တာယာလဲမယ္ဆို တာယာေပၚမွာ ပါတဲ့ အနီစက္၊ အ၀ါစက္တို႕ အေၾကာင္း…
တာယာေပၚက အနီစက္၊ အဝါစက္ေတြဟာ တာယာ တပ္ဆင္ရာမွာ အသုံးျပဳဖို႔… တာယာ ထုတ္လုပ္သူက ထည့္ေပးထားတဲ့ အၫႊန္း ျဖစ္ပါတယ္။
တခ်ိဳ႕တာယာဆိုင္ေတြ ဟာ ဒါကို လုံးဝ ဂ႐ုမျပဳဘဲ တပ္ဆင္ ေပးေနၾကပါတယ္။ မသိတာလဲ ျဖစ္ႏိုင္ပါတယ္။ တာယာ ဟာ လုံးဝန္းၿပီး ပတ္လည္ အေလးခ်ိန္ ညီမွ်ဖို႔ လိုပါတယ္။
ထုတ္လုပ္ရာမွာ အေၾကာင္းေၾကာင္းေၾကာင့္ ပတ္လည္ အေလးခ်ိန္ မညီမွ်မႈ၊ အဝန္း နိမ့္ျခင္း၊ ျမင့္ျခင္းေတြ ရွိပါတယ္။ အနီစက္၊ အဝါစက္ေတြ ဟာ အဲ့ဒီလို ေနရာေတြကို မွတ္ေပးလိုက္တာ ျဖစ္ပါတယ္။
ဒီ အမွတ္ေတြ ကို ေဂြရဲ႕ထားသင့္တဲ့ ေနရာေတြနဲ႔ ခ်ိန္ညႇိထားမယ္ဆိုရင္… ဘီးကို လုံးဝန္းၿပီး ပတ္လည္ အေလးခ်ိန္ ညီမွ်ဖို႔ အေထာက္အကူ ျပဳပါတယ္။
တာယာသံ ညက္ၿပီး သက္ေတာင့္သက္သာ ျဖစ္ေစပါမယ္။ တုန္ခါမႈ ေလ်ာ့နည္းေစပါမယ္။ Wheel balance ျပန္ခ်ိန္မယ္ ဆိုရင္လည္း… ပိုမို လြယ္ကူၿပီး အေလးတုံး သုံးစြဲရတာကို ေလ်ာ့က် ေစပါလိမ့္မယ္။
ကုန္က်စရိတ္ သက္သာ ေစပါလိမ့္မယ္။ အနီစက္ဟာ… တာယာရဲ႕ အျမင့္ဆုံး အဝန္းေနရာကို ၫႊန္ျပထားတာ ျဖစ္ပါတယ္။ ေဂြမွာလည္း အဝန္းနိမ့္ေနတဲ့ ေနရာကို အစက္၊ အေပါက္၊ စေတကာနဲ႔ ၫႊန္ျပ ထားတတ္ ပါ တယ္။
တာယာက အနီစက္ကို ေဂြရဲ႕ အဝန္း အနိမ့္ဆုံေနရာနဲ႔ ခ်ိန္ညႇိ တပ္ဆင္ရမွာ ျဖစ္ ပါ တယ္။ တာယာမွာ အနီစက္ေရာ၊ အဝါစက္ေရာ ပါေန ခဲ့မယ္ဆိုရင္ေတာ့… အနီစက္ကို ဦးစားေပးရပါမယ္။
ေဂြရဲ႕ အဝန္း အနိမ့္ဆုံးေနရာကို မသိရင္ေတာ့ ဘားတိုင္နဲ႔ တည့္တည့္ေနရာမွာ ခ်ိန္ညႇိေနရာခ်ထားေပးရမွာ ျဖစ္ ပါ တယ္။ အဝါစက္ဟာ… တာယာရဲ႕ အေပါ့ဆု ေးေနရာကို ၫႊန္ျပထားတာ ျဖစ္ပါ တယ္။
တာယာ တပ္ဆင္ရာမွာ… ဒီ အဝါစက္ကို ဘားတိုင္နဲ႔ တည့္တည့္ေနရာမွာ ခ်ိန္ညႇိ ေနရာ ခ်ထားေပးရမွာ ျဖစ္ ပါ တယ္။ ဘားတိုင္ ရွိတဲ့ေနရာ ဟာ ေဂြရဲ႕အေလးဆုံး ေနရာ ျဖစ္ေလ့ ရွိ ပါ တယ္။
ေနာက္တခါ တာယာ လဲမယ္ ဆိုရင္… ဒီ အခ်က္ေလးေတြ ကို သတိျပဳခိုင္းပါ။
မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ credit ေပး ပါ သည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။
Unicode
တာယာလဲမယ်ဆို တာယာပေါ်မှာ ပါတဲ့ အနီစက်၊ အဝါစက်တို့ အကြောင်း…
တာယာပေါ်က အနီစက်၊ အဝါစက်တွေဟာ တာယာ တပ်ဆင်ရာမှာ အသုံးပြုဖို့… တာယာ ထုတ်လုပ်သူက ထည့်ပေးထားတဲ့ အညွှန်း ဖြစ်ပါတယ်။
တချို့တာယာဆိုင်တွေ ဟာ ဒါကို လုံးဝ ဂရုမပြုဘဲ တပ်ဆင် ပေးနေကြပါတယ်။ မသိတာလဲ ဖြစ်နိုင်ပါတယ်။ တာယာ ဟာ လုံးဝန်းပြီး ပတ်လည် အလေးချိန် ညီမျှဖို့ လိုပါတယ်။
ထုတ်လုပ်ရာမှာ အကြောင်းကြောင်းကြောင့် ပတ်လည် အလေးချိန် မညီမျှမှု၊ အဝန်း နိမ့်ခြင်း၊ မြင့်ခြင်းတွေ ရှိပါတယ်။ အနီစက်၊ အဝါစက်တွေ ဟာ အဲ့ဒီလို နေရာတွေကို မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီ အမှတ်တွေ ကို ဂွေရဲ့ထားသင့်တဲ့ နေရာတွေနဲ့ ချိန်ညှိထားမယ်ဆိုရင်… ဘီးကို လုံးဝန်းပြီး ပတ်လည် အလေးချိန် ညီမျှဖို့ အထောက်အကူ ပြုပါတယ်။
တာယာသံ ညက်ပြီး သက်တောင့်သက်သာ ဖြစ်စေပါမယ်။ တုန်ခါမှု လျော့နည်းစေပါမယ်။ Wheel balance ပြန်ချိန်မယ် ဆိုရင်လည်း… ပိုမို လွယ်ကူပြီး အလေးတုံး သုံးစွဲရတာကို လျော့ကျ စေပါလိမ့်မယ်။
ကုန်ကျစရိတ် သက်သာ စေပါလိမ့်မယ်။ အနီစက်ဟာ… တာယာရဲ့ အမြင့်ဆုံး အဝန်းနေရာကို ညွှန်ပြထားတာ ဖြစ်ပါတယ်။ ဂွေမှာလည်း အဝန်းနိမ့်နေတဲ့ နေရာကို အစက်၊ အပေါက်၊ စတေကာနဲ့ ညွှန်ပြ ထားတတ် ပါ တယ်။
တာယာက အနီစက်ကို ဂွေရဲ့ အဝန်း အနိမ့်ဆုံနေရာနဲ့ ချိန်ညှိ တပ်ဆင်ရမှာ ဖြစ် ပါ တယ်။ တာယာမှာ အနီစက်ရော၊ အဝါစက်ရော ပါနေ ခဲ့မယ်ဆိုရင်တော့… အနီစက်ကို ဦးစားပေးရပါမယ်။
ဂွေရဲ့ အဝန်း အနိမ့်ဆုံးနေရာကို မသိရင်တော့ ဘားတိုင်နဲ့ တည့်တည့်နေရာမှာ ချိန်ညှိနေရာချထားပေးရမှာ ဖြစ် ပါ တယ်။ အဝါစက်ဟာ… တာယာရဲ့ အပေါ့ဆု ေးနေရာကို ညွှန်ပြထားတာ ဖြစ်ပါ တယ်။
တာယာ တပ်ဆင်ရာမှာ… ဒီ အဝါစက်ကို ဘားတိုင်နဲ့ တည့်တည့်နေရာမှာ ချိန်ညှိ နေရာ ချထားပေးရမှာ ဖြစ် ပါ တယ်။ ဘားတိုင် ရှိတဲ့နေရာ ဟာ ဂွေရဲ့အလေးဆုံး နေရာ ဖြစ်လေ့ ရှိ ပါ တယ်။
နောက်တခါ တာယာ လဲမယ် ဆိုရင်… ဒီ အချက်လေးတွေ ကို သတိပြုခိုင်းပါ။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် credit ပေး ပါ သည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။