အစားစားတာ များတဲ့ အချိန် နဂိုထက် ကယ်လိုရီ အဝင်ပိုများပြီး ဗိုက်ထွက်လာတတ်ပါတယ်။ဒါ့အပြင် စိတ်ဖိစီးများရင်လည်း ဗိုက်အဆီထွက်လာတတ်ပါတယ်။သင့်အနေနဲ့ ဗိုက်ချပ်ချင်တယ်ဆိုရင်တော့ အစားလျှော့ရမှာ ဖြစ်သလို လေ့ကျင့်ခန်းပါ လုပ်ပေးရပါမယ်။
ဒီတစ်ခေါက်မှာတော့ ဗိုက်မှာ အဆီရှိတဲ့ ပျိုမေတို့နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပါရစေ။အခုဖော်ပြတဲ့ လေ့ကျင့်ခန်းအားလုံး ကို ၃ ခါ လုပ်ပေးရပါမယ်။ တစ်ခါ တစ်ပတ်ပြီးမှ နားရပါမယ်။
ဒီတော့ ကြည့်လိုက်ရအောင်နော်-
၁။ Russian Twist
ခြေထောက်ကို မြေပြင်နဲ့ မထိဘဲ မ ထားကာ ခန္ဓာကိုယ်ကို ဘယ်ညာ လှည့်ပေးရပါမယ်။
သင်က အလေးတုံး မ နိုင်တယ်ဆိုရင် အလေးတုံးကို မပြီး လှည့်နိုင်ပါသေးတယ်။ ဒါကို အခါ ၄၀ လုပ်ရပါမယ်။
၂။ Weighted Sit-ups
အလေးကို မကာ အပေါ် ထ ပေးရပါမယ်။ ဒူးထောင်ထားရပါမယ်။ ဒါကို ၂၅ ခါ လုပ်ပေးရပါမယ်။
၃။ Leg Raise
လက်နှစ်ဖက်ကို တစ်ဘက်ဆီ ဘေးဘက်မှာ ထားကာ ခြေထောက်ကို အပေါ် မ ပေးရပါမယ်။
ပြီးနောက် ပြန်ချတဲ့အခါ မြေကြီးနဲ့ မထိအောင် ချပေးရပါမယ်။
မြေကြီးနဲ့ ၃ လက်မလောက်အကွာမှာပဲ ခြေထောက်ကို အပေါ် ပြန်မ ပေးရပါမယ်။ ဒါကို အခါ ၃၀ လုပ်ပေးရပါမယ်။
၄။ Bicycle Crunch
ဒူးထောင်ထားကာ ဒူးနဲ့ တံတောင် ထိအောင် လုပ်ပေးရပါမယ်။ ဘယ်ညာ တစ်လှည့်စီ တံတောင်နဲ့ ထိပေးရပါမယ်။
ဒီလေ့ကျင့်ခန်းက သင့်ခါးအဆီကို တိုက်ရိုက် ထိစေမှာပါ။ ဒါကို အခါ ၃၀ လုပ်ပေးရပါမယ်။
၅။ Plank
Plank က တစ်ကိုယ်လုံးစာ ထိတဲ့ လေ့ကျင့်ခန်း ဖြစ်တာကိုတော့ သင်သိပြီး ဖြစ်မှာပါ။
Plank စက္ကန့် ၃၀ ထောက်ပေးရပါမယ်။
၆။ Toe Touches
ခြေထောက်ကို အပေါ် မြှောက်ထားကာ လက်ကို ဆန့်ထားပြီး ခြေဖျားနဲ့ ထိအောင် လုပ်ပေးရပါမယ်။
အပေါ် ထိအောင် လုပ်တဲ့အခါ ဗိုက်ကို အားပြုထားရပါမယ်။ ဒါကို အခါ ၃၀ လုပ်ရပါမယ်။
၇။ Side Toe Touches
ဒူးထောင်ထားကာ လက်နှစ်ဘက်ကို ဘေးဘက် ထားပေးကာ လက်ထိပ်ကို ခြေထောက်နဲ့ ထိအောင် ဘေးတစ်လှည့် စီ စောင်းပေးရပါမယ်။
ဒီလေ့ကျင့်ခန်းကို အခါ ၄၀ လုပ်ပေးရပါမယ်။
Credit: မူရင်းရေးသူ
Zawgyi ဖြင့်ဖတ်ပါ
၁။ Russian Twist
ခွထေောကျကို မွပွေငျနဲ့ မထိဘဲ မ ထားကာ ခန်ဓာကိုယျကို ဘယျညာ လှည့ျပေးရပါမယျ။
Plank စက်ကန့ျ ၃၀ ထောကျပေးရပါမယျ။
၆။ Toe Touches