ခြေထောက်တစ်ဖက်တည်းသာ ရှိသော်လည်း သားဖြစ်သူကို လူတန်းစေ့နေနိုင်စေရန်အတွက် ချိုင်းထောက်နှင့်အတူ ရေခဲချောင်းများ လိုက်ရောင်းချခဲ့သော ဖခင်တစ်ဦး

ခြေထောက်တစ်ဖက်တည်းသာ ရှိသော်လည်း သားဖြစ်သူကို လူတန်းစေ့နေနိုင်စေရန်အတွက် ချိုင်းထောက်နှင့်အတူ ရေခဲချောင်းများ လိုက်ရောင်းချခဲ့သော ဖခင်တစ်ဦး

ဖိလစ်ပိုင်နိုင်ငံမှ အသက်၄၀အရွယ် အမျိုးသားတစ်ဦးသည် အိမ်ထောင်ကျပြီးနောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်ကာ ဇနီးဖြစ်သူကို လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့သည်။

ထို့နောက် သားလေးမွေးဖွားချိန်တွင် အမျိုးသားသည် ကံဆိုးစွာပဲ လုပ်ငန်းခွင်၌ မတော်တဆဖြစ်ခဲ့ရာ ခြေထောက်တစ်ဖက်အား ဆုံးရှုံးလိုက်ရစဉ် ဇနီးဖြစ်သူသည် အခက်အခဲတွေကို တူတူရင်ဆိုင်ကျော်လွှားမည့်အစား ခင်ပွန်းနှင့်သားလေးကို ထားကာအိမ်မှ ထွက်ပြေးခဲ့သည်။

အမျိုးသားသည် ဒုက္ခိတဘဝကို ရုတ်တရက် ရောက်ရှိသွားချိန် အလွန်ခက်ခဲခဲ့ပြီး ပျောက်ကွယ်သွားပစ်ချင်သော်လည်း သားလေးကို လူအများကြား မျက်နှာမငယ်ရအောင် လူတန်းစေ့နေနိုင်အောင် ထားချင်သည့်အတွက် စိတ်ကိုပြန်တင်းထားကာ လမ်းမပေါ်ထွက်ပြီး ချိုင်းထောက်လေးကို အသုံးပြုပြီး ရေခဲချောင်းများ ရောင်းရင်းဝင်ငွေရှာခဲ့၍ အများမှ မသန်စွမ်းဖြစ်နေလျက်နဲ့ ကြိုးစားအားထုတ်မှုအတွက် လေးစားချီးကျူးခဲ့ကြသည်။

Zawgyi

ေျခေထာက္တစ္ဖက္တည္းသာ ရွိေသာ္လည္း သားျဖစ္သူကို လူတန္းေစ့ေနႏိုင္ေစရန္အတြက္ ခ်ိဳင္းေထာက္ႏွင့္အတူ ေရခဲေခ်ာင္းမ်ား လိုက္ေရာင္းခ်ခဲ့ေသာ ဖခင္တစ္ဦး

ဖိလစ္ပိုင္ႏိုင္ငံမွ အသက္၄၀အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ အိမ္ေထာင္က်ၿပီးေနာက္ ေဆာက္လုပ္ေရး လုပ္ငန္းခြင္သို႔ ဝင္ေရာက္လုပ္ကိုင္ကာ ဇနီးျဖစ္သူကို လိုအပ္တာမွန္သမွ် ျဖည့္ဆည္းေပးခဲ့သည္။

ထို႔ေနာက္ သားေလးေမြးဖြားခ်ိန္တြင္ အမ်ိဳးသားသည္ ကံဆိုးစြာပဲ လုပ္ငန္းခြင္၌ မေတာ္တဆျဖစ္ခဲ့ရာ ေျခေထာက္တစ္ဖက္အား ဆုံးရႈံးလိုက္ရစဥ္ ဇနီးျဖစ္သူသည္ အခက္အခဲေတြကို တူတူရင္ဆိုင္ေက်ာ္လႊားမည့္အစား ခင္ပြန္းႏွင့္သားေလးကို ထားကာအိမ္မွ ထြက္ေျပးခဲ့သည္။

အမ်ိဳးသားသည္ ဒုကၡိတဘဝကို ႐ုတ္တရက္ ေရာက္ရွိသြားခ်ိန္ အလြန္ခက္ခဲခဲ့ၿပီး ေပ်ာက္ကြယ္သြားပစ္ခ်င္ေသာ္လည္း သားေလးကို လူအမ်ားၾကား မ်က္ႏွာမငယ္ရေအာင္ လူတန္းေစ့ေနႏိုင္ေအာင္ ထားခ်င္သည့္အတြက္ စိတ္ကိုျပန္တင္းထားကာ လမ္းမေပၚထြက္ၿပီး ခ်ိဳင္းေထာက္ေလးကို အသုံးျပဳၿပီး ေရခဲေခ်ာင္းမ်ား ေရာင္းရင္းဝင္ေငြရွာခဲ့၍ အမ်ားမွ မသန္စြမ္းျဖစ္ေနလ်က္နဲ႔ ႀကိဳးစားအားထုတ္မႈအတြက္ ေလးစားခ်ီးက်ဴးခဲ့ၾကသည္။

Leave a Comment