ယေန႔မွစၿပီး စက္တင္ဘာ ၁၀ ရက္ေန႔အတြင္း မိုးႀကီးေရလွ်ံႏိုင္ေသာ တိုင္းႏွင့္ျပည္နယ္မ်ား…

ယနေ့မှစပြီး စက်တင်ဘာ ၁၀ရက်နေ့အတွင်း မိုးကြီးရေလျှံနိုင်သော တိုင်းနှင့်ပြည်နယ်များ…

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးမည့် သတိပေးချက်များကို ၂၀၂၂ခုနှစ် ၊

စက်တင်ဘာ (၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၃:၀၀)နာရီအချိန်တွင် သတိပေးချက်များ ထုတ်ပြန်လိုက်ပါသည်။

ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ယနေ့ညနေမှ (၁၀.၉.၂၀၂၂) ရက်နေ့အတွင်း

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်း ကြောင့်လည်းကောင်း၊

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်

အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊

ဒေသ အလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မ(၇၇-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်ပါသည်။

ခရက်ဒစ်

Zawgyi

ယေန႔မွစၿပီး စက္တင္ဘာ ၁၀ရက္ေန႔အတြင္း မိုးႀကီးေရလွ်ံႏိုင္ေသာ တိုင္းႏွင့္ျပည္နယ္မ်ား…

မိုးေလဝသႏွင့္ ဇလေဗဒဦးစီးဌာနမွ ေလျပင္းတိုက္ခတ္ျခင္းႏွင့္ မိုးႀကီးမည့္ သတိေပးခ်က္မ်ားကို ၂၀၂၂ခုႏွစ္ ၊

စက္တင္ဘာ (၄)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ (၁၃:၀၀)နာရီအခ်ိန္တြင္ သတိေပးခ်က္မ်ား ထုတ္ျပန္လိုက္ပါသည္။

ယေန႔ ျမန္မာစံေတာ္ခ်ိန္ (၁၃:၃၀) နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ယေန႔ညေနမွ (၁၀.၉.၂၀၂၂) ရက္ေန႔အတြင္း

ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလ အားေကာင္းရာမွ အားအလြန္ေကာင္းေနျခင္း ေၾကာင့္လည္းေကာင္း၊

ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းႏွင့္ ယင္းႏွင့္ ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္

အေနာက္အလယ္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ အားေကာင္းေသာ ေလဖိအားနည္းရပ္ဝန္း၏ အရွိန္ေၾကာင့္လည္းေကာင္း

ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊

ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊

ေဒသ အလိုက္မိုးႀကီးျခင္း၊ ေနရာကြက္၍ မိုးႀကီးျခင္းမ်ားႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္းမ်ား ျဖစ္ေပၚႏိုင္ပါသည္။

ယင္းကာလအတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊တနသၤာရီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊

ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ (၂၄)နာရီအတြင္း မိုးေရခ်ိန္ (၃)လက္မ(၇၇-မီလီမီတာ)ႏွင့္အထက္ ႐ြာသြန္းႏိုင္ပါသည္။

ခရက္ဒစ္

Leave a Comment