ချစ်သူကောင်မလေးအသစ်ကို လက်ဆောင်ပေးဖို့အတွက် သူမထံမှဝက်ဝံရုပ်ကိုပြန်တောင်းနေခဲ့တဲ့ ရည်းစားဟောင်းရဲ့အဖြစ်ကိုချပြခဲ့တဲ့ မိန်းကလေး

 


ချစ်သူကောင်မလေးအသစ်ကို လက်ဆောင်ပေးဖို့အတွက် သူမထံမှဝက်ဝံရုပ်ကိုပြန်တောင်းနေခဲ့တဲ့ ရည်းစားဟောင်းရဲ့အဖြစ်ကိုချပြခဲ့တဲ့ မိန်းကလေး

ကိုယ့်ချစ်သူ ၊ ဇနီး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်ဖြစ်စေ သူစိမ်းဖြစ်စေ ကျွန်တော်တို့က တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးမည်ဆိုပါက ၎င်းလက်ဆောင်ဟာ ကိုယ့်စိတ်ဆုံးဖြတ်ပြီး လွတ်လပ်စွာပေးဆောင်ခဲ့တဲ့အရာဖြစ်တာကြောင့် လက်ဆောင်က ထိုလူတစ်ဦးတစ်ယောက်ဆီကိုရောက်သွားတဲ့အခါ နောက်ဆုံး အကယ်လို့များ ဆက်ဆံရေးတွေပျက်ပြယ်သွားခဲ့ရင်တောင် ၎င်းက သူတို့အပိုင်ဖြစ်သွားပြီဆိုပြီး ၎င်းက ချေးထားတဲ့ပစ္စည်းလိုမဟုတ်ဘဲ ဒီတိုင်းလက်ဆောင်တစ်ခုလို့သာ ကျွန်တော်တို့ကသတ်မှတ်ထားတတ်ကြပါတယ်။ သို့ပေမဲ့ ကောင်လေးတစ်ဦးအတွက်ကတော့ အဲ့ဒီသတ်မှတ်ချက်က မရှိနေခဲ့ပါဘူး။

ဒါ့ကြောင့် သူနဲ့ Hannah Hernandez ဆိုတဲ့ မိန်းကလေးတို့နှစ်ဦးလမ်းခွဲလိုက်တဲ့အခါ သူဟာ သူ့ချစ်သူကောင်မလေးအသစ်ကိုပေးဖို့ Hannah ထံ အရင်ကပေးခဲ့ဖူးတဲ့ဝက်ဝံရုပ်ကို သူ့အားပြန်ပေးဖို့အတွက် မက်ဆေ့ချ်ပို့ခဲ့ပါတယ်။မက်ဆေ့ချ်ကြောင့် တစ်ချိန်တည်း ရယ်မော၊ဒေါသထွက်သွားခဲ့တဲ့ Hannah ဟာ သူပြန်လိုချင်နေတဲ့ဝက်ဝံရုပ်ကိုပြန်ပေးဖို့တောင်းနေတဲ့ မျက်နှာပြောင်တိုက်တဲ့ရည်းစားဟောင်းရဲ့မက်ဆေ့ချ်ကို facebook မှာ ပြန်တင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

၎င်းမက်ဆေ့ချ်မှာ ကောင်လေးက Hannah ကို ဝက်ဝံရုပ်ပြန်ပေးဖို့ တောင်းဆိုနေခဲ့ပြီး ၎င်းအရုပ်က ဈေးကြီးသလို သူ့ရဲ့လက်ရှိရည်းစားအတွက် အသစ်တစ်ရုပ်ဝယ်ပေးဖို့ သူ့မှာပိုက်ဆံမရှိတဲ့အကြောင်းကို ပြောနေခဲ့ပါတယ်။

ထို့နောက် Hannah အတွက်ခံပြင်းခဲ့ကြတဲ့ Netizen များစွာက Hannah အား သူမမှာ မိန်းကလေးတွေကို ဘယ်လိုလေးစားရမှန်းမသိတဲ့ဒီလိုကောင်လေးနဲ့ပြတ်သွားခဲ့တာကံကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ကြသလို အချို့ကလည်း ချစ်သူအသစ်က Hannah ရဲ့ post ကိုတွေ့ပြီး လက်ဆောင်ကိုငြင်းပယ်လိုက်ဖို့ မျှော်လင့်နေခဲ့ကြပါတယ်။

ပြောစရာမလိုအောင်ဘဲ ဒီပို့စ်ဟာ အတော်လေးပျံ့နှံ့သွားခဲ့ပြီး တုံ့ပြန်မှုပေါင်း 35k ကျော်၊ မျှဝေမှု 18.7k နဲ့ မှတ်ချက်ပေါင်း 2.2k ကျော်ရရှိခဲ့ပါတယ်။ပြတ်သွားတဲ့ရည်းစားဟောင်းဆီကို လက်ဆောင်ပြန်တောင်းတာကိုတော့ မလုပ်သင့်ပါဘူးဗျာ။ စာဖတ်သူတို့ကော ဘယ်လိုထင်မိပါသလဲဗျာ။

Zawgyi

ခ်စ္သူေကာင္မေလးအသစ္ကို လက္ေဆာင္ေပးဖို႔အတြက္ သူမထံမွဝက္ဝံ႐ုပ္ကိုျပန္ေတာင္းေနခဲ့တဲ့ ရည္းစားေဟာင္းရဲ႕အျဖစ္ကိုခ်ျပခဲ့တဲ့ မိန္းကေလး


ကိုယ့္ခ်စ္သူ ၊ ဇနီး၊ သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္၊ မိသားစုဝင္ျဖစ္ေစ သူစိမ္းျဖစ္ေစ ကြၽန္ေတာ္တို႔က တစ္စုံတစ္ေယာက္ကို လက္ေဆာင္ေပးမည္ဆိုပါက ၎လက္ေဆာင္ဟာ ကိုယ့္စိတ္ဆုံးျဖတ္ၿပီး လြတ္လပ္စြာေပးေဆာင္ခဲ့တဲ့အရာျဖစ္တာေၾကာင့္ လက္ေဆာင္က ထိုလူတစ္ဦးတစ္ေယာက္ဆီကိုေရာက္သြားတဲ့အခါ ေနာက္ဆုံး အကယ္လို႔မ်ား ဆက္ဆံေရးေတြပ်က္ျပယ္သြားခဲ့ရင္ေတာင္ ၎က သူတို႔အပိုင္ျဖစ္သြားၿပီဆိုၿပီး ၎က ေခ်းထားတဲ့ပစၥည္းလိုမဟုတ္ဘဲ ဒီတိုင္းလက္ေဆာင္တစ္ခုလို႔သာ ကြၽန္ေတာ္တို႔ကသတ္မွတ္ထားတတ္ၾကပါတယ္။ သို႔ေပမဲ့ ေကာင္ေလးတစ္ဦးအတြက္ကေတာ့ အဲ့ဒီသတ္မွတ္ခ်က္က မရွိေနခဲ့ပါဘူး။

 

ဒါ့ေၾကာင့္ သူနဲ႔ Hannah Hernandez ဆိုတဲ့ မိန္းကေလးတို႔ႏွစ္ဦးလမ္းခြဲလိုက္တဲ့အခါ သူဟာ သူ႔ခ်စ္သူေကာင္မေလးအသစ္ကိုေပးဖို႔ Hannah ထံ အရင္ကေပးခဲ့ဖူးတဲ့ဝက္ဝံ႐ုပ္ကို သူ႔အားျပန္ေပးဖို႔အတြက္ မက္ေဆ့ခ်္ပို႔ခဲ့ပါတယ္။မက္ေဆ့ခ်္ေၾကာင့္ တစ္ခ်ိန္တည္း ရယ္ေမာ၊ေဒါသထြက္သြားခဲ့တဲ့ Hannah ဟာ သူျပန္လိုခ်င္ေနတဲ့ဝက္ဝံ႐ုပ္ကိုျပန္ေပးဖို႔ေတာင္းေနတဲ့ မ်က္ႏွာေျပာင္တိုက္တဲ့ရည္းစားေဟာင္းရဲ႕မက္ေဆ့ခ်္ကို facebook မွာ ျပန္တင္ဖို႔ဆုံးျဖတ္ခဲ့ပါတယ္။

၎မက္ေဆ့ခ်္မွာ ေကာင္ေလးက Hannah ကို ဝက္ဝံ႐ုပ္ျပန္ေပးဖို႔ ေတာင္းဆိုေနခဲ့ၿပီး ၎အ႐ုပ္က ေဈးႀကီးသလို သူ႔ရဲ႕လက္ရွိရည္းစားအတြက္ အသစ္တစ္႐ုပ္ဝယ္ေပးဖို႔ သူ႔မွာပိုက္ဆံမရွိတဲ့အေၾကာင္းကို ေျပာေနခဲ့ပါတယ္။

ထို႔ေနာက္ Hannah အတြက္ခံျပင္းခဲ့ၾကတဲ့ Netizen မ်ားစြာက Hannah အား သူမမွာ မိန္းကေလးေတြကို ဘယ္လိုေလးစားရမွန္းမသိတဲ့ဒီလိုေကာင္ေလးနဲ႔ျပတ္သြားခဲ့တာကံေကာင္းတယ္လို႔ မွတ္ခ်က္ေပးခဲ့ၾကသလို အခ်ိဳ႕ကလည္း ခ်စ္သူအသစ္က Hannah ရဲ႕ post ကိုေတြ႕ၿပီး လက္ေဆာင္ကိုျငင္းပယ္လိုက္ဖို႔ ေမွ်ာ္လင့္ေနခဲ့ၾကပါတယ္။

ေျပာစရာမလိုေအာင္ဘဲ ဒီပို႔စ္ဟာ အေတာ္ေလးပ်ံ႕ႏွံ႔သြားခဲ့ၿပီး တုံ႔ျပန္မႈေပါင္း 35k ေက်ာ္၊ မွ်ေဝမႈ 18.7k နဲ႔ မွတ္ခ်က္ေပါင္း 2.2k ေက်ာ္ရရွိခဲ့ပါတယ္။ျပတ္သြားတဲ့ရည္းစားေဟာင္းဆီကို လက္ေဆာင္ျပန္ေတာင္းတာကိုေတာ့ မလုပ္သင့္ပါဘူးဗ်ာ။ စာဖတ္သူတို႔ေကာ ဘယ္လိုထင္မိပါသလဲဗ်ာ။

Leave a Comment