လူသိနည်းတဲ့ အစွန်းအထင်းဟူသမျှ ချွတ်ပေးနိုင်တဲ့ နည်းလမ်း (၁၆)မျိုး

သင်အရမ်းကြိုက်တဲ့ အဝတ်အစားတစ်ခုခုမှာ အရောင်တစ်ခုခု ဒါမှမဟုတ် ပစ္စည်းတစ်ခုခု စွန်းပေသွားတဲ့အခါ နှမြောတသ ဖြစ်နေစရာမလိုတော့ပါဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ စွန်းသွားတဲ့အရာအလိုက် ချွတ်နည်းအမျိုးမျိုးရှိနေလို့ပါ။ အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။

 

၁။ နှုတ်ခမ်းနီပေသွားခဲ့ရင် အဝတ်စနဲ့ အရက်ကိုတို့ပြီး ပေသွားတဲ့နေရာကို ပွတ်တိုက်ပေးပါ။ ၂။ မြက်ပေါ်မှာထိုင်တာကြာလို့ မြက်တွေစွန်းသွားရင် ရှာလကာရည်ထဲကို နာရီဝက်ခန့်စိမ်ပြီး လျှော်ပေးလိုက်ပါ။

 

 

၃။ ဝိုင်နီပေသွားခဲ့ရင် ဝိုင်ဖြူနဲ့ ပြန်ဖျက်ပေးနိုင်ပါတယ်။ ၄။ မှင်စွန်းသွားခဲ့ရင် နွားနို့ထဲကို စိမ်လိုက်ပါ။ ၅။ အမဲဆီစွန်းသွားခဲ့ရင် အဝတ်လျှော်တဲ့အထဲ ကိုကာကိုလာ ထည့်လျှော်ပါ။ ၆။ သွေးစွန်းသွားခဲ့ရင် စွန်းသွားတဲ့နေရာကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် လောင်းပေးပါ။

 

 

၇။ ချွေးစွန်းသွားခဲ့ရင် Aspirin ဆေးပြား ၃ပြားကို ရေနွေးနဲ့ရောပြီး အဲ့ဒီ့အရည်ထဲကို တစ်နာရီခန့်စိမ်လိုက်ပါ။ ၈။ အာလူးစွန်းသွားခဲ့ရင် ရှာကာရည်နဲ့ရေကိုရောပြီး အဝတ်စနဲ့တို့ကာ စွန်းသွားတဲ့နေရာကိုပွတ်တိုက်ပေးပါ။ ၉။ ကော်ဖီစွန်းသွားခဲ့ရင် ကြက်ဥအနှစ်၊ ရေနွေးနဲ့ အရက်တို့ကိုရောကာ အဝတ်စနှင့်တို့ပြီး ပွတ်တိုက်ပေးပါ။

 

 

၁၀။ မိတ်ကပ်စွန်းပေသွားခဲ့ရင် Shaving cream နဲ့လျှော်ပေးပါ။၁၁။ အဆီတစ်ခုခုစွန်းသွားခဲ့ရင် စွန်းသွားတဲ့နေရာကို Baby ပေါင်ဒါဖြူးပြီး တစ်ည ထားပေးလိုက်ပါ။ နောက်နေ့လျှော်ပေး လိုက်ရုံပါပဲ။

 

 

၁၂။ စတော်ဘယ်ရီသီးစားရင်း အနှစ်တွေပေကုန်ရင် – စတော်ဘယ်ရီသီးတို့၊ ဘလူးဘယ်ရီသီးတို့လို ဘယ်ရီသီးနွယ်ဝင်တွေကထွက်တဲ့

 

 

အချိုရည်တွေဟာ စွန်းထင်းလွယ်ပြီး ဖျက်ရခက်ပါတယ်။ ဒီအစွန်းအထင်းတွေကို ဖယ်ရှားဖို့အတွက် အရင်ဆုံး ရေအေးနဲ့ ပွတ်တိုက်လိုက်ပါ။ ပြီးမှ အပေါ်က သံပုရာရည်နဲ့ ပွတ်ပြီး (၂) နာရီလောက် ဒီတိုင်းထားပေးလိုက်ပါ။

 

ပြီးရင် အထည်ကို အဝတ်လျှော်စက်ထဲ ထည့်လျှော်လိုက်ပါ။ ပြီးရင်တော့ သွားတိုက်တံလေး တစ်ချောင်းယူပြီး ဆပ်ပြာရည်နည်းနည်းနဲ့ ထပ်ပွတ်လိုက်ပါဦး။ ဒါဆိုရင် အစွန်းတွေပြောင်လောက်ပါပြီ။

 

 

၁၃။ အင်္ကျီပေါ် ဟင်းမှောက်ကျရင် – ဟင်းချက်ဆီတို့၊ ထောပတ်တို့ကြောင့်ဖြစ်တဲ့ အစွန်းအ ထင်း တွေဟာလည်း ဖယ်ရှားရခက်ပါတယ်။ အင်္ကျ ီပေါ်မှာ ကြက်သားဟင်းဖိတ်သွားလို့ ဆီကွက်ထင်းနေတာကို တွေးကြည့်ပါ။ ဒါကို ဖယ်ရှားဖို့အတွက်ကတော့ ဆီစွန်းထင်းနေတဲ့ အဝတ် အစားကို ရေနွေးပူပူထဲမှာ မိနစ် (၃၀) လောက်ကြာအောင် စိမ်ထားလိုက်ပါ။

 

 

ပြီးရင်တော့ ဆပ် ပြာမှုန့်ထည့်ပြီး သွားပွတ်တံလေးတစ်ချောင်းနဲ့ ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေနွေးပူထဲမှာ ခဏပြန်စိမ်ထားပြီး ပုံမှန်အတိုင်းပဲ လျှော်ဖွတ်ပေးလိုက်ပါ။

 

 

၁၄။ ဖျော်ရည်မှောက်ကျရင် – အအေးဆိုင် ထိုင်ရင်း ဖျော်ရည်ခွက် မှောက်ကျတဲ့အခါ အင်္ကျီမှာ အစွန်းအထင်းကျန်ခဲ့မှာပါပဲ။ ဒီအစွန်းကို ချွတ်ဖို့ဆိုရင် ဇလုံတစ်လုံးထဲမှာ

 

 

ပန်းကန်ဆေးဆပ်ပြာရည် (၁/၂) ခွက်ကို ရှာလကာရည်အကြည် (၁/၄) ခွက်နဲ့ ရောစပ်ပေးလိုက်ပါ။ သမအောင်မွှေပြီးရင် ဖျော်ရည်ကြောင့်ဖြစ်တဲ့ အစွန်းကွက်ပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။

 

 

မိနစ် (၃၀) လောက် ဒီတိုင်းထားပြီးရင် သွားတိုက်တံလေးတစ်ချောင်းနဲ့ ပွတ်တိုက်ပေးလိုက်ပါဦး။ ပြီးရင်တော့ ရေအေးအေးလေးတစ်ခွက်နဲ့ ပြန်ဆေးချပေး လိုက်ပါ။

 

 

၁၅။ အဝတ်အစားမှာ ပီကေလာကပ်နေရင် -အင်္ကျီ ပီကေ (chewing gum) လာကပ်နေရင် တော်တော်အာရုံနောက်ရပါတယ်။ ဖြေရှင်းနည်းကိုမသိခင်ကတော့ အမျှင်တန်းလန်းကြီးကိုဆွဲခွာ၊ လက်ကို ပြန်လာကပ်နဲ့…

 

 

တော်တော်အာရုံနောက်ရပါတယ်။ အမှန်တော့ နည်းသိရင် လွယ်လွယ်လေးပါ။ ပီကေကပ်နေတဲ့ အဝတ်အစားကို ရေခဲသေတ္တာအအေးခန်းထဲ တစ်ညလောက်ထည့်ထားလိုက်ပါ။

 

 

မနက်မိုးလင်းရင် ခဲနေတဲ့ ပီကေလေးကို ဓားနဲ့ ကော်ထုတ်ပြီး ပုံမှန်အတိုင်း ပြန်လည်လျှော်ဖွတ်ပေးနိုင်ပါပြီ။၁၆။ ခရမ်းချဉ်သီးဆော့စ် ပေသွားရင် – ခရမ်းချဉ်သီးဆော့စ်ကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေကို ဖယ်ရှားဖို့

 

 

အစွန်းအထင်းပေနေတဲ့အဝတ်အစားကို ရှာလကာရည်ထဲ ထည့်စိမ်လိုက်ပါ။ ဒါမှမဟုတ် ပေနေတဲ့နေရာကို ရှာလကာရည်နဲ့ ပွတ်ပေး လိုက်ပါ။ အဲဒီအတိုင်း တစ်နာရီလောက်ထားပြီး ပုံမှန်အတိုင်းပြန်လျှော်ဖွတ်ပေးလိုက်ရင် ရပါပြီ။

Credit – Em Em

 

Leave a Comment