နောက်အိမ်ထောင်ပြုလို့ဝေဖန်နေတဲ့သူတွေကို သူမအိမ်ထောင်ထပ်ပြုရတဲ့အကြောင်းအရင်းကို ရှင်းပြလာတဲ့ရွှေရည်သိန်းတန်…
နောက်အိမ်ထောင်ပြုလို့ဝေဖန်နေတဲ့သူတွေကို သူမအိမ်ထောင်ထပ်ပြုရတဲ့အကြောင်းအရင်းကို ရှင်းပြလာတဲ့ရွှေရည်သိန်းတန်…
ဖခင်ဖြစ်သူရဲ့အမွေကိုဆက်ခံပြီး ဂန္တဝင်တေးသံရှင်ကြီး တွံတေးသိန်းတန်ရဲ့ သမီး ရွှေရည်သိန်းတန်ဟာလည်း အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ရွှေရည်သိန်းတန်ဟာ အနုပညာနဲ့ ပတ်သက်ပြီး နာမည်ပျက်မရှိခဲ့ဖူးပေမယ့် သူမရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၄) ရက်နေ့မှာ တတိယမြောက်အိမ်ထောင်နဲ့ တရားဝင်လက်ထပ်ခဲ့ပြီဖြစ်ပြီး ရွှေရည်သိန်းတန်က သူမအနေနဲ့ အိမ်ထောင်ပြုဖြစ်ရတဲ့အကြောင်းအရင်းကို ပြောပြလာပါတယ်။ရွှေရည်သိန်းတန်က
“တယောက်ထဲနေလည်းရတာကို..ပြည့်စုံနေတာပဲ.ရည်းစားထားပေါ့..ယူစရာလား.ဟုတ်စမယူရင်တယောက်မကရတာ ကျွန်မကရှင်တို့ထက်သိတာပေါ့။ ဒါပေမယ့်အဲ့လိုနေဖို့ကျွန်မမိဘက မသင်ပေးခဲ့ပါဘူး။ ကျွန်မလိုချင်တာ လုံခြုံမှုပါ။ မိသားစုအစစ်ပါ။ ကိုယ့်အပေါ်ကောင်းခဲ့တဲ့ညီအကိုမောင်နှမ၊ ဆွေမျိုးမရှိပဲ ရပ်တည်နေတဲ့မိန်းမသားတယောက် ဘုရားစင်ရှေ့ ပုံ့ပုံ့လေးထိုင်ရင်းလွမ်းတသသစာတွေရေး ရှင်တို့မသိအောင် ခိုးစား၊ ကြိတ်စား၊ သူငယ်အမ်း၊ စီးပွားတွေလုံးပါးပါး၊ ဘဝနေဝင်ချိန်ကူကယ်ရာမရှိလူအိုရုံသွား၊ ဒါမျိုးမြင်ချင်တာဆိုရင်တော့
အတော့်ကိုဆိုးတဲ့စေတနာပါ။ မတွေးသင့်မတွေးအပ်ပါဘူး။နောက်တမျိုး အချိန်ကာလ ကြာကြာလေးနေပါဦး ဟုတ်စ..အိုနာရွတ်တွမှ ပေးမယ့်ကျွန်မအဖြေကို တဖက်ကစောင့်နေရမယ်ပေါ့။ ရက်စက်ပ ချက်ကြီးရာ.ခုတောင် ကျွန်မတို့၄၂ပါဒီလိုခေတ်ကာလထဲ ကျွန်မခရီးသွားတုန်းအိမ်အဖောက်ခံရတာ ရှင်တို့သိပါသလား? cctv record အကုန်ရပြီးခုထိမမိသေးပါဘူး။ ထားပါတော့ ရှင်တို့ကျေနပ်မယ့်အချိန်ကာလအထိကျွန်မက တယောက်ထဲခရီးတွေသွား ရတနာပစ္စည်းတွေပါလို့ အလုခံ အ Thet ခံ ပုတ်ပွမှ အရပ်ကတွေ့ ဒါမှမဟုတ်
အိမ်ထဲ ဝင် Thet သွား၊ အနံ့ရမှအရပ်ကတွေ့ စုတ်တသတ်သတ်နှင့်RIPကြ အဲ့လိုများမြင်ချင်ကြတာပါလား။ ဆိုးဆက် ပါအေ။ မျှတစွာတွေးလိုကတွေးပါ။ သူများဝဋ်ကြွေးကိုကိုယ့်ဝဋ်ကြွေးအဖြစ်မျှယူလိုကယူပါ။ ကျေးဇူးမိမိဘဝမိမိကောင်းစွာစောင့်ရှောက်ရင်းအေးချမ်းကြပါစေလို့ပဲကျွန်မကဆုတောင်းပေးပါတယ်။ ကျွန်မကတော့ဘယ်သူပေးတဲ့အပူမှလက်မခံတာမို့မပူပါဘူးသဗ်ဗေသတ္တာကမ္မသကာပါ” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ရွှေရည်သိန်းတန်ကတော့ သူမအနေနဲ့ အိမ်ထောင်တစ်ဆက်ပြီးတစ်ဆက်ပြုဖြစ်နေရတာဟာ မိသားစုဘဝကို လိုချင်ပြီး သူမဘဝကို လုံခြုံစေမယ့်သူကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း မချွင်းမချန်ပဲ ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။
crd
zawgyi
crd
Leave a Comment