ဝေ့မန်းနီးက ထုတ်ပြန်ကြေညာလိုက်ပါပြီ…
မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Wave Money က စက်တင်ဘာလ ၉ ရက် ဒီနေ့ကစလို့ ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှု အသုံးပြုသူတွေအနေနဲ့
မဖြစ်မနေ မှတ်ပုံတင်ယူဆောင်လာရမယ်လို့ Wave Money က ထုတ်ပြန်ထားပါတယ်။
ငွေလွှဲ၊ ငွေထုတ် ပြုလုပ်တဲ့အခါ ပိုမိုလုံခြုံ စိတ်ချရစေဖို့ လုံခြုံရေး အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေတာကြောင့် အသုံးပြုသူတွေအနေနဲ့ မှတ်ပုံတင်ကို မဖြစ်မနေ ယူလာရမှာဖြစ်သလို အ
ချက်အလက် အပြည့်အစုံကို ဖြည့်စွက်မှသာ ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းစဉ် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Wave Money အသုံးပြုသူတစ်ဦးကတော့ အခုပြောင်းလဲလိုက်တဲ့ စည်းမျဉ်းတွေကြောင့် သူ့အတွက် ဆက်လက်အသုံးပြုဖို့ ခက်စေတယ်လို့ RFA ကို ပြောပါတယ်။
“အရင်ကဆို ဖုန်းနံပါတ်ပေးလိုက်ရင် ရပြီ။ ငွေလွှဲတာပဲဖြစ်ဖြစ်၊ ငွေထုတ်တာပဲဖြစ်ဖြစ်။ အခုက အဲ့လိုသွားလေရာ မှတ်ပုံတင်ယူရမလို ဖြစ်နေပြီ။ ငွေလွှဲတာ၊ ငွေထုတ်တာက မှတ်ပုံတင်ပြစရာမှ မလိုအပ်တာ။
Wave Money အပိုတွေလုပ်ပြီး စစ်ကောင်စီအလိုကျ လိုက်လုပ်နေရတာလို့ မြင်တယ်။ အလုပ်မရှုပ်အောင်လို့ လွယ်ကူတာနဲ့ ငွေလွှဲပါတယ်ဆိုမှ အခုလိုတွေ ပြရမယ်ဆို ဘဏ်ကပဲ လုပ်တော့မှာပေါ့။
အခုအဲ့လိုမျိုးတွေနဲ့ ဆိုရင်တော့ မလွှဲတော့ဘူး။ အသုံးမပြုတော့ဘူး”
ဒီနေ့ကစလို့ Wave Money အသုံးပြုတွေရဲ့ မှတ်ပုံတင်ကတ်ကို ဓာတ်ပုံရိုက်ယူမှသာ ငွေလွှဲ၊ ငွေထုတ် ပြုလုပ်နိုင်အောင် Wave Money မိုဘိုင်းဆော့ဝဲကိုပါ ပြင်ဆင်ထားတာကြောင့်
အေးဂျင့်တွေအနေနဲ့လည်း အလုပ်တွေ ပိုလာသလို ဒီနေ့မှာ ငွေလွှဲသူတွေလည်း နည်းလာတယ်လို့ Wave Money ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
မိုဘိုင်း ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်တဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ငွေသွင်းနဲ့ ငွေထုတ်သူရဲ့ အမည်၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊ ရှေ့နောက်ပုံ မိတ္တူ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ငွေလွှဲပို့တဲ့အကြောင်းအရင်း စတဲ့
အချက်အလက်တွေကို အပြည့်အစုံ ရယူထားရမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဩဂုတ်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားထားပါတယ်။
ရန်ကုန်မြို့ရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်တွင် wave money ဖြင့် ငွေလွှဲနိုင်ကြောင်းပြသထားသည့် ဆိုင်းဘုတ်ချိတ်ထားသည်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: YE AUNG THU / AFP
Source – RFA
ေဝ့မန္းနီးက ထုတ္ျပန္ေၾကညာလိုက္ပါၿပီ…
ေဝ့မန္းနီးက ထုတ္ျပန္ေၾကညာလိုက္ပါၿပီ…
မိုဘိုင္းေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းတစ္ခုျဖစ္တဲ့ Wave Money က စက္တင္ဘာလ ၉ ရက္ ဒီေန႔ကစလို႔ ေငြလႊဲ၊ ေငြထုတ္ဝန္ေဆာင္မႈ အသုံးျပဳသူေတြအေနနဲ႔
မျဖစ္မေန မွတ္ပုံတင္ယူေဆာင္လာရမယ္လို႔ Wave Money က ထုတ္ျပန္ထားပါတယ္။
ေငြလႊဲ၊ ေငြထုတ္ ျပဳလုပ္တဲ့အခါ ပိုမိုလုံၿခဳံ စိတ္ခ်ရေစဖို႔ လုံၿခဳံေရး အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ေပးေနတာေၾကာင့္ အသုံးျပဳသူေတြအေနနဲ႔ မွတ္ပုံတင္ကို မျဖစ္မေန ယူလာရမွာျဖစ္သလို အ
ခ်က္အလက္ အျပည့္အစုံကို ျဖည့္စြက္မွသာ ေငြလႊဲ၊ ေငြထုတ္လုပ္ငန္းစဥ္ ေဆာင္႐ြက္ႏိုင္မွာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
Wave Money အသုံးျပဳသူတစ္ဦးကေတာ့ အခုေျပာင္းလဲလိုက္တဲ့ စည္းမ်ဥ္းေတြေၾကာင့္ သူ႔အတြက္ ဆက္လက္အသုံးျပဳဖို႔ ခက္ေစတယ္လို႔ RFA ကို ေျပာပါတယ္။
“အရင္ကဆို ဖုန္းနံပါတ္ေပးလိုက္ရင္ ရၿပီ။ ေငြလႊဲတာပဲျဖစ္ျဖစ္၊ ေငြထုတ္တာပဲျဖစ္ျဖစ္။ အခုက အဲ့လိုသြားေလရာ မွတ္ပုံတင္ယူရမလို ျဖစ္ေနၿပီ။ ေငြလႊဲတာ၊ ေငြထုတ္တာက မွတ္ပုံတင္ျပစရာမွ မလိုအပ္တာ။
Wave Money အပိုေတြလုပ္ၿပီး စစ္ေကာင္စီအလိုက် လိုက္လုပ္ေနရတာလို႔ ျမင္တယ္။ အလုပ္မရႈပ္ေအာင္လို႔ လြယ္ကူတာနဲ႔ ေငြလႊဲပါတယ္ဆိုမွ အခုလိုေတြ ျပရမယ္ဆို ဘဏ္ကပဲ လုပ္ေတာ့မွာေပါ့။
အခုအဲ့လိုမ်ိဳးေတြနဲ႔ ဆိုရင္ေတာ့ မလႊဲေတာ့ဘူး။ အသုံးမျပဳေတာ့ဘူး”
ဒီေန႔ကစလို႔ Wave Money အသုံးျပဳေတြရဲ႕ မွတ္ပုံတင္ကတ္ကို ဓာတ္ပုံ႐ိုက္ယူမွသာ ေငြလႊဲ၊ ေငြထုတ္ ျပဳလုပ္ႏိုင္ေအာင္ Wave Money မိုဘိုင္းေဆာ့ဝဲကိုပါ ျပင္ဆင္ထားတာေၾကာင့္
ေအးဂ်င့္ေတြအေနနဲ႔လည္း အလုပ္ေတြ ပိုလာသလို ဒီေန႔မွာ ေငြလႊဲသူေတြလည္း နည္းလာတယ္လို႔ Wave Money ေငြလႊဲဝန္ေဆာင္မႈ လုပ္ငန္းလုပ္ကိုင္သူတစ္ဦးက ေျပာပါတယ္။
မိုဘိုင္း ေငြေၾကးဝန္ေဆာင္မႈ လုပ္ကိုင္တဲ့ ကိုယ္စားလွယ္ေတြအေနနဲ႔ ေငြသြင္းနဲ႔ ေငြထုတ္သူရဲ႕ အမည္၊ ႏိုင္ငံသား စိစစ္ေရးကတ္အမွတ္၊ ေရွ႕ေနာက္ပုံ မိတၱဴ၊ ဖုန္းနံပါတ္၊ ေနရပ္လိပ္စာ၊ ေငြလႊဲပို႔တဲ့အေၾကာင္းအရင္း စတဲ့
အခ်က္အလက္ေတြကို အျပည့္အစုံ ရယူထားရမယ္လို႔ စစ္ေကာင္စီရဲ႕ ဗဟိုဘဏ္က ဩဂုတ္လ ၁၅ ရက္ေန႔ ရက္စြဲနဲ႔ ၫႊန္ၾကားထားပါတယ္။
ရန္ကုန္ၿမိဳ႕ရွိ ဖုန္းအေရာင္းဆိုင္တစ္ဆိုင္တြင္ wave money ျဖင့္ ေငြလႊဲႏိုင္ေၾကာင္းျပသထားသည့္ ဆိုင္းဘုတ္ခ်ိတ္ထားသည္ကို ၂၀၁၆ ခုႏွစ္၊ စက္တင္ဘာလ ၁၉ ရက္ေန႔က ေတြ႕ရစဥ္
Photo: YE AUNG THU / AFP