အစားမစားခ်င္တဲ့ကေလးေတြ စားခ်င္စိတ္ျဖစ္ေအာင္ ဂ်ပန္လူမ်ိဴးတို႕ က်င့္သုံးတဲ့နည္းလမ္း (၅)ခု…

အစားမစားခ်င္တဲ့ကေလးေတြ စားခ်င္စိတ္ျဖစ္ေအာင္ ဂ်ပန္လူမ်ိဴးတို႕ က်င့္သုံးတဲ့နည္းလမ္း (၅)ခု…
မိဘေတြအတြက္ ကေလးေတြကို က်န္းမာေရးနဲ႔ ညီ ၫြတ္ တဲ့ အစားအစာကို စားခိုင္းဖို႔ဆိုတာမလြယ္ပါဘူး။ ကေလးက အခ်ိဳအခ်ဥ္ aတြပဲ ႀကိဳက္တတ္တာမို႔ ကိုယ္ခံအားေကာင္းတဲ့ အစားအစာေတြ၊ ခႏၶာကိုယ္ ဖြံ႕ၿဖိဳးတဲ့ အစားအစာေတြ ေကြၽးရင္

မစားခ်င္ၾက ပါဘူး။ ဒီလို အစားအစာေတြက ခါးတဲ့အျပင္ ႐ုပ္အဆင္းလဲမလွ ကေလးတိုင္းကလည္း မႀကိဳက္ၾကပါဘူး။ ထူးျခားတာ တစ္ခုက… ဂ်ပန္ကကေလးေတြကေတာ့ ဂ်ီးမမ်ား တတ္ၾကတဲ့အျပင္

ထမင္းစားပြဲဝိုင္းေတြမွာလည္း ညစ္ပတ္ေအာင္ မလုပ္ၾကပါဘူး။ ဒါေၾကာင့္ ဂ်ပန္လူမ်ိဳးေတြက သူတို႔ရဲ႕ကေလးေတြကို ဘယ္လို ထိန္းေက်ာင္းလဲ ဆိုတာကို ဒီေန႔မွာေျပာျပေပးသြားပါမယ္ေနာ္။

(၁) အရသာ အသစ္အဆန္းေတြကို အၿမဲတမ္း စားခိုင္းတယ္…

ကေလးေလးေတြဟာ အစားအစာ တစ္ခုတည္းကို အၿမဲတမ္းေကြၽးေနရင္ ၿငီးေငြ႕လာၿပီး… ေနာက္ပိုင္း ဒီအရာကို မစားခ်င္ေတာ့ပါဘူး။ ကေလးတစ္ေယာက္ဟာ အစားအစာ အသစ္ေတြကို

အၿမဲတမ္းစားေနရမယ္လို႔ ဂ်ပန္လူမ်ိဳးမိဘေတြက ခံယူထားၾကပါတယ္။ ကြၽမ္းက်င္သူေတြရဲ႕ အဆိုအရကေတာ့ ကေလးေတြ ငယ္စဥ္ကတည္းက က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အစားအေသာက္ေတြကို စားခိုင္းရင္

ႀကီးလာရင္လည္း အစားအေသာက္ ဂ်ီးမမ်ားဘဲ က်န္းမာသန္စြမ္းတယ္လို႔ ေျပာပါတယ္။ကေလးေတြကို အရသာအသစ္ ျမည္းစမ္းခိုင္းတိုင္း အေတြ႕အႀကဳံအသစ္ေတြ ရၿပီးေတာ့ အစားအေသာက္ေတြကိုလည္း ပိုမို စိတ္ဝင္စားေစလာပါလိမ့္မယ္။

(၂) ကေလးစားခ်င္တာကိုပဲ ေကြၽးပါ…

ကေလးေတြ အစာ စားခ်င္စိတ္ေပ်ာက္တဲ့ အရာတစ္ခုကလည္း သူတို႔မစားခ်င္တာေတြကို ခဏခဏ ေကြၽးေနတာေၾကာင့္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ကေလးကို သူဘာေတြစားခ်င္လဲေမးပါ။ တကယ္လို႔… သူစားခ်င္တဲ့အရာက

မေကာင္းဘူးဆိုရင္လည္း ဘာေၾကာင့္ မေကာင္းဘူးဆိုတဲ့ အခ်က္ကို ေသခ်ာ ရွင္းျပပါ။ ဒီလို လုပ္ျခင္းဟာ မိဘနဲ႔ ကေလးၾကား ဘယ္ အစားအေသာက္ေတြက မသင့္ေတာ္ဘူးလဲ ဆိုတာကို ပိုသိလာေစပါတယ္။

(၃) ပန္းကန္ျပား ေသးေသး လွလွေလးေတြနဲ႔ ေကြၽးပါ…

ပန္းကန္ျပား ေသးေသးေလးေတြနဲ႔ ကေလးေတြကို ေကြၽးသင့္တယ္ဆိုတဲ့ အခ်က္ကေတာ့ ႐ိုးရွင္းပါတယ္… သူတို႔ ကို ပန္းကန္ျပား အႀကီးနဲ႔ေကြၽးတဲ့အခါ အစားအစာေတြက မ်ားလြန္းတယ္

မကုန္ႏိုင္ဘူးလို႔ ေတြးတတ္ လာၾကပါတယ္။ တကယ္လို႔ ပန္းကန္ျပားေသးေသး လွလွေလးေတြနဲ႔ေကြၽးရင္ေတာ့ ဒီေလာက္ေလးကေတာ့ ငါစားလို႔ကုန္တယ္ဆိုၿပီး ကုန္ေအာင္စားမယ့္အျပင္

ေနာက္ထပ္ပါ ထပ္ေတာင္းဦးမွာပါ။ အေၾကာင္းရင္းကေတာ့… လူႀကီးေတြအတြက္ ပန္းကန္ဆိုတာကေတာ့ ပုံမွန္ျဖစ္ေနေပမယ့္ ကေလးေတြအတြက္ အရမ္းႀကီးေနတဲ့အ႐ြယ္ ျဖစ္ေနတာေၾကာင့္ပါ။

(၄) မိသားစုနဲ႔ ထမင္းဝိုင္းစားပါ…

ဂ်ပန္မိဘေတြ ဟာ အစားအေသာက္ပိုင္းနဲ႔ ပတ္သက္ရင္ စည္းကမ္းႀကီးသလို သူတို႔သားသမီးေတြကိုလည္း က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာကိုပဲ ေ႐ြးခ်ယ္တတ္ေအာင္ သင္ၾကားေပးပါတယ္။ထမင္းဟင္း ခ်က္တဲ့အခါမွာလည္း

အတူတူ ခ်က္ၾကၿပီးေတာ့ စားေသာက္ရင္လည္း တူတူထိုင္စားၾကပါတယ္။ဒီလိုလုပ္ျခင္းက အစားအစာရဲ႕တန္ဖိုးကို နားလည္ေစတဲ့အျပင္…

သူတို႔ႀကိဳက္တာမႀကိဳက္တာကိုလည္း ေ႐ြးခ်ယ္ခြင့္ရေစပါတယ္။ ကေလးကိုလည္း ဘယ္အစားအစာက ပိုစားေကာင္းတယ္၊ ဘယ္အစားအစာက က်န္းမာေရးနဲ႔ညီၫြတ္တယ္ ဆိုတာကိုလည္း သိေစပါတယ္။

(၅) ေလ့က်င့္ခန္း မ်ားမ်ားလုပ္ခိုင္းပါ…

ဂ်ပန္လူမ်ိဳးေတြက စက္ဘီး စီးတာေတြ၊ ေတာင္တက္တာေတြ စတဲ့… ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းေတြကို အရမ္းႀကိဳက္ၾကပါတယ္။ ၿပီးေတာ့… ကေလးေတြကိုလည္း ေျပးတာေတြ၊ ခုန္တာေတြ လုပ္ဖို႔

အားေပးပါတယ္။ ဘာလို႔လဲဆိုေတာ့… အစားအစာေတြကို စားခ်င္စိတ္ေပါက္ေအာင္ လုပ္ဖို႔အတြက္ ေလ့က်င့္ခန္းေတြရဲ႕ အေရးပါပုံကို သိလို႔ပါပဲ။ ကေလးေတြကို အိမ္ထဲမွာ ဂိမ္းကစားခိုင္းတာထက္

မိဘေတြနဲ႔ လမ္းေလွ်ာက္ထြက္တာေတြ၊ ပတ္ဝန္းက်င္က ကေလးေတြနဲ႔ ေဆာ့တာေတြ က ပိုေကာင္းတယ္ လို႔ေတာင္ သတ္မွတ္ထားၾကပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ credit ေပးပါသည္။

Unicode

အစားမစားချင်တဲ့ကလေးတွေ စားချင်စိတ်ဖြစ်အောင် ဂျပန်လူမျိူးတို့ ကျင့်သုံးတဲ့နည်းလမ်း (၅)ခု…
မိဘတွေအတွက် ကလေးတွေကို ကျန်းမာရေးနဲ့ ညီ ညွတ် တဲ့ အစားအစာကို စားခိုင်းဖို့ဆိုတာမလွယ်ပါဘူး။ ကလေးက အချိုအချဉ် aတွပဲ ကြိုက်တတ်တာမို့ ကိုယ်ခံအားကောင်းတဲ့ အစားအစာတွေ၊ ခန္ဓာကိုယ် ဖွံ့ဖြိုးတဲ့ အစားအစာတွေ ကျွေးရင်

မစားချင်ကြ ပါဘူး။ ဒီလို အစားအစာတွေက ခါးတဲ့အပြင် ရုပ်အဆင်းလဲမလှ ကလေးတိုင်းကလည်း မကြိုက်ကြပါဘူး။ ထူးခြားတာ တစ်ခုက… ဂျပန်ကကလေးတွေကတော့ ဂျီးမများ တတ်ကြတဲ့အပြင်

ထမင်းစားပွဲဝိုင်းတွေမှာလည်း ညစ်ပတ်အောင် မလုပ်ကြပါဘူး။ ဒါကြောင့် ဂျပန်လူမျိုးတွေက သူတို့ရဲ့ကလေးတွေကို ဘယ်လို ထိန်းကျောင်းလဲ ဆိုတာကို ဒီနေ့မှာပြောပြပေးသွားပါမယ်နော်။

(၁) အရသာ အသစ်အဆန်းတွေကို အမြဲတမ်း စားခိုင်းတယ်…

ကလေးလေးတွေဟာ အစားအစာ တစ်ခုတည်းကို အမြဲတမ်းကျွေးနေရင် ငြီးငွေ့လာပြီး… နောက်ပိုင်း ဒီအရာကို မစားချင်တော့ပါဘူး။ ကလေးတစ်ယောက်ဟာ အစားအစာ အသစ်တွေကို

အမြဲတမ်းစားနေရမယ်လို့ ဂျပန်လူမျိုးမိဘတွေက ခံယူထားကြပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရကတော့ ကလေးတွေ ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို စားခိုင်းရင်

ကြီးလာရင်လည်း အစားအသောက် ဂျီးမများဘဲ ကျန်းမာသန်စွမ်းတယ်လို့ ပြောပါတယ်။ကလေးတွေကို အရသာအသစ် မြည်းစမ်းခိုင်းတိုင်း အတွေ့အကြုံအသစ်တွေ ရပြီးတော့ အစားအသောက်တွေကိုလည်း ပိုမို စိတ်ဝင်စားစေလာပါလိမ့်မယ်။

(၂) ကလေးစားချင်တာကိုပဲ ကျွေးပါ…

ကလေးတွေ အစာ စားချင်စိတ်ပျောက်တဲ့ အရာတစ်ခုကလည်း သူတို့မစားချင်တာတွေကို ခဏခဏ ကျွေးနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ကလေးကို သူဘာတွေစားချင်လဲမေးပါ။ တကယ်လို့… သူစားချင်တဲ့အရာက

မကောင်းဘူးဆိုရင်လည်း ဘာကြောင့် မကောင်းဘူးဆိုတဲ့ အချက်ကို သေချာ ရှင်းပြပါ။ ဒီလို လုပ်ခြင်းဟာ မိဘနဲ့ ကလေးကြား ဘယ် အစားအသောက်တွေက မသင့်တော်ဘူးလဲ ဆိုတာကို ပိုသိလာစေပါတယ်။

(၃) ပန်းကန်ပြား သေးသေး လှလှလေးတွေနဲ့ ကျွေးပါ…

ပန်းကန်ပြား သေးသေးလေးတွေနဲ့ ကလေးတွေကို ကျွေးသင့်တယ်ဆိုတဲ့ အချက်ကတော့ ရိုးရှင်းပါတယ်… သူတို့ ကို ပန်းကန်ပြား အကြီးနဲ့ကျွေးတဲ့အခါ အစားအစာတွေက များလွန်းတယ်

မကုန်နိုင်ဘူးလို့ တွေးတတ် လာကြပါတယ်။ တကယ်လို့ ပန်းကန်ပြားသေးသေး လှလှလေးတွေနဲ့ကျွေးရင်တော့ ဒီလောက်လေးကတော့ ငါစားလို့ကုန်တယ်ဆိုပြီး ကုန်အောင်စားမယ့်အပြင်

နောက်ထပ်ပါ ထပ်တောင်းဦးမှာပါ။ အကြောင်းရင်းကတော့… လူကြီးတွေအတွက် ပန်းကန်ဆိုတာကတော့ ပုံမှန်ဖြစ်နေပေမယ့် ကလေးတွေအတွက် အရမ်းကြီးနေတဲ့အရွယ် ဖြစ်နေတာကြောင့်ပါ။

(၄) မိသားစုနဲ့ ထမင်းဝိုင်းစားပါ…

ဂျပန်မိဘတွေ ဟာ အစားအသောက်ပိုင်းနဲ့ ပတ်သက်ရင် စည်းကမ်းကြီးသလို သူတို့သားသမီးတွေကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကိုပဲ ရွေးချယ်တတ်အောင် သင်ကြားပေးပါတယ်။ထမင်းဟင်း ချက်တဲ့အခါမှာလည်း

အတူတူ ချက်ကြပြီးတော့ စားသောက်ရင်လည်း တူတူထိုင်စားကြပါတယ်။ဒီလိုလုပ်ခြင်းက အစားအစာရဲ့တန်ဖိုးကို နားလည်စေတဲ့အပြင်…

သူတို့ကြိုက်တာမကြိုက်တာကိုလည်း ရွေးချယ်ခွင့်ရစေပါတယ်။ ကလေးကိုလည်း ဘယ်အစားအစာက ပိုစားကောင်းတယ်၊ ဘယ်အစားအစာက ကျန်းမာရေးနဲ့ညီညွတ်တယ် ဆိုတာကိုလည်း သိစေပါတယ်။

(၅) လေ့ကျင့်ခန်း များများလုပ်ခိုင်းပါ…

ဂျပန်လူမျိုးတွေက စက်ဘီး စီးတာတွေ၊ တောင်တက်တာတွေ စတဲ့… ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို အရမ်းကြိုက်ကြပါတယ်။ ပြီးတော့… ကလေးတွေကိုလည်း ပြေးတာတွေ၊ ခုန်တာတွေ လုပ်ဖို့

အားပေးပါတယ်။ ဘာလို့လဲဆိုတော့… အစားအစာတွေကို စားချင်စိတ်ပေါက်အောင် လုပ်ဖို့အတွက် လေ့ကျင့်ခန်းတွေရဲ့ အရေးပါပုံကို သိလို့ပါပဲ။ ကလေးတွေကို အိမ်ထဲမှာ ဂိမ်းကစားခိုင်းတာထက်

မိဘတွေနဲ့ လမ်းလျှောက်ထွက်တာတွေ၊ ပတ်ဝန်းကျင်က ကလေးတွေနဲ့ ဆော့တာတွေ က ပိုကောင်းတယ် လို့တောင် သတ်မှတ်ထားကြပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါသည်။

Leave a Comment