“သားစိတ္ကူးထားတာရွိတယ္…သား ဒီထက္နည္းနည္းႀကီးလာရင္ ပလုံမေကာက္ေတာ့ဘူး…”


“သားစိတ်ကူးထားတာရှိတယ်…သား ဒီထက်နည်းနည်းကြီးလာရင် ပလုံမကောက်တော့ဘူး…”

သားနာမည်က ဝေဖြိုးအောင်။ ဒါပေမဲ့ သားကိုငပုတိုပဲခေါ်ကြတယ်။ သားက နာမည်ကြီးတယ်။ပလုံးကောက်တဲ့ငပုတို ဆို ရပ်ကွက်အနီးအနားကလူတွေအကုန်သိကြတာ။သားအသက်က ၉နှစ်။

ကျောင်းလား။ နေဖူးပါတယ်။ သားတို့ရပ်ကွက်က သားကို ကျောင်းအပ်ပေး ၊ ထမင်းချိုင့်ပါထည့်ပေးလို့ ကျောင်းတက်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက သားပျော်လိုက်တာ။ စာရေးစာဖတ်သူငယ်ချင်းတွေနဲ့ကစား… တအားပျော်တာ။

သားကျောင်းတက်တာသိပ်တော့မကြာလိုက်ပါဘူး။ အိမ်မှာပိုက်ဆံမရှိတော့ အဘွားက ကျောင်းမသွားခိုင်းတော့အရင်လိုပဲ ပလုံးပြန်ကောက်ရရော။ သားစိတ်မကောင်းဘူး။ ဒါပေမဲ့ သားမှာ ညီလေး ညီမလေးတွေလည်းရှိသေးတော့ စိတ်ပါလက်ပါ ပလုံးကောက်ပါတယ်။

သားရတဲ့ပလုံးတွေကို ဒိုင်မှာသွားသွင်းတယ်။ ရတဲ့ပိုက်ဆံအိမ်ကိုအပ်တယ်။အခုတလော သားတို့လို ပလုံးကောက်ကြတာတွေလည်း များလာတော့ နေရာစုံလျှောက်ရှာရတယ်။ ရေသန့်ဘူးအလွတ်သန့်သန့်တွေ၊ အရက်ပုလင်းသန့်သန့်တွေများဆို လုတောင်လုရတယ်။ သွားရင်းလာရင်း ပရဟိတအဖွဲ့တွေကျွေးမွေးနေတာနဲ့ကြုံရင် ပျော်ပျော်ပါးပါးစားတော့တာပဲ။

ဘုန်းကြီးကျောင်းမှာ ဟင်းကျန်ဆွမ်းကျန်တွေပိုလို့ပေးရင်လည်း အိမ်ကိုယူလာတယ်။ အလှူတွေဘာတွေရှိရင် သားလည်း အဝစား၊ အိမ်အတွက်လည်း သယ်လာတာပေါ့။သားစိတ်ကူးထားတာရှိတယ်။

သား ဒီထက်နည်းနည်းကြီးလာရင် ပလုံးမကောက်တော့ဘူး။ လဖက်ရည်ဆိုင်တို့ ထမင်းဆိုင်တို့မှာ ဝင်လုပ်မယ်။ ညီလေးနဲ့ညီမလေးလည်း ကျောင်းတက်ရရင်ကောင်းမှာ။ သားလိုပလုံးမကောက်စေချင်ဘူးလေ။ တချို့လူကြီးတွေက သားတို့ကို သူခိုးထင်ကြတာတွေလည်းရှိတယ်။ ခွေးလိုက်ဆွဲလို့ပြေးရတာတွေလည်းရှိတာကိုး။

ဒါပေမဲ့…. ဒါပေမဲ့လေ အဲ့ဒီနေ့က သားညီလေးနဲ့ညီမလေးကိုရော၊ အဘွားကိုရော အကုန်လုံးကို အပြီးခွဲခဲ့ရတယ်။ အဲ့ဒီနေ့ကသားလမ်းဖြတ်ကူးလာတာ။ ပလုံးတွေ ဒိုင်မှာသွင်းပြီးအပြန် ပိုက်ဆံလေးတွေကိုဆုပ်ပြီး လမ်းဖြတ်ကူးလာတာပေါ့။ ခဏနေတော့ဝုန်းဆို အသံကြီးကြားလိုက်တယ်။

ဟာ လုပ်ကြပါဦး….

ဂတ်စ်အိုးတင်တဲ့ကားကြီးက ကလေးကို တိုက်ပြေးသွားပြီအရေးပေါ်ကားဖုန်းဆက်၊ အရေးပေါ်ကားခေါ်မရတော့ပါဘူး၊ ဆီးခုံကိုဖြတ်ကြိတ်သွားတာ၊ ဒုက္ခပဲဆိုတဲ့အသံတွေ သားဝေဝေဝါးဝါးကြားတယ်။

နာလိုက်တာဗျာ။ သားအသံတောင်မထွက်နိုင်တော့ပါဘူး။ သားပိုက်ဆံလေးတွေ လွင့်ကုန်ပြီလားမသိဘူး။ သားထထိုင်ဖို့ကြိုးစားတာမရဘူး။ နာတယ်။ တအားနာတာပဲသိတော့တယ်။

ဟင်…ရုတ်တရက်ကြီး မနာတော့ပါလား။ နေလို့ကောင်းသွားလိုက်တာ။ သားအိမ်ကိုပြန်ပြေးမှဖြစ်မယ်။ဒီနေ့ ပလုံးကောက်လို့ရလာတဲ့ပိုက်ဆံလေးတွေပျောက်ကုန်တာ အဘွားသိရင် ငပုတိုဟာ အရာရာနဲ့အကြောင်းကြောင်းလို့ ဆူတော့မှာပဲ။

သားတို့အိမ်ရှေ့မှာ လူတွေအများကြီးရောက်နေကြတယ်။ စကားတွေပြောနေကြတာဆူညံနေတာပဲ။ ညီလေးနဲ့ညီမလေးက ကစားနေကြတယ်။ သားဆီလည်းပြေးမလာကြဘူး။ မမြင်ကြဘူးထင်ပါရဲ့။တချို့အန်တီကြီးတွေကတော့ ငပုတိုသနားပါတယ်လို့ ပြောနေကြတယ်။ သားပိုက်ဆံတွေပျောက်သွားလို့သနားကြတာလားမသိဘူး။

ဟာ…ဟိုမှာ ဟိုမှာ သယ်လာတာ သားနဲ့တစ်ပုံစံတည်းတူတဲ့ကောင်လေးပါလား။ သူ့မှာသွေးတွေနဲဲ့ ။ လူတွေကလည်း ဝိုင်းကြည့်နေကြတယ်။
မဟုတ်ဘူး ။ မဟုတ်ဘူး။ သားနဲ့တူတဲ့ကောင်လေးမဟုတ်ဘဲ သားကိုယ်တိုင်ပါပဲ။

ဟုတ်တာပေါ့။ သားကို ဂတ်စ်အိုးတင်တဲ့ကားကြီး တိုက်ချသွားတာပဲ။ သားအသက်မှမရှိတော့တာ။သားရဲ့နောက်ဆုံးခရီးတဲ့။ ဦးဦးတချို့က စိတ်မကောင်းဖြစ်နေကြတယ်။ သားနာရေးမှာ ဓာတ်ပုံထောင်ဖို့တောင်းတော့ အိမ်ကလူတွေဆီမှာ သားဓာတ်ပုံတစ်ပုံမှမရှိကြပါဘူး။ သားရဲ့သက်မဲ့ခန္ဓာကိုယ်ကိုပဲ ဓာတ်ပုံရိုက်ပြီး ထောင်ထားလိုက်ကြတယ်။

သားတစ်ခုတော့ဝမ်းသာတယ်။ သားခန္ဓာကိုယ်ပေါ်မှာ အပြာရောင်စပန့်သားဝတ်စုံအသစ်လေးတင်ပေးထားတယ်။ သားအရင်က အဲ့လိုလေးတွေ ဝတ်ကြည့်ချင်ခဲ့ဖူးတာ အခုဝတ်ရပြီ။ ခေါင်းအုံးကလည်း မဲတူးနေတဲ့ခေါင်းအုံးမဟုတ်တော့ဘူး။ အသစ်ကလေး ။
တဖြည်းဖြည်းနဲ့ သားအတွက်အချိန်ရောက်လာပြီ။

သားအတွက် ဘယ်သူတွေငိုနေကြလဲ သားလိုက်မကြည့်နေတော့ပါဘူး။ ရှုပ်ထွေးကြပ်သိပ်နေတဲ့ အိမ်လေးမှာလည်း သားနေလို့မရတော့ဘူးလေါ အဘွားတို့ ညီလေးနဲ့ညီမလေးကို ပလုံးကောက်ခိုင်းဦးမှာလား။ လမ်းဖြတ်ကူးရင် အန္တရယ်များတယ်လို့ သတိပေးလိုက်ဦးနော် လို့ သားပြောနေတာကိုလည်း မကြားကြပါဘူး။သားထွက်လာခဲ့ပါပြီ။

ညီလေးနဲ့ညီမလေး၊ သား ပုလုံးကောက်တဲ့အိတ်လေး၊ သားသူငယ်ချင်းတွေ အကုန်လုံးကို ထားခဲ့ရတော့မှာဆိုပေမဲ့ တအားကြီး ဝမ်းမနည်းနေသလိုပါပဲ။
လူ့ဘဝကရခဲတယ်တဲ့။ တချို့လူကြီးတွေပြောတာသားကြားဖူးတယ်။ ရခဲတာလည်း ကောင်းတယ်လို့သားထင်ပါတယ်။ သားလူ့ဘဝမှာကိုးနှစ်ပဲနေခဲ့ရတာတောင် ထပ်မနေချင်တော့ဘူး။ သားနောင်ဘဝက ဘယ်မှာလဲမသိပေမဲ့ အဲ့ဒီကိုပဲသွားပါတော့မယ်။

သားလေ နောက်ဘဝမှာတကယ်ပဲပျော်ချင်ပါတယ်။
…………………………………..

လူ့ဘဝကရခဲသည်တဲ့။ မှန်ပါသည်။သို့သော် ရခဲလှသည့်လူ့ဘဝကို ငရဲဘုံဟုထင်သွားကြပြီး လူ့ဘဝကိုမခုံမင်နိုင်တော့သောကလေးငယ်များစွာရှိသည်။ ထိုသို့သောဘဝများ အတွက် အဖြေကားမရှိ။ ကံစီမံရာဟုသာ ဇွတ်အတင်းပုံချနေကြရသည်။

လွန်ခဲ့သောရက်ပိုင်းတွင် သာကေတရှုခင်းသာပတ်လမ်း၌ ကားတိုက်၍ ကွယ်လွန်သွားသော မောင်ဝေဖြိုးအောင် အသက်၉နှစ် အကြောင်းကို ဇာတ်ကြောင်း အနည်းငယ်ပြင်ဆင်ရေးဖွဲ့ထားပါသည်။

ဓာတ်ပုံပိုင်ရှင် အစ်ကိုသီဟသူ Thiha Thu ကို ကျေးဇူးအထူးတင်ပါသည်။

သားငယ်ဝေဖြိုးအောင် အေးငြိမ်းရာအရပ်သို့ရောက်ရှိပါစေ။

Myat Mon Phyo 3.11.2022

Credit

Zawgyi

“သားစိတ္ကူးထားတာရွိတယ္…သား ဒီထက္နည္းနည္းႀကီးလာရင္ ပလုံမေကာက္ေတာ့ဘူး…”

သားနာမည္က ေဝၿဖိဳးေအာင္။ ဒါေပမဲ့ သားကိုငပုတိုပဲေခၚၾကတယ္။ သားက နာမည္ႀကီးတယ္။ပလုံးေကာက္တဲ့ငပုတို ဆို ရပ္ကြက္အနီးအနားကလူေတြအကုန္သိၾကတာ။သားအသက္က ၉ႏွစ္။

ေက်ာင္းလား။ ေနဖူးပါတယ္။ သားတို႔ရပ္ကြက္က သားကို ေက်ာင္းအပ္ေပး ၊ ထမင္းခ်ိဳင့္ပါထည့္ေပးလို႔ ေက်ာင္းတက္ခဲ့ဖူးတယ္။ အဲ့ဒီတုန္းက သားေပ်ာ္လိုက္တာ။ စာေရးစာဖတ္သူငယ္ခ်င္းေတြနဲ႔ကစား… တအားေပ်ာ္တာ။

သားေက်ာင္းတက္တာသိပ္ေတာ့မၾကာလိုက္ပါဘူး။ အိမ္မွာပိုက္ဆံမရွိေတာ့ အဘြားက ေက်ာင္းမသြားခိုင္းေတာ့အရင္လိုပဲ ပလုံးျပန္ေကာက္ရေရာ။ သားစိတ္မေကာင္းဘူး။ ဒါေပမဲ့ သားမွာ ညီေလး ညီမေလးေတြလည္းရွိေသးေတာ့ စိတ္ပါလက္ပါ ပလုံးေကာက္ပါတယ္။

သားရတဲ့ပလုံးေတြကို ဒိုင္မွာသြားသြင္းတယ္။ ရတဲ့ပိုက္ဆံအိမ္ကိုအပ္တယ္။အခုတေလာ သားတို႔လို ပလုံးေကာက္ၾကတာေတြလည္း မ်ားလာေတာ့ ေနရာစုံေလွ်ာက္ရွာရတယ္။ ေရသန္႔ဘူးအလြတ္သန္႔သန႔္ေတြ၊ အရက္ပုလင္းသန္႔သန္႔ေတြမ်ားဆို လုေတာင္လုရတယ္။ သြားရင္းလာရင္း ပရဟိတအဖြဲ႕ေတြေကြၽးေမြးေနတာနဲ႔ႀကဳံရင္ ေပ်ာ္ေပ်ာ္ပါးပါးစားေတာ့တာပဲ။

ဘုန္းႀကီးေက်ာင္းမွာ ဟင္းက်န္ဆြမ္းက်န္ေတြပိုလို႔ေပးရင္လည္း အိမ္ကိုယူလာတယ္။ အလႉေတြဘာေတြရွိရင္ သားလည္း အဝစား၊ အိမ္အတြက္လည္း သယ္လာတာေပါ့။သားစိတ္ကူးထားတာရွိတယ္။

သား ဒီထက္နည္းနည္းႀကီးလာရင္ ပလုံးမေကာက္ေတာ့ဘူး။ လဖက္ရည္ဆိုင္တို႔ ထမင္းဆိုင္တို႔မွာ ဝင္လုပ္မယ္။ ညီေလးနဲ႔ညီမေလးလည္း ေက်ာင္းတက္ရရင္ေကာင္းမွာ။ သားလိုပလုံးမေကာက္ေစခ်င္ဘူးေလ။ တခ်ိဳ႕လူႀကီးေတြက သားတို႔ကို သူခိုးထင္ၾကတာေတြလည္းရွိတယ္။ ေခြးလိုက္ဆြဲလို႔ေျပးရတာေတြလည္းရွိတာကိုး။

ဒါေပမဲ့…. ဒါေပမဲ့ေလ အဲ့ဒီေန႔က သားညီေလးနဲ႔ညီမေလးကိုေရာ၊ အဘြားကိုေရာ အကုန္လုံးကို အၿပီးခြဲခဲ့ရတယ္။ အဲ့ဒီေန႔ကသားလမ္းျဖတ္ကူးလာတာ။ ပလုံးေတြ ဒိုင္မွာသြင္းၿပီးအျပန္ ပိုက္ဆံေလးေတြကိုဆုပ္ၿပီး လမ္းျဖတ္ကူးလာတာေပါ့။ ခဏေနေတာ့ဝုန္းဆို အသံႀကီးၾကားလိုက္တယ္။

ဟာ လုပ္ၾကပါဦး….

ဂတ္စ္အိုးတင္တဲ့ကားႀကီးက ကေလးကို တိုက္ေျပးသြားၿပီအေရးေပၚကားဖုန္းဆက္၊ အေရးေပၚကားေခၚမရေတာ့ပါဘူး၊ ဆီးခုံကိုျဖတ္ႀကိတ္သြားတာ၊ ဒုကၡပဲဆိုတဲ့အသံေတြ သားေဝေဝဝါးဝါးၾကားတယ္။

နာလိုက္တာဗ်ာ။ သားအသံေတာင္မထြက္ႏိုင္ေတာ့ပါဘူး။ သားပိုက္ဆံေလးေတြ လြင့္ကုန္ၿပီလားမသိဘူး။ သားထထိုင္ဖို႔ႀကိဳးစားတာမရဘူး။ နာတယ္။ တအားနာတာပဲသိေတာ့တယ္။

ဟင္…႐ုတ္တရက္ႀကီး မနာေတာ့ပါလား။ ေနလို႔ေကာင္းသြားလိုက္တာ။ သားအိမ္ကိုျပန္ေျပးမွျဖစ္မယ္။ဒီေန႔ ပလုံးေကာက္လို႔ရလာတဲ့ပိုက္ဆံေလးေတြေပ်ာက္ကုန္တာ အဘြားသိရင္ ငပုတိုဟာ အရာရာနဲ႔အေၾကာင္းေၾကာင္းလို႔ ဆူေတာ့မွာပဲ။

သားတို႔အိမ္ေရွ႕မွာ လူေတြအမ်ားႀကီးေရာက္ေနၾကတယ္။ စကားေတြေျပာေနၾကတာဆူညံေနတာပဲ။ ညီေလးနဲ႔ညီမေလးက ကစားေနၾကတယ္။ သားဆီလည္းေျပးမလာၾကဘူး။ မျမင္ၾကဘူးထင္ပါရဲ႕။တခ်ိဳ႕အန္တီႀကီးေတြကေတာ့ ငပုတိုသနားပါတယ္လို႔ ေျပာေနၾကတယ္။ သားပိုက္ဆံေတြေပ်ာက္သြားလို႔သနားၾကတာလားမသိဘူး။

ဟာ…ဟိုမွာ ဟိုမွာ သယ္လာတာ သားနဲ႔တစ္ပုံစံတည္းတူတဲ့ေကာင္ေလးပါလား။ သူ႔မွာေသြးေတြနဲဲ့ ။ လူေတြကလည္း ဝိုင္းၾကည့္ေနၾကတယ္။
မဟုတ္ဘူး ။ မဟုတ္ဘူး။ သားနဲ႔တူတဲ့ေကာင္ေလးမဟုတ္ဘဲ သားကိုယ္တိုင္ပါပဲ။

ဟုတ္တာေပါ့။ သားကို ဂတ္စ္အိုးတင္တဲ့ကားႀကီး တိုက္ခ်သြားတာပဲ။ သားအသက္မွမရွိေတာ့တာ။သားရဲ႕ေနာက္ဆုံးခရီးတဲ့။ ဦးဦးတခ်ိဳ႕က စိတ္မေကာင္းျဖစ္ေနၾကတယ္။ သားနာေရးမွာ ဓာတ္ပုံေထာင္ဖို႔ေတာင္းေတာ့ အိမ္ကလူေတြဆီမွာ သားဓာတ္ပုံတစ္ပုံမွမရွိၾကပါဘူး။ သားရဲ႕သက္မဲ့ခႏၶာကိုယ္ကိုပဲ ဓာတ္ပုံ႐ိုက္ၿပီး ေထာင္ထားလိုက္ၾကတယ္။

သားတစ္ခုေတာ့ဝမ္းသာတယ္။ သားခႏၶာကိုယ္ေပၚမွာ အျပာေရာင္စပန႔္သားဝတ္စုံအသစ္ေလးတင္ေပးထားတယ္။ သားအရင္က အဲ့လိုေလးေတြ ဝတ္ၾကည့္ခ်င္ခဲ့ဖူးတာ အခုဝတ္ရၿပီ။ ေခါင္းအုံးကလည္း မဲတူးေနတဲ့ေခါင္းအုံးမဟုတ္ေတာ့ဘူး။ အသစ္ကေလး ။
တျဖည္းျဖည္းနဲ႔ သားအတြက္အခ်ိန္ေရာက္လာၿပီ။

သားအတြက္ ဘယ္သူေတြငိုေနၾကလဲ သားလိုက္မၾကည့္ေနေတာ့ပါဘူး။ ရႈပ္ေထြးၾကပ္သိပ္ေနတဲ့ အိမ္ေလးမွာလည္း သားေနလို႔မရေတာ့ဘူးေလါ အဘြားတို႔ ညီေလးနဲ႔ညီမေလးကို ပလုံးေကာက္ခိုင္းဦးမွာလား။ လမ္းျဖတ္ကူးရင္ အႏၲရယ္မ်ားတယ္လို႔ သတိေပးလိုက္ဦးေနာ္ လို႔ သားေျပာေနတာကိုလည္း မၾကားၾကပါဘူး။သားထြက္လာခဲ့ပါၿပီ။

ညီေလးနဲ႔ညီမေလး၊ သား ပုလုံးေကာက္တဲ့အိတ္ေလး၊ သားသူငယ္ခ်င္းေတြ အကုန္လုံးကို ထားခဲ့ရေတာ့မွာဆိုေပမဲ့ တအားႀကီး ဝမ္းမနည္းေနသလိုပါပဲ။
လူ႔ဘဝကရခဲတယ္တဲ့။ တခ်ိဳ႕လူႀကီးေတြေျပာတာသားၾကားဖူးတယ္။ ရခဲတာလည္း ေကာင္းတယ္လို႔သားထင္ပါတယ္။ သားလူ႔ဘဝမွာကိုးႏွစ္ပဲေနခဲ့ရတာေတာင္ ထပ္မေနခ်င္ေတာ့ဘူး။ သားေနာင္ဘဝက ဘယ္မွာလဲမသိေပမဲ့ အဲ့ဒီကိုပဲသြားပါေတာ့မယ္။

သားေလ ေနာက္ဘဝမွာတကယ္ပဲေပ်ာ္ခ်င္ပါတယ္။
…………………………………..

လူ႔ဘဝကရခဲသည္တဲ့။ မွန္ပါသည္။သို႔ေသာ္ ရခဲလွသည့္လူ႔ဘဝကို ငရဲဘုံဟုထင္သြားၾကၿပီး လူ႔ဘဝကိုမခုံမင္ႏိုင္ေတာ့ေသာကေလးငယ္မ်ားစြာရွိသည္။ ထိုသို႔ေသာဘဝမ်ား အတြက္ အေျဖကားမရွိ။ ကံစီမံရာဟုသာ ဇြတ္အတင္းပုံခ်ေနၾကရသည္။

လြန္ခဲ့ေသာရက္ပိုင္းတြင္ သာေကတရႈခင္းသာပတ္လမ္း၌ ကားတိုက္၍ ကြယ္လြန္သြားေသာ ေမာင္ေဝၿဖိဳးေအာင္ အသက္၉ႏွစ္ အေၾကာင္းကို ဇာတ္ေၾကာင္း အနည္းငယ္ျပင္ဆင္ေရးဖြဲ႕ထားပါသည္။

ဓာတ္ပုံပိုင္ရွင္ အစ္ကိုသီဟသူ Thiha Thu ကို ေက်းဇူးအထူးတင္ပါသည္။

သားငယ္ေဝၿဖိဳးေအာင္ ေအးၿငိမ္းရာအရပ္သို႔ေရာက္ရွိပါေစ။

Myat Mon Phyo 3.11.2022

Credit

Leave a Comment