နည်းနည်းလောက် အရှိန်ထပ်မြှင့်ပါ

ငယ်ငယ်က ကြည့်ဖူးတဲ့ ကာတွန်းကားထဲက ခရုလေးတစ်ကောင် အမှုမဲ့အမှတ်မဲ့ ပြောလိုက်တဲ့စကားကို အခုထိမှတ်မိသေးတယ်

 

”ငါနှေးနေတာ မဟုတ်ဘူး ငါ့အရှိန်ကို ကမ္ဘာကြီးက အမှီမလိုက်နိုင်သေးတာ…”တဲ့ ကဲကြည့်စမ်း ခရုလေးက အမှုမဲ့အမှတ်မဲ့ပြောလိုက်ပေမဲ့ ကျနော်တို့အတွက် အတွေးများစွာ ဝင်စေပါတယ်

 

 

တစ်ခါတစ်ရံခင်ဗျား အားကျတဲ့လူတွေကို ကြည့်ပါ
သူတို့က ခင်ဗျားထက်တော်နေတာ မဟုတ်ဘူး
ခင်ဗျားက သူတို့ထက်ပိုကြိုးစားဖို့ လိုနေတာ

 

 

ခင်ဗျားကို တိုက်ခိုက်နေတဲ့ လူတွေကို ကြည့်စမ်း
ခင်ဗျားပြန်တိုက်ခိုက်ဖို့ မဟုတ်ဘူး။ခင်ဗျား ဘယ်လောက် သည်းခံနိုင်လဲဆိုတာ…သူတို့သိချင်နေတာ

 

 

 

စကားပုံတစ်ခုကြားဖူးတယ်

”ရဲမက်တစ်ရာကို တိုက်ခိုက်နိုင်ရင် မင်းဟာ သူရဲကောင်း”

”လူတစ်ယောက် ဆဲတာကို ဥပေက္ခါ ပြုနိုင်ရင် မင်းဟာ သူတော်ကောင်း”

 

 

”လူတစ်ယောက် အသက်ကိုကယ်နိုင်ရင်တော့ မင်းဟာ နတ်ဘုရား”တဲ့

ဒီတော့…တိုက်ခိုက်နေသူတွေကို ပြန်တိုက်ခိုက်ဖို့ ခင်ဗျားမှာ အချိန်မရှိပါဘူး။ ခင်ဗျား အားကျတဲ့လူတွေလို ဖြစ်ဖို့ သူတို့ထက်တော်ဖို့ ကြိုးစားရမှာနဲ့တင် ခင်ဗျားအချိန်တွေက လောက်ပါ့မလား?

 

နောက်မကျသေးပါဘူး…ခင်ဗျား အရည်အချင်း မပြည့်မှီတာ မဟုတ်ဘူး ခင်ဗျား ကြိုးစားမှု နည်းနေသေးတာ…အဲ့ဒီလူက တော်နေတာမဟုတ်ဘူး ခင်ဗျားက ညံ့နေတာ။Credit – original writter

Zawgyi ဖြင့်ဖတ်ပါ


 

 

 


 

 


 

 


 

 

ခင်ျဗားကို တိုက်ခိုက်နေတဲ့ လူတွေကို ကြည်႕စမ်း

စကားပုံတဈခုကြားဖူးတယ်

 

 



 

 

”လူတဈေယာက် အသက်ကိုကယ်ႏိုင်ရင်ေတာ့ မင်းဟာ နတ်ဘုရား”တဲ့


 

 


Leave a Comment