ကိုယ့်ကို ချစ်ပြီးတော့ ကိုယ့်ရဲ့အချစ်ကို ချစ်သူကတန်ဖိုးထားတာကို မိန်းကလေးတိုင်းမျှော်လင့်တတ်ကြပါတယ် ဒါပေမယ့် ကိုယ်ကပေးလိုက်တဲ့အချစ်တွေကို
သူ့ဖက်ကတကယ်ပဲတန်ဖိုးထားရဲ့လားဆိုတာ တိုင်းတာဖို့အတွက်ကတော့ ခက်ခဲနိုင်ပါတယ်။
တကယ်လို့ ယခုလိုအချက်တွေသာ သင့်ရဲ့ချစ်သူဆီမှာ မြင်တွေ့ရမယ်ဆိုရင်
သင့်ကိုသူဘယ်လောက်ထိ မြတ်မြတ်နိုးနိုးတန်ဖိုးထားတယ်ဆိုတာကို သိရှိနားလည်ပါလိမ့်မယ်
၁ ဒီကမ္ဘာပေါ်က အခြားယောက်ျားတွေနဲ့ မတူတဲ့အကြည့်နဲ့ သင့်ကိုကြည့်တတ်တယ် မျက်လုံးဟာ နှလုံးသားရဲ့တံခါးပေါက်တချပ်ဆိုရင် မမှားပါဘူး တကယ်လို့ သင့်ချစ်သူက
သင့်အပေါ်ဘယ်လိုခံစားချက်မျိုးရှိတယ်ဆိုတာကို သိချင်ရင်တော့ သူ့ရဲ့မျက်လုံးတွေကနေတဆင့် ရှာဖွေ့ဖို့ကို အကြံပြုချင်ပါတယ် သူသင့်ကိုကြည့်တဲ့အခါတိုင်း သင့်ရဲ့နှလုံးသားက
ဖော်မပြတတ်တဲ့နွေးထွေးတဲ့ခံစားချက်တွေကို အလိုလိုခံစားနေရတယ်ဆိုရင် သူသင့်ကိုအရမ်းတန်ဖိုးထားတာ သိသာပါတယ်…
၂ သင့်ရဲ့အပြုံးအတွက် အရာရာကိုဂရုစိုက်တတ်သူ သင်အမြဲတမ်းပျော်နေတာကိုပဲ သူမြင်ချင်ပါတယ် ဒါ့ကြောင့် သင်ကိုပျော်အောင်လုပ်ပေးဖို့အတွက် သူဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ
သင်ဆီကိုပုံမှန်ရောက်အောင် လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ပျော်နေတဲ့အခါ သူပျော်နေသလိုပဲ ခံစားရလိုပါ…
၃ သူ့ဘဝအတွက် ဦးစားပေးအဖြစ် သတ်မှတ်ထားတယ် သင်ကသူ့ဘဝအတွက် ရွေးချယ်စရာ မဟုတ်ပါဘူး သူ့ရဲ့ဦးစားပေးဆိုတာ သေချာပါတယ်။
သူ့ရဲ့အလုပ်က ဘယ်လောက်ပဲအရေးကြီးနေပါစေ သူ့ရဲ့အတွေးထဲမှာ သူကအမြဲရှိနေတတ်ပြီး ထိပ်ဆုံးစာရင်းမှာ ရှိနေပါလိမ့်မယ်…
၎ သူ့ရဲ့စိတ်ဝင်စားမှုတွေကို ဖော်ပြတတ်တယ် သူ့ရဲ့ဘဝထဲကို သင့်ကိုဝင်ခွင့်ပေးလိုက်တာနဲ့အမျှ သူ့ရဲ့အကြောင်းတွေကို မျှဝေဖို့ နဲ့ သူရဲ့အနက်ရှိုင်းဆုံးဝါသနာတွေကို သင်နဲ့မိတ်ဆက်ပေးဖို့ ကြိုးစားပါလိမ့်မယ်။
ဒါကြောင့်ပဲ သူဝါသနာပါတဲ့ စာအုပ်အကြောင်းတွေ၊ ဂီတတွေ၊ ဇာတ်ကားတွေနဲ့ သင့်ကိုစတင်ပြီးမိတ်ဆက်ပေးပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ သင်နဲ့အရာရာပွင့်လင်းမှုရှိဖို့ သူကြိုးစားချင်တာကြောင့် ဖြစ်နိုင်ပါတယ်
၅ သင့်စိတ်ကိုဘယ်လိုဖတ်ရမယ်ဆိုတာ သူသိတယ် သင့်ရဲ့စိတ်ထဲမှာခံစားနေတဲ့ ခံစားချက်တွေကို သင့်မျက်နှာကြည့်လိုက်ရုံနဲ့ သူကချက်ချင်းမြင်နိုင်ပါတယ် ဒါ့ကြောင့်
သင့်ကိုနှစ်သိမ့်ဖို့ အားပေးကူညီဖို့နဲ့ ဖေးမပေးဖို့အတွက် ပြောစရာမလိုအောင် အနားမှာရှိနေတတ်ပါတယ်…
၆ သင့်အတွက်ဆိုရင် တကမ္ဘာလုံးကိုပြောပြဖို့ ဝန်မလေးဘူး သင်နဲ့ လူတွေကြားကိုသွားတဲ့အခါ သင့်ရဲ့လက်ကိုဆုပ်ကိုင်ထားတတ်တယ် ကြင်နာမှုတွေ ပြဖို့လည်း ဝန်မလေးတတ်ဖူး
သင့်ကိုဘယ်တော့မှ အခြားသူတွေမမြင်အောင် ဖုံးကွယ်ထားမှာမဟုတ်သလို သူ့ရဲ့ကမ္ဘာကြီးထဲက သီးသန့်ခွဲထုတ်ဖို့အတွက်လည်းဘယ်တော့မှခွင့်ပြုမှာမဟုတ်ပါဘူး။
သင့်အတွက်ဆိုရင် သူမှာ ရွှေတံဆိပ်ဆုတစ်ခုရရှိသလိုမျိုး အခြားသူတွေကို ဂုဏ်ယူစွာနဲ့ ပြသနေမှာပါ…
၇ နှလုံးသားတစ်ခုလုံးမှာ သင့်အကြောင်းတွေကို ရေးထားတယ် သင့်ကသူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ သင်သူ့ကိုချစ်တဲ့ပမာဏနဲ့ မလျော့အောင် သူသင့်ကိုတန်ဖိုးထားပြီးချစ်တယ်ဆိုတာ
သင်သိအောင်ပြသတတ်ပါတယ်။
ဒါ့ကြောင့် သင့်ရဲ့အချစ်ကိုစော်ကားသလိုဖြစ်မယ့်စကားတွေကို ဘယ်တော့မှပြောမှာမဟုတ်ပါဘူး
၈ သူကအပြောသမားမဟုတ်ဖူး လက်တွေ့သမားပါ သူကသင်ကိုချစ်ကြောင်းတွေ ဖွဲ့နွဲ့ပြီး တချိန်လုံးပြောချင်မှပြောပါလိမ့်မယ်။
ဒါပေမယ့် သင်လိုအပ်နေတဲ့အချိန်ဆိုရင်တော့
အမြဲတမ်းအနားကိုရောက်လာပြီး ဖြည့်ဆည်းပေးတတ်ပါတယ်။
တကယ်လို့သင်ဖျားနေတဲ့အခါသင့်ကိုဂရုစိုက်ပေးမယ် သင်ဝမ်းနည်းနေတဲ့အခါ ဟာသတွေပြောပေးမယ်၊
သင်ပင်ပန်းနေတဲ့အခါ သူကသင့်ရဲ့ပစ္စည်းတွေကိုသယ်ပေးမယ်။
သူဘာကြောင့်ဒါတါကေို လုပ်နေရလဲဆိုတော့ သင့်ကိုအရမ်းချစ်လို့ပါပဲ…
၉ သင့်ကိုယုံကြည်တတ်တယ် သူ့ကိုသင်ပစ်သွားမှာကြောက်တာတွေ ပြောနေမယ့်အစား သူကသင်သူ့ကိုသစ္စာမဖောက်ဖူးဆိုတာကို ယုံကြည်နေတတ်သူဖြစ်ပါတယ် ဒါ့ကြောင့်
သူကိုယ်တိုင်သစ္စာမဖောက်သလို သင့်ကိုစွပ်စွဲတာတွေ၊ ချိန်းခြောက်တာတွေကို ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး
၁၀ သင်နဲ့ပတ်သတ်တဲ့အရာတွေကို စိတ်ဝင်စားမှုရှိတယ် သင်နဲ့ပတ်သတ်တဲ့ အရာအားလုံးကို သူကစိတ်ဝင်စားပါတယ်။
ဒါဟာသင့်ကိုမယုံကြည်တာကြောင့်မဟုတ်ပဲ
သင်နဲ့ သင့်ရဲ့ဘဝတစ်ခုလုံးကို ချစ်တာတောင်မှ သူ့အတွက်လုံလောက်မှုမရှိသေးလို့ပါပဲ
Crd
Unicode Version
ကိုယ့်ကို ချစ်ပြီးတော့ ကိုယ့်ရဲ့အချစ်ကို ချစ်သူကတန်ဖိုးထားတာကို မိန်းကလေးတိုင်းမျှော်လင့်တတ်ကြပါတယ် ဒါပေမယ့် ကိုယ်ကပေးလိုက်တဲ့အချစ်တွေကို
သူ့ဖက်ကတကယ်ပဲတန်ဖိုးထားရဲ့လားဆိုတာ တိုင်းတာဖို့အတွက်ကတော့ ခက်ခဲနိုင်ပါတယ်။ တကယ်လို့ ယခုလိုအချက်တွေသာ သင့်ရဲ့ချစ်သူဆီမှာ မြင်တွေ့ရမယ်ဆိုရင်
သင့်ကိုသူဘယ်လောက်ထိ မြတ်မြတ်နိုးနိုးတန်ဖိုးထားတယ်ဆိုတာကို သိရှိနားလည်ပါလိမ့်မယ်
၁ ဒီကမ္ဘာပေါ်က အခြားယောက်ျားတွေနဲ့ မတူတဲ့အကြည့်နဲ့ သင့်ကိုကြည့်တတ်တယ် မျက်လုံးဟာ နှလုံးသားရဲ့တံခါးပေါက်တချပ်ဆိုရင် မမှားပါဘူး တကယ်လို့ သင့်ချစ်သူက
သင့်အပေါ်ဘယ်လိုခံစားချက်မျိုးရှိတယ်ဆိုတာကို သိချင်ရင်တော့ သူ့ရဲ့မျက်လုံးတွေကနေတဆင့် ရှာဖွေ့ဖို့ကို အကြံပြုချင်ပါတယ် သူသင့်ကိုကြည့်တဲ့အခါတိုင်း သင့်ရဲ့နှလုံးသားက
ဖော်မပြတတ်တဲ့နွေးထွေးတဲ့ခံစားချက်တွေကို အလိုလိုခံစားနေရတယ်ဆိုရင် သူသင့်ကိုအရမ်းတန်ဖိုးထားတာ သိသာပါတယ်…
၂ သင့်ရဲ့အပြုံးအတွက် အရာရာကိုဂရုစိုက်တတ်သူ သင်အမြဲတမ်းပျော်နေတာကိုပဲ သူမြင်ချင်ပါတယ် ဒါ့ကြောင့် သင်ကိုပျော်အောင်လုပ်ပေးဖို့အတွက် သူဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ
သင်ဆီကိုပုံမှန်ရောက်အောင် လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ပျော်နေတဲ့အခါ သူပျော်နေသလိုပဲ ခံစားရလိုပါ…
၃ သူ့ဘဝအတွက် ဦးစားပေးအဖြစ် သတ်မှတ်ထားတယ် သင်ကသူ့ဘဝအတွက် ရွေးချယ်စရာ မဟုတ်ပါဘူး သူ့ရဲ့ဦးစားပေးဆိုတာ သေချာပါတယ်။
သူ့ရဲ့အလုပ်က ဘယ်လောက်ပဲအရေးကြီးနေပါစေ သူ့ရဲ့အတွေးထဲမှာ သူကအမြဲရှိနေတတ်ပြီး ထိပ်ဆုံးစာရင်းမှာ ရှိနေပါလိမ့်မယ်…
၎ သူ့ရဲ့စိတ်ဝင်စားမှုတွေကို ဖော်ပြတတ်တယ် သူ့ရဲ့ဘဝထဲကို သင့်ကိုဝင်ခွင့်ပေးလိုက်တာနဲ့အမျှ သူ့ရဲ့အကြောင်းတွေကို မျှဝေဖို့ နဲ့ သူရဲ့အနက်ရှိုင်းဆုံးဝါသနာတွေကို သင်နဲ့မိတ်ဆက်ပေးဖို့ ကြိုးစားပါလိမ့်မယ်။
ဒါကြောင့်ပဲ သူဝါသနာပါတဲ့ စာအုပ်အကြောင်းတွေ၊ ဂီတတွေ၊ ဇာတ်ကားတွေနဲ့ သင့်ကိုစတင်ပြီးမိတ်ဆက်ပေးပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သင်နဲ့အရာရာပွင့်လင်းမှုရှိဖို့ သူကြိုးစားချင်တာကြောင့် ဖြစ်နိုင်ပါတယ်
၅ သင့်စိတ်ကိုဘယ်လိုဖတ်ရမယ်ဆိုတာ သူသိတယ် သင့်ရဲ့စိတ်ထဲမှာခံစားနေတဲ့ ခံစားချက်တွေကို သင့်မျက်နှာကြည့်လိုက်ရုံနဲ့ သူကချက်ချင်းမြင်နိုင်ပါတယ် ဒါ့ကြောင့်
သင့်ကိုနှစ်သိမ့်ဖို့ အားပေးကူညီဖို့နဲ့ ဖေးမပေးဖို့အတွက် ပြောစရာမလိုအောင် အနားမှာရှိနေတတ်ပါတယ်…
၆ သင့်အတွက်ဆိုရင် တကမ္ဘာလုံးကိုပြောပြဖို့ ဝန်မလေးဘူး သင်နဲ့ လူတွေကြားကိုသွားတဲ့အခါ သင့်ရဲ့လက်ကိုဆုပ်ကိုင်ထားတတ်တယ် ကြင်နာမှုတွေ ပြဖို့လည်း ဝန်မလေးတတ်ဖူး
သင့်ကိုဘယ်တော့မှ အခြားသူတွေမမြင်အောင် ဖုံးကွယ်ထားမှာမဟုတ်သလို သူ့ရဲ့ကမ္ဘာကြီးထဲက သီးသန့်ခွဲထုတ်ဖို့အတွက်လည်းဘယ်တော့မှခွင့်ပြုမှာမဟုတ်ပါဘူး။
သင့်အတွက်ဆိုရင် သူမှာ ရွှေတံဆိပ်ဆုတစ်ခုရရှိသလိုမျိုး အခြားသူတွေကို ဂုဏ်ယူစွာနဲ့ ပြသနေမှာပါ…
၇ နှလုံးသားတစ်ခုလုံးမှာ သင့်အကြောင်းတွေကို ရေးထားတယ် သင့်ကသူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ သင်သူ့ကိုချစ်တဲ့ပမာဏနဲ့ မလျော့အောင် သူသင့်ကိုတန်ဖိုးထားပြီးချစ်တယ်ဆိုတာ
သင်သိအောင်ပြသတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အချစ်ကိုစော်ကားသလိုဖြစ်မယ့်စကားတွေကို ဘယ်တော့မှပြောမှာမဟုတ်ပါဘူး
၈ သူကအပြောသမားမဟုတ်ဖူး လက်တွေ့သမားပါ သူကသင်ကိုချစ်ကြောင်းတွေ ဖွဲ့နွဲ့ပြီး တချိန်လုံးပြောချင်မှပြောပါလိမ့်မယ်။ ဒါပေမယ့် သင်လိုအပ်နေတဲ့အချိန်ဆိုရင်တော့
အမြဲတမ်းအနားကိုရောက်လာပြီး ဖြည့်ဆည်းပေးတတ်ပါတယ်။ တကယ်လို့သင်ဖျားနေတဲ့အခါသင့်ကိုဂရုစိုက်ပေးမယ် သင်ဝမ်းနည်းနေတဲ့အခါ ဟာသတွေပြောပေးမယ်၊
သင်ပင်ပန်းနေတဲ့အခါ သူကသင့်ရဲ့ပစ္စည်းတွေကိုသယ်ပေးမယ်။ သူဘာကြောင့်ဒါတါကေို လုပ်နေရလဲဆိုတော့ သင့်ကိုအရမ်းချစ်လို့ပါပဲ…
၉ သင့်ကိုယုံကြည်တတ်တယ် သူ့ကိုသင်ပစ်သွားမှာကြောက်တာတွေ ပြောနေမယ့်အစား သူကသင်သူ့ကိုသစ္စာမဖောက်ဖူးဆိုတာကို ယုံကြည်နေတတ်သူဖြစ်ပါတယ် ဒါ့ကြောင့်
သူကိုယ်တိုင်သစ္စာမဖောက်သလို သင့်ကိုစွပ်စွဲတာတွေ၊ ချိန်းခြောက်တာတွေကို ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး
၁၀ သင်နဲ့ပတ်သတ်တဲ့အရာတွေကို စိတ်ဝင်စားမှုရှိတယ် သင်နဲ့ပတ်သတ်တဲ့ အရာအားလုံးကို သူကစိတ်ဝင်စားပါတယ်။ ဒါဟာသင့်ကိုမယုံကြည်တာကြောင့်မဟုတ်ပဲ