆိုရင်… ကြက်တူရွေး၊ မြွေ၊ ပျား၊ ကင်းမြှီးကောက်၊ ကြွက်တို့ကို မက်ရင်လည်း ငွေဝင်တတ်ပါတယ်နော်။
စာဖတ်သူအပါင်းလည်း ပျော်ရွှင်စရာ နေ့ရက်လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။