ဇနီးသည်ကိုယ်ဝန်လွယ်ထားစဥ်မှာဘဲ နိုင်ငံခြားသို့ အလုပ်သွားလုပ်ခဲ့ရပြီး ပြန်ရောက်လာချိန်မှ…

ဇနီးသည်ကိုယ်ဝန်လွယ်ထားစဥ်မှာဘဲ နိုင်ငံခြားသို့ အလုပ်သွားလုပ်ခဲ့ရပြီး ပြန်ရောက်လာချိန်မှ သားမျက်နှာကို တွေ့လိုက်ရသဖြင့် ဝမ်းသားမဆုံးနိုင်အောင် ပျော်ရွင်နေခဲ့သည့်ဖခင်

ဖခင်တိုင်းသည် သူတို့၏သားသမီးလေးတွေကို မွေးဖွားလာချိန်မှာဘဲ အနားတွင်ရှိနေပေးပြီး ချမ်းမြေ့ပျော်ရွင်ဖွယ်ဘဝလေးကို ရရှိလိုကြပါတယ်။သို့သော်လည်း မိသားစု၏စားဝတ်နေရေးအတွက် တစ်ခါတစ်ရံတွင် မိသားစု၏အဝေးတွင် သွားရောက်လုပ်ကိုင်နေရင်း သားသမီးတို့၏အနားတွင် မရှိပေးနိုင်ခဲ့ပေ။

မလေးရှားနိုင်ငံမှဖခင်တစ်ဦးဆိုလျှင် သားငယ်လေးကို မွေးဖွားခြင်းမရှိသေးခင်မှာဘဲ နိုင်ငံခြားသို့ အလုပ်ထွက်လုပ်ခဲ့ရတာဖြစ်ပါတယ်။၂နှစ်ခွဲကြာအောင် အလုပ်လုပ်ခဲ့ပြီးမှ အိမ်ပြန်လာခွင့်ရခဲ့သောအခါမှ မမြင်ဖူးသေးသော သားငယ်နှင့်အတူ လေဆိပ်သို့လာကြိုသည့် ဇနီးနှင့်သားတို့ကြောင့် အတိုင်းမသိပျော်ရွင်နေခဲ့ပါတယ်။

 

ဖခင်၏ပျော်ရွင်နေပုံဟာ မြင်သူတိုင်းအတွက် ကြည်နူးနှစ်သက်ဖွယ်ကောင်းလှပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Leave a Comment