အချစ်စစ်နဲ့ ချစ်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ

အချစ်စစ်နဲ့ ချစ်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ

အချစ်စစ်နဲ့ ချစ်တဲ့ ချစ်သူတွေဆိုတာကတော့ အေးအတူ ပူအမျှ ဆိုတဲ့ စိတ်က အလိုလို ပေါ်ပေါက်လာပြီးသား ဖြစ်နေမှာပါ။ အခြေအနေတိုင်းမှာ ချစ်သူ ဘေးနား ရှိနေချင်ပါတယ်။

ချစ်သူလေးကို အချစ်စစ်နဲ့ ချစ်တာလား

ချစ်သူလေးတို့ရေ ကိုယ်ဘေးမှာ ရှိနေတဲ့ ချစ်သူလေးကို တကယ်ပဲ ချစ်တာလား။ ချစ်သူလေးကရော ကိုယ့်ကို တကယ် ပြန်ချစ်နေတာလား။ ချစ်ခြင်းဆိုတာ အခြေအနေ အချိန် အခါနဲ့ လိုက်ပြီး ပြောင်းလဲသွားတဲ့ အချစ်နဲ့ ချစ်တာလား။ ဘယ်အရာမှ ကြားဝင် မနှောင့်ယှက်နိုင်တဲ့ချစ်ခြင်းမျိုးနဲ့ ချစ်တာလား ဆိုတာကို ဆန်းစစ်နိုင်အောင် Marry က ပြောပြပေးလိုက်ရပါတယ်နော်။

သူ့ အပူတိုင်း ကိုယ့်အပူလို့ ခံစားရတယ်

လူဆိုတာကတော့ ပူပန် သောကတွေနဲ့ မကင်းတဲ့ သက်ရှိပဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ချစ်ရတဲ့သူမှာ အဆင် မပြေတာ တစ်ခုခု တွေ့ကြုံရတဲ့အချိန်တိုင်း ကိုယ့်အပူလိုပဲ ခံစားနေရတယ် ဆိုရင်တော့ သေချာပါတယ်။ ချစ်သူလေးကို အချစ်စစ်နဲ့ ချစ်မိသွားပါပြီ။

အချစ်စစ်လား မစစ်ဘူးလား ဆိုတာကိုတော့ အဆင်ပြေနေတဲ့အချိန်တွေမှာ အေးချမ်းနေတဲ့ အချိန်တွေမှာ တော်တန်ရုံ တိုင်းတာလို့ မရသလို ခံစားလို့လည်း မရနိုင်ပါဘူး။ အဆင်မပြေမှုတွေ တွေ့ကြုံရတဲ့အချိန်မှ သိနိုင်တာမျိုးပါ။

အချိန်တိုင်း ဘေးမှာ နေချင်တယ်

အချစ်စစ်နဲ့ ချစ်တဲ့ ချစ်သူတွေဆိုတာကတော့ အေးအတူ ပူအမျှ ဆိုတဲ့ စိတ်က အလိုလို ပေါ်ပေါက်လာပြီးသား ဖြစ်နေမှာပါ။ အခြေအနေတိုင်းမှာ ချစ်သူ ဘေးနား ရှိနေချင်ပါတယ်။ အချိန်တိုင်း အဆင် မပြေမှုတွေကို နှစ်သိမ့်ပေးဖို့ ဝမ်းနည်းတဲ့အချိန်မှာ အတူတူ ငိုပေးဖို့ ၊ ပျော်စရာတွေ တွေ့ကြုံရတဲ့အချိန်မှာ အတူတူ ရယ်မောပေးဖို့ ဆိုပြီး ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဘေးနား အချိန်တိုင်း ရှိနေချင်ပါတယ်။

ချစ်သူလေးတို့ရော ကိုယ့်ချစ်သူလေးကို တကယ့် မေတ္တာစစ် အချစ်စစ်နဲ့ ချစ်မိနေပြီလား။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ဘေးနား နေပြီး သူ့မျက်နှာက အပြုံးလေးတွေရဲ့ ပိုင်ရှင် ဖြစ်နေချင်တယ် ဆိုရင်တော့ အချစ်စစ်နဲ့ ချစ်မိနေတာ သေချာနေပါပြီလို့ ပြောပြပေးလိုက်ရပါတယ်။

Credit

 

အခ်စ္စစ္နဲ႔ ခ်စ္တယ္ဆိုတာ ဘယ္လိုသိႏိုင္မလဲ

အခ်စ္စစ္နဲ႔ ခ်စ္တဲ့ ခ်စ္သူေတြဆိုတာကေတာ့ ေအးအတူ ပူအမွ် ဆိုတဲ့ စိတ္က အလိုလို ေပၚေပါက္လာၿပီးသား ျဖစ္ေနမွာပါ။ အေျခအေနတိုင္းမွာ ခ်စ္သူ ေဘးနား ရွိေနခ်င္ပါတယ္။

ခ်စ္သူေလးကို အခ်စ္စစ္နဲ႔ ခ်စ္တာလား

ခ်စ္သူေလးတို႔ေရ ကိုယ္ေဘးမွာ ရွိေနတဲ့ ခ်စ္သူေလးကို တကယ္ပဲ ခ်စ္တာလား။ ခ်စ္သူေလးကေရာ ကိုယ့္ကို တကယ္ ျပန္ခ်စ္ေနတာလား။ ခ်စ္ျခင္းဆိုတာ အေျခအေန အခ်ိန္ အခါနဲ႔ လိုက္ၿပီး ေျပာင္းလဲသြားတဲ့ အခ်စ္နဲ႔ ခ်စ္တာလား။ ဘယ္အရာမွ ၾကားဝင္ မေႏွာင့္ယွက္ႏိုင္တဲ့ခ်စ္ျခင္းမ်ိဳးနဲ႔ ခ်စ္တာလား ဆိုတာကို ဆန္းစစ္ႏိုင္ေအာင္ Marry က ေျပာျပေပးလိုက္ရပါတယ္ေနာ္။

သူ႔ အပူတိုင္း ကိုယ့္အပူလို႔ ခံစားရတယ္

လူဆိုတာကေတာ့ ပူပန္ ေသာကေတြနဲ႔ မကင္းတဲ့ သက္ရွိပဲ ျဖစ္ပါတယ္။ တကယ္လို႔ ကိုယ္ခ်စ္ရတဲ့သူမွာ အဆင္ မေျပတာ တစ္ခုခု ေတြ႕ႀကဳံရတဲ့အခ်ိန္တိုင္း ကိုယ့္အပူလိုပဲ ခံစားေနရတယ္ ဆိုရင္ေတာ့ ေသခ်ာပါတယ္။ ခ်စ္သူေလးကို အခ်စ္စစ္နဲ႔ ခ်စ္မိသြားပါၿပီ။

အခ်စ္စစ္လား မစစ္ဘူးလား ဆိုတာကိုေတာ့ အဆင္ေျပေနတဲ့အခ်ိန္ေတြမွာ ေအးခ်မ္းေနတဲ့ အခ်ိန္ေတြမွာ ေတာ္တန္႐ုံ တိုင္းတာလို႔ မရသလို ခံစားလို႔လည္း မရႏိုင္ပါဘူး။ အဆင္မေျပမႈေတြ ေတြ႕ႀကဳံရတဲ့အခ်ိန္မွ သိႏိုင္တာမ်ိဳးပါ။

အခ်ိန္တိုင္း ေဘးမွာ ေနခ်င္တယ္

အခ်စ္စစ္နဲ႔ ခ်စ္တဲ့ ခ်စ္သူေတြဆိုတာကေတာ့ ေအးအတူ ပူအမွ် ဆိုတဲ့ စိတ္က အလိုလို ေပၚေပါက္လာၿပီးသား ျဖစ္ေနမွာပါ။ အေျခအေနတိုင္းမွာ ခ်စ္သူ ေဘးနား ရွိေနခ်င္ပါတယ္။ အခ်ိန္တိုင္း အဆင္ မေျပမႈေတြကို ႏွစ္သိမ့္ေပးဖို႔ ဝမ္းနည္းတဲ့အခ်ိန္မွာ အတူတူ ငိုေပးဖို႔ ၊ ေပ်ာ္စရာေတြ ေတြ႕ႀကဳံရတဲ့အခ်ိန္မွာ အတူတူ ရယ္ေမာေပးဖို႔ ဆိုၿပီး ဘယ္လို အေျခအေနပဲ ျဖစ္ျဖစ္ ေဘးနား အခ်ိန္တိုင္း ရွိေနခ်င္ပါတယ္။

ခ်စ္သူေလးတို႔ေရာ ကိုယ့္ခ်စ္သူေလးကို တကယ့္ ေမတၱာစစ္ အခ်စ္စစ္နဲ႔ ခ်စ္မိေနၿပီလား။ ဘယ္လိုပဲ ျဖစ္ျဖစ္ သူ႔ေဘးနား ေနၿပီး သူ႔မ်က္ႏွာက အၿပဳံးေလးေတြရဲ႕ ပိုင္ရွင္ ျဖစ္ေနခ်င္တယ္ ဆိုရင္ေတာ့ အခ်စ္စစ္နဲ႔ ခ်စ္မိေနတာ ေသခ်ာေနပါၿပီလို႔ ေျပာျပေပးလိုက္ရပါတယ္။

Credit

Leave a Comment