သွားကိုက်ဝေဒနာကို သက်သာစေမည့် နည်းလမ်းမျာ:

သွားကိုက်လျှင် လူအများစုဟာ အကိုက်အခဲပျောက်ဆေးကို မှီခိုအားထားကြပေမယ့် အကိုက်အခဲပျောက်ဆေး သိပ်တာများလွန်းပါက ကိုယ်ခံအား ထိခိုက်စေနိုင်ပါတယ်။

 

 

၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ

ပဋိဇီဝဖြစ်သော အသုံးပြုနိုင်ခြင်းကြောင့် ကြက်သွန်နီကို သွားကိုက်ဝေဒနာကုသရာမှာ အသုံးပြုနိုင်ပါတယ်။ နာကျင်ကိုက်ခဲမှု လျော့နည်းသက်သာအောင် ကြက်သွန်ဖြူ ၁ မွှာ၊ ၂ မွှာ ကိုက်ပါ သို့မဟုတ် ကြက်သွန်ဖြူမှုန့် အနည်းငယ်နဲ့ ဆားရောစပ်ပြီး ကိုက်ခဲတဲ့သွားပေါ် လိမ်းပေးပါ။

 

 

၂။ ပူစီနံ

ပူစီနံက ခံတွင်းအတွက်သာ ကောင်းတာမဟုတ်ဘဲ သွားကိုက်ဝေဒနာပါ သက်သာစေပါတယ်။ ရေနွေးခွက်ထဲ ပူစီနံရွက်ခြောက် လက်ဖက်ရည်ဇွန်း (၁) ဇွန်း ထည့်ပြီး မိနစ် ၂၀ စိမ်ပါ။ အေးတဲ့အခါ ပလုတ်ကျင်းပြီး ပြန်ထွေးထုတ်ရပါ့မယ်။

 

၃။ ကြက်သွန်နီ

သွားကိုက်ဝေဒနာခံစားနေရသူအတွက် ကြက်သွန်နီဝါးပေးခြင်းက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ကြက်သွန်နီကို နာကျင်ကိုက်ခဲမှု သက်သာစေနိုင်တဲ့ ပိုးသတ်ဆေးအစွမ်းသတ္တိတွေကြောင့် သွားကိုက်ဝေဒနာခံစားရပါက ချက်ချင်း ကြက်သွန်နီကို အချပ်လိုက်လှီးထား၍ ကပ်ပေးပါ။

 

၄။ လေးညှင်းပွင့်ဆီ

သွားတွေ ကိုက်ခဲနေပါက သွားပေါ်မှာ လေးညှင်းပွင့်ဆီတွေ လိမ်းပေးပါက အမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။ လေးညှင်းပွင့်ဆီမှာ ဘက်တီးရီးယားပိုး သေစေနိုင်တဲ့ သတ္တိတွေပါဝင်ပြီး အကိုက်အခဲပျောက်ကင်းစေတဲ့ အစွမ်းသတ္တိကြောင့် သက်သာစေပါတယ်။

 

 

၅။ ဆားရေနွေးနွေး

ရေနွေးတစ်ခွက်ထဲ ဆား (၁) ဇွန်း ခပ်ထည့် သေချာမွှေပေးပြီး အဲဒီအရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် သွားဖုံးရောင်၊ သွားကိုက်ဝေဒနာတွေ လျော့နည်းသက်သာစေနိုင်ပါတယ်။

Credit – မူရင်းရေးသားသူ

Zawgyi ဖြင့်ဖတ်ပါ


 


၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြဴ

 

 



 

 


၃။ ကြက်သွန်နီ

 

 




 

 




Leave a Comment