အခန်းငှားနေစရာပိုက်ဆံမရှိသည့် အသက်၉၀အရွယ်အဖွားအိုအတွက် အခန်းငှားပေးခဲ့သည့်အပြင်..

အခန်းငှားနေစရာပိုက်ဆံမရှိသည့် အသက်၉၀အရွယ်အဖွားအိုအတွက် အခန်းငှားပေးခဲ့သည့်အပြင် အတူတူနေပြီး ပြုစုစောင့်ရှောက်ပေးခဲ့သည့် ၂၇နှစ်အရွယ်အမျိုးသား

အသက်၉၀အရွယ်ရှိနေပြီဖြစ်သော အဖွားအိုသည် မှီခိုအားထားစရာ မိသားစုဝင်တစ်ရောက်မှမရှိဘဲ စားစရာမရှိသည့်အပြင် နေထိုင်စရာတိုက်ခန်းအတွက်လည်း ပေးစရာ ပိုက်ဆံမရှိသဖြင့် ဒုက္ခရောက်နေခဲ့ပါတယ်။

အဖွားအိုသည် အသက်အရွယ်ကြောင့် ကျန်းမာရေးမကောင်းတော့ဘဲ အရာရာကို ခက်ခဲစွာဖြတ်သန်းနေရပါတယ်။ထို့ကြောင့်အသက်၂၇နှစ်အရွယ် Mr. Prasert Phumwangဆိုသည့် လူငယ်လေးဟာ တိုက်ခန်းအတွက် ပေးဆောင်ရမည့်လစာတွေကို ပေးချေခဲ့ပါတယ်။

 

ထို့အပြင် အဖွားအိုအတွက် တတ်နိုင်သမျှကို ပြုစုစောင့်ရှောက်ပေးနိုင်ရန်အတွက် အနားတွင်လာရောက်နေထိုင်ပေးခဲ့သေးတာဖြစ်ပါတယ်။ဆွေမျိုးတော်စပ်ခြင်းမရှိသော်လည်း သူတစ်ပါး၏ဒုက္ခရောက်နေသည်ကို ကူညီပေးတတ်သော စိတ်စေတနာလေးဟာ လူတိုင်းအတုယူသင့်သော မြင့်မြတ်လှသည့် စိတ်ထားတစ်ခုပင်ဖြစ်ပါတယ်။

Shoon (Cele Daily)

 

Zawgyi





Shoon (Cele Daily)

Leave a Comment