တနင်္လာ သြဇာပင်
အင်္ဂါ ခရေပင်
ဗုဒ္ဓဟူး စံပယ်
သောကြာ ပိတောက်ပင်
စနေ သင်အူပင်
Unicode
လူတယောက်အတွက် အလွန်အရေးကြီးတဲ့ မနေသင့်သော ဘုမ္မိအရပ်နဲ့ အိမ်မျက်နှာစာ
လူတယောက်အတွက် ဘုမ္မိအရပ်သည် အလွန်အရေးကြီးဆုံးဖြစ်ပါသည်…။ လေ့လာကြည့်ရင် အချို့အိမ်တွေမှာ အဖက်ဖက်က ပြည့်စုံပေမယ့် အိမ်ထောင်ဦးစီးရဲ့ ဘုမ္မိအရပ် ( ပျက်စီးခြင်းအရပ်မျက်နှာ ) ကို
အိမ်မျက်နှာစာလှည့်ထားတာကြောင့် ဖြစ်နေတက်တာကို သတိထားမိမှာပါ။ ဘုမ္မိကျတဲ့ အခါမျိုးမှာ အဆိုပါ အိမ်တွေမှာ စီးပွားရေးမှာ ဘယ်လိုပဲ ကြိုးစားလဲ အဖတ်မတင်ခြင်း ၊ အိမ်တွင်းရေး ၊ မိသားစုရေး ပျော်ရွှင်မှုပျက်သုဉ်းခြင်း ၊
မိသားစုတွင်း ကျန်းမာရေးအားနည်းချက်တစ်ဦးမဟုတ်တစ်ဦးဖြစ်တတ်ခြင်း စတဲ့ အခက်အခဲပြသနာအချို့ကြုံရတတ်တယ်လို့ အဆိုရှိခဲ့ပါတယ်။
အဲတော့ အိမ်ထောင်ဦးစီးတို့ရဲ့ နေ့နံအလိုက် သတိထားရှောင်ရှားရမယ့် ဘုမ္မိအရပ် ဆိုတာ ဘယ်အရပ်တွေဖြစ်မလဲ…?
နောက်ပြီး ကျန်းမာစီးပွားတက်တဲ့ သီရိအရပ် (မင်္ဂလာရှိတဲ့ အရပ်မျက်နှာ) က ဘယ်အရပ်ဖြစ်မလဲ…? နောက်ပြီး လာဘ်လာဘပွင့်တဲ့ တေဇအရပ် က ဘယ်အရပ်တွေဖြစ်မလဲ…?
တနင်္ဂနွေသားသမီး ဘုမ္မိ (တောင်အရပ်) (ရှောင်ရန်)၊ သီရိ (မြောက်အရပ်)၊ တေဇ (အနောက်အရပ်)
တနင်္ဂလာသားသမီး… ဘုမ္မိ (အနောက်တောင်အရပ်) (ရှောင်ရန်)၊ သီရိ (အရှေ့တောင်အရပ်)၊ တေဇ (အနောက်မြောက်အရပ်)
အင်္ဂါသားသမီး… ဘုမ္မိ (အနောက်အရပ်) (ရှောင်ရန်)၊ သီရိ (အရှေ့အရပ်)၊ တေဇ (မြောက်အရပ်)
ဗုဒ်ဒဟူးသားသမီး… ဘုမ္မိ (အနောက်မြောက်) (ရှောင်ရန်)၊ သီရိ (အရှေ့တောင်)၊ တေဇ (အရှေ့မြောက်)
ကြာသပတေးသားသမီး… ဘုမ္မိ (အရှေ့မြောက်) (ရှောင်ရန်)၊ သီရိ (အနောက်တောင်)၊ တေဇ (အရှေ့တောင်)
ရာဟုသားသမီး… ဘုမ္မိ ( အရှေ့အရပ်) (ရှောင်ရန်)၊ သီရိ (အနောက်အရပ်)၊ တေဇ ( တောင်အရပ်)
သောကြာသားသမီး… ဘုမ္မိ (အရှေ့တောင်အရပ်) (ရှောင်ရန်)၊ သီရိ (အနောက်မြောက်အရပ်)၊ တေဇ (အနောက်တောင်အရပ်)
စနေသားသမီး… ဘုမ္မိ (မြောက်အရပ်) (ရှောင်ရန်)၊ သီရိ (အရှေ့အရပ်)၊ တေဇ (မြောက်အရပ်)
ဒါဆိုရင်_အိမ်ထောင်ဦးစီးရဲ့နေ့နံဟာ_ဘုမ္မိအရပ်မျက်နှာလည့်တဲ့အိမ်မျိုးမှာနေမိနေခဲ့ရင်_ဘယ်လိုလုပ်မလဲ ???
အညံ့ဆိုး ကနေလွတ်မြောက်အောင် နေ့သားအလိုက် အမြစ်အညွန့်အပင်ကို အိမ်ခြံဝန်းရှေ့မှာ စိုက်ပျိုးပေးရပါမယ်။
နေ့သားအလိုက်_အမြစ်အညွန့်အပင်
တနင်္ဂနွေ ဒါန်းကြီး (သို့)နေကြာ ပင်
တနင်္လာ သြဇာပင်
အင်္ဂါ ခရေပင်
ဗုဒ္ဓဟူး စံပယ်
ကြာသပတေး လသာ (သို့) လောက်သေ
သောကြာ ပိတောက်ပင်
စနေ သင်အူပင်
အထက်ပါအတိုင်း သစ်ပင်စိုက်ယတြာကို ဆောင်ရွက်ခြင်းဖြင့် ဘုမ္မိအရပ်မျက်နှာမူမိသောနေအိမ်အတွက် အညံ့ဆိုးကင်းလွတ်ကာ အဆင်ပြေချောမွေ့ပါလိမ့်မယ်ရှင်…။
မူရင်းရးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။