လုပ်အားလစာရဲ့တစ်ဝက်ကျော်လောက်ကို လမ်းဘေးတိရစ္ဆာန်တွေအတွက် သုံးခဲ့တဲ့ အမျိုးသား

လုပ်အားလစာရဲ့တစ်ဝက်ကျော်လောက်ကို လမ်းဘေးတိရစ္ဆာန်တွေအတွက် သုံးခဲ့တဲ့ အမျိုးသား

ချမ်းသာမှ စိတ်ချမ်းသာပျော်ရွှင်မှုကိုရကြတာ မဟုတ်ပါဘူး ။ Azman Ali II အမည်ရှိတဲ့ အမျိုးသားဟာလမ်းဘေးတိရစ္ဆာန်တွေကိုအစားအစာတွေအမြဲဝေမျှပေးနေတဲ့ အမျိုးသားတစ်ယောက်အကြောင်းကို online ပေါ်မှာ ဝေမျှခဲ့ပါတယ် ။ Ann အမည်ရှိတဲ့အမျိုးသားဟာ သန့်ရှင်းရေးဝန်ထမ်း နဲ့ ကားပါကင်စောင့်သူတစ်ယောက်အနေနဲ့ အလုပ်နှစ်မျိုးလုံး လုပ်ကိုင်နေရသူပါ ။

သို့ပေမဲ့လည်း သူ့ရဲ့လုပ်အားလခက အတော်လေးကိုနည်းပါးပါတယ် ။ သူ့ရဲ့လုပ်အားလခကို မိသားစုအတွက် နဲ့ သူ့အတွက်အနည်းငယ်သာအသုံးပြုပြီး လစာငွေရဲ့တစ်ဝက်ကျော်ခန့်ကို လမ်းဘေးတိရစ္ဆာန်လေးတွေရဲ့ အစားအစာအတွက် အသုံးပြုခဲ့ပါတယ် ။

Ann ဟာတစ်ရက်ကိုနှစ်ကြိမ် လမ်းဘေးကြောင် နဲ့ ခွေးလေးတွေကို အစာအမြဲသွားရောက်ကျွေးမွေးလေ့ရှိပါတယ် ။ လမ်းဘေးတိရစ္ဆာန်တွေကလည်း Ann ကို ပုံမှန်နေရာမှာ အမြဲစိတ်ရှည်စွာ အစာစားရဖို့ အမြဲလာစောင့်လေ့ရှိကြပါတယ် ။ တစ်ခါတစ်လေ Ann ဟာနေမကောင်းလွန်းလို့ အလုပ်မသွားနိုင်ရင်တောင် အစာတွေဝယ်ပြီး သူ့ရဲ့လမ်းဘေးအကောင်လေးတွေကို အမြဲမပျက်သွားရောက်ကျွေးမွေးခဲ့ပါတယ် ။

Ann ကတော့ ‘ ကျွန်တော့်ရဲ့ မိသားစု နဲ့ လမ်းဘေးတိရစ္ဆာန်လေးတွေအတွက် ဂရုစိုက်ပေးနိုင်ပြီဆိုရင် တခြားဘယ်အရာကိုမှ မလိုအပ်တော့ပါဘူး ‘ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

Ann ဟာ အဆိုပါလုပ်ရပ်မျိုးကို ပြုလုပ်လာခဲ့တာ 10 နှစ်ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း သိရပါတယ် ။

crd

Leave a Comment