မနက် အိပ်ရာထချိန် များမှာ လက်ချောင်းလေးတွေ တင်းနေပြီး၊ လေ့ကျင့်ခန်း လုပ်တာတောင် မပြေချင်တဲ့ အနေအထား မျိုးဖြစ်နေကြသူများ ကို ထုံကျင်နာများ ပျောက်ကင်းစေပြီး ရောဂါကင်းဝေးစေချင်လို့ ဒီဆေးနည်းလေးကို မျှဝေ တင်ပြ ပေးလိုက်ပါတယ်
ဒီဆေးနည်းလေး ကတော့ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ် နေရသူများ ဖြစ်ကြတဲ့ ရုံးသမားများ စက်ချုပ်သမားများ ၊ စားဝတ်နေရေးအတွက် မိုးလင်း မှ မိုးချုပ် တစ်နေကုန် အလုပ်ခွင်ထဲမှာ အလုပ် များနေသူများ အတွက် ရောဂါ ကင်းဝေးစေရေး နည်းလေး ဖြစ်ပါတယ် ။
အချိန်တွေ ကြာလာတဲ့အခါ ခြေထောက် ၊ ဒူးနှင့် ပေါင်များဟာ ထုံကျဉ် လာတတ်ပါတယ် ။ ဒီလိုမျိုးတွေ ဖြစ်လာတဲ့အခါ ဆေးလိမ်း၍ မသက်သာဘဲ ဖြစ်တတ်ပါတယ် ။ ။
နွေရာသီမှာ ခံနိုင်ပေမယ့် မိုး နဲ့ ဆောင်းမှာတော့ ထုံကျဉ်တဲ့ ဝေဒနာများဟာ ပို၍ ဆိုးရွားလာကာ လေဖြတ်ချင်တဲ့ အထိဖြစ်မှုများကို ပျောက်ကင်း စေနိုင်ပါတယ်လို့ သိရပါတယ် ။ ။
တစ်ခြားနည်း တွေလည်း ရှိပေမယ့် ဒီဆေးနည်းလေး ကတော့ ရှာဖွေ အသုံးပြုရန် ပစ္စည်းများဟာ လွယ်ကူလွန်းပြီး ပြုလုပ်ပုံကလည်း မခက်ခဲတာမို့ ကိုယ်တိုင် ရောဂါ မဖြစ်လို့ အသုံးမပြုခဲ့ရင်တောင် တစ်ခြားသူများကို နည်းလမ်းလေး ညွှန်ကြားပေးစေလိုတဲ့ ဆန္ဒနှင့် ထပ်ဆင့် တင်ပြပေးတာ ဖြစ်ပါတယ် ။ လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ ချင်းတက် ၊ စပါးလင် ၊ သံပုရာသီးတို့ပဲ ဖြစ်ပါတယ် ။ ။
ဒီပစ္စည်းလေးတွေကို ပထမဦးဆုံးတော့ ထောင်းမယ့်ဆုံ ကို သန့်အောင် ပြုလုပ်ပေး ရပါမယ် ။ ပြီးတဲ့အခါ ချင်းတက် နှင့် စပါးလင်ကို ထောင်းထားပြီး ၊ အဲဒီထောင်းထားပြီးသား နှစ်မျိုးထဲကို သံပုရာသီး နှစ်လုံးလောက်ကို အရည်ညှစ်ထည့်ပြီး လက်ဖြင့် နယ်ပေးရပါမယ် ။
ပေါင်းစပ်နယ်ထားတဲ့ အတွက် ထွက်လာတဲ့အရည်များကို ည အိပ်ရာဝင်ချိန်တွင် ပေါင်တံရင်း မှနေ၍ ခြေဖျားအထိ အထက် မှ အောက်ကို ပူလာတိုင်း လိမ်းပေးပြီးမှ အိပ်ရာဝင်ရပါမယ် ။
သုံးလေးရက် ဆက်တိုက် နေ့တိုင်း လိမ်းပေးပါက ထုံကျဉ်မှုများပျောက်သွားပါလိမ့်မယ် ။ ။
စပါးလင် ၊ ချင်း ၊ သံပုရာသီး တို့ကတော့ ရှာဖွေရတာ လွယ်ကူတဲ့အတွက် ပို၍ အသုံးပြုနိုင်မယ့် ဆေးနည်းလေးလို့ ပြောချင်ပါတယ် ။ ထုံနာကျဉ်နာဘေးမှကင်းဝေးကြပါစေ ။ ။
credit to original writer