အရက်ဖြတ်လိုသူများအတွက် လွယ်ကူရိုးစင်းတဲ့ အရက်ဖြတ်နည်း

အရက်ကို အနံ့တောင်မခံနိုင်လောက်အောင်ကောင်းတဲ့ လွယ်ကူရိုးရှင်းတဲ့ အရက်ဖြတ်နည်း

ပိန်နဲသီးအစေ့ တစ်ဆယ် ကျပ်သားကို အခွံနွှာ၊ ရေဆေးပါ။ ရေကို အကြမ်းပန်းကန်လုံး ၅လုံး ထည့်၊ ၂လုံးကျန်အောင် ကြိုပါ။

သောက်တဲ့အခါ နံနက် အကြမ်းပန်းကန် ၁လုံး၊ ည အကြမ်းပန်းကန် တစ်လုံး သောက်ပေးပါ။ အရက်နာကျတာ သက်သာပျောက်ကင်း စေပါတယ်

ဒီပိန်နဲသီးအစေ့ ပြုတ်ရည်ကိုပဲ နေ့စဉ် နံနက် ည ပုံမှန် သောက်သွားရင် အရက်သောက်ခြင်စိတ် မရှိတော့ပါဘူးတဲ့။ လေပြိုတဲ့အချိန်မှာ ပိန်နဲသီးအရည်ကို သောက်။

ထမင်းကို အဝသာ စားထားလိုက်ပါ။ အရက်ကို အနံ့ကိုတောင် မခံချင်တော့ဘူးလို့ ဆိုပါတယ်။ လွယ်ကူတဲ့ အရက်ဖြတ်နည်းလေးကို မျှဝေပေး လိုက်ပါတယ်ဗျာ

နောက်တစ်နည်း

အရက်ရဲ့ ကျေးကျွန်ဖြစ်ပြီး ငယ်ရွယ်စဉ်မှာပဲအသက်ပေးသွားကြသူတွေ များပြား လှပါပြီအရက် သောက်သုံးသူ ဦးရေကလည်း များသထက် များလာနေပါပြီ။ မကောင်းတဲ့ လက္ခဏာပါ။

အရက်စွဲနေသူများ အတွက် အရက်ပြတ်စေမည့် ဆေးနည်းလေးကို ရှာဖွေပြီး ရေးသားမျှ‌ဝေပေးလိုက်ပါတယ်။ အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ။

၁။ မိုးမှာ ပိတ်ချင်း၊ နွေမှာ ဂျင်း၊ ဆောင်းတွင်း ငရုတ်ကောင်း ဆိုတဲ့ တြိကဋုတ် ၃ ပါး ပိတ်ချင်း၊ ဂျင်း၊ ငရုတ်ကောင်း တို့ကို အခြောက်လှမ်း၍ ဆတူကြိတ်ထားပါ။

၂။ ၎င်းဆေးမှုန့်ကို မနက်တိုင်း လက်ဖက်စားဇွန်း တစ်ဇွန်း သောက်ပါ။

၃။ ဆေး ၃မျိုးစလုံး ဟာ အပူတွေဖြစ်တာကြောင့် ရေများများ ချိုးပေး နိုင်ရပါမယ်။

ပိတ်ချင်းကို အင်္ဂလိပ်လို Long Pepper လို့ ခေါ်ပါတယ်။ ပရဆေးဆိုင်များမှာ မေးဝယ်နိုင်ပါတယ်။ ဆေးကို တစ်ပတ်လောက် သောက်ပြီးတာနဲ့ အရက်သောက်နိုင်စွမ်းလည်း နည်းလာပါမယ်။

သောက်ချင်စိတ်လည်း လျှော့နည်း လာပါမယ်။သွေးတိုး၊ ဆီးချို တို့ကိုလည်း ကျစေပြီးကျန်းမာရေး ကိုလည်း ပိုမိုကောင်းမွလာစေပါတယ်

အဲဒီအချိန်မှာ ကိုယ့်စိတ်ကိုနိုင်ပြီး ထိန်းလိုက်နိုင်ရန်. တကယ်ပြတ်ပါတယ်။ စိတ်ကိုတော့ နိုင်အောင် ထိန်းပေးရပါမယ်။

လူသား အားလုံး ကျန်းမာချမ်းသာကြပါစေ။ လူကြီးလူငယ်မရွေး လူ့သက်တမ်းပြည့်အောင် နေသွားနိုင်ကြပါစေေ။Crd

Leave a Comment