(၃)ဆလောက်မြင့်တက်သွားတဲ့ လက်ရှိအဝေးပြေး ကားလက်မှတ်ခနှုန်းထားများ
စက်သုံးဆီစျေးတွေအဆမတန်မြင့်တက်လာတာနှင့်အမျှကုန်စျေးနှုန်းများလည်း တရိပ်ရိပ်မြင့်တက်လာခဲ့တာပါ။ ထိုနည်းတူစွာ အဝေးပြေးယာဥ်လိုင်းများမှယာဥ်စီးခနှုန်းထားတွေကလည်း ၃ဆနီးပါးမြင့်တက်သွားတာပဲဖြစ်ပါတယ်။
ယာဥ်လိုင်းတစ်ချို့မှာလည်း ခရီးသည်မရတဲ့အတွက်ယာဥ်လိုင်းပြေးဆွဲမှုများလည်း ရပ်နားထားရတယ်လို့သိရပါတယ်။အရင်ကရန်ကုန် −မန္တလေး လမ်းကြောင်းကို ကျပ်တစ်သောင်းကျော် နှစ်သောင်းဝန်းကျင်လောက်သာရှိတဲ့ယာဥ်စီးခများဟာယခု (၃၀၀၀၀)ကျပ်မှ (၄၀၀၀၀)ကျော်ထိမြင့်တက်သွားတာပဲဖြစ်ပါတယ်။
ယခုလက်ရှိ ပြည်တွင်းရှိပြေးဆွဲလျှက်ရှိသော မြို့နယ်အချို့၏ ယာဥ်စီးခနှုန်းထားများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။
၁။ ရန်ကုန် − မန္တလေး- ရန်ကုန် ခရီးစဥ်အတွက်
ရိုးရိုး − ၂၂၀၀၀ ကျပ်မှ ၂၇၀၀၀ ကျပ်ထိ
အထူးကား – ၃၀၀၀၀ ကျပ်မှ ၄၂၈၀၀ ကျပ်ထိ
၂။ ရန်ကုန် −နေပြည်တော်−ရန်ကုန်ခရီးစဥ်အတွက်
ရိုးရိုး – ၁၈၀၀၀ ကျပ်မှ ၂၂၀၀၀ကျပ်ထိ
အထူးကား- ၂၄၀၀၀ ကျပ်
၃။ရန်ကုန် -မော်လမြိုင် −ရန်ကုန်ခရီးစဥ်အတွက်
ရိုးရိုး -၁၈၀၀၀ ကျပ်
အထူးကား- ၂၃၀၀၀ ကျပ်
၄။ရန်ကုန် -မုံရွာ −ရန်ကုန်ခရီးစဥ်အတွက်
ရိုးရိုး – ၂၃၀၀၀ ကျပ် မှ ၂၅၀၀၀ကျပ်ထိ
အထူးကား-၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ထိ
၅။ရန်ကုန်- စစ်ကိုင်း −ရန်ကုန်ခရီးစဥ်အတွက်
ရိုးရိုး- ၂၃၀၀၀ ကျပ်မှ ၂၇၀၀၀ ကျပ်ထိ
အထူးကား -၃၅၀၀၀ ကျပ်
၆။ရန်ကုန်−ပြင်ဦးလွင် − ရန်ကုန်ခရီးစဥ်အတွက်
ရိုးရိုး – ၂၇၀၀၀ ကျပ်မှ ၂၉၀၀၀ ကျပ်ထိ
အထူးကား- ၃၃၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ထိ
၇။ရန်ကုန်-ပုဂံ−ရန်ကုန် ခရီးစဥ်အတွက်
ရိုးရိုး -၂၃၀၀၀ ကျပ်မှ ၂၇၀၀၀ ကျပ်ထိ
အထူးကား – ၂၈၀၀၀ ကျပ် မှ ၃၅၀၀၀ ကျပ်ထိ
၈။ရန်ကုန် – တောင်ကြီး −ရန်ကုန်ခရီးစဥ်အတွက်
ရိုးရိုး – ၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ကျပ်ထိ
အထူးကား – ၃၅၀၀၀ ကျပ်
၉။ရန်ကုန်- မြစ်ကြီးနား−ရန်ကုန် ခရီးစဥ်အတွက်
ရိုရိုး- ၅၀၀၀၀ကျပ်
အထူးကား- ၅၅၀၀၀ကျပ်
၁၀။ ရန်ကုန် -မူဆယ်- ရန်ကုန်ခရီးစဥ်အတွက်
ရိုးရိုး -၅၅၀၀၀ကျပ်
အထူးကား – ၆၀၀၀၀ ကျပ်
၁၁။ရန်ကုန်-လာရှိုး −ရန်ကုန်ခရီးစဥ်အတွက်
ရိုးရိုးကား – ၄၀၀၀၀ ကျပ်
အထူးကား- ၄၅၀၀၀ကျပ်
၁၂။ ရန်ကုန် -ကလေး −ရန်ကုန် ခရီးစဥ်အတွက်
ရိုရိုးကား – ၆၅၀၀၀ ကျပ်
၁၃။ ရန်ကုန် – လွိုင်ကော် −ရန်ကုန်ခရီးစဥ်အတွက်
ရိုးရိုးကား- ၃၅၀၀၀ ကျပ် မှ ၄၅၀၀၀ကျပ်ထိ
၁၄။ရန်ကုန် -ထားဝယ်−ရန်ကုန်ခရီးစဥ်အတွက်
ရိုးရိုကား ၃၅၀၀၀ ကျပ်မှ ၄၃၀၀၀ ကျပ်ထိ
၁၅။ရန်ကုန် -စစ်တွေ −ရန်ကုန်ခရီးစဥ်အတွက်
အထူးကား- ၅၀၀၀၀ ကျပ်
၁၅။ရန်ကုန်- ကော့သောင်း−ရန်ကုန်ခရီးစဥ်အတွက်
ရိုးရိုး – ၈၀၀၀၀ ကျပ်
၁၆။ရန်ကုန် -ဘာအံ −ရန်ကုန် ခရီးစဥ်အတွက်
ရိုးရိုး -၁၀၀၀၀ ကျပ်
အထူးကား -၁၂၀၀၀ကျပ်
၁၇။ရန်ကုန် -ပြည်−ရန်ကုန် ခရီးစဥ်အတွက်
ရိုရိုး – ၁၅၀၀၀ ကျပ်
၁၈။ရန်ကုန် − မကွေး −ရန်ကုန် ခရီးစဥ်အတွက်
ရိုးရိုး – ၂၂၀၀၀ ကျပ် မှ ၂၆၀၀၀ ကျပ်ထိ
၁၉။ မန္တလေး – နေပြည်တော် – မန္တလေးခရီးစဥ်အတွက်
ရိုးရိုး- ၁၇၀၀၀ ကျပ် မှ ၂၀၀၀၀ ကျပ်ထိ
၂၀။ မန္တလေး – မော်လမြိုင် -မန္တလေး ခရီးစဥ်အတွက်
ရိုးရိုး – ၂၅၀၀၀ ကျပ်မှ ၃၅၀၀၀ကျပ်ထိ
အထူးကား- ၄၅၀၀၀ကျပ်
ယခုဖော်ပြပါစျေးနှုန်းများသည် ၂၀၂၂ခုနှစ် ၊စတင်ဘာလ(၆) ရက် နေ့လက်ရှိဖြစ်ပေါ်နေသော ယာဥ်စီးခနှုန်းထားများဖြစ်ပါသည်။စက်သုံးဆီစျေးနှုန်းများလည်း တရိပ်ရိပ်မြင့်တက်လာနေတာဖြစ်သည့်အတွက် ယာဥ်စီးခနှုန်းထားများလည်း အချိန်နှင့်အမျှအပြောင်းအလဲများဖြစ်ပေါ်လာနိုင်ပါတယ်။
crd