သမီးလေးတွေအတွက် ဘဝနေနည်း

၁။ မိဘစကားကို အမြဲနားထောင်ပါ။ မိဘဆိုတာဘယ်တော့မှ သမီးလေးရဲ့ဘဝကို လမ်းမှားညွှန်ပြပေးမှာ မဟုတ်ဘူးလေ။ မိဘတွေက သမီးလေးဆန္ဒတွေနဲ့ စိတ်ဝင်စားတာတွေကို ထည့်မစဉ်းစားကြဘူးလို့ တစ်ခါတစ်လေ သမီးထင်မိကောင်းထင်မိလိမ့်မယ်။ ဒါပေမယ့် သမီးလေးဆန္ဒကို အမြဲထည့်စဉ်းစားပါတယ်။

 

 

၂။ ကိုယ့်ပုံစံအတိုင်းကိုယ်နေဖို့ သမီးလေးမတွန့်ဆုတ်ပါနဲ့။ သမီးဘယ်လိုပဲဖြစ်ဖြစ်မိသားစုနဲ့ မိတ်ဆွေစစ်တွေက သမီးလေးကိုလက်ခံပြီးသားပါ။

၃။ သမီးဘာပဲလုပ်လုပ် မိန်းကလေးတစ်ယောက်ပီပီ ကျက်သရေရှိရှိလေးလုပ်ပါ။

 

 

 

 

၄။ အတင်းအဖျင်းတွေ ပြောတာကိုသမီးရှောင်ကြဉ်ပါ။ မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့လူက စိတ်ကူးအကြံဥာဏ်တွေကိုပဲ ဆွေးနွေးဖလှယ်ကြတယ်။ သာမာန် စိတ်ထားကောင်းမွန်တဲ့လူကတော့ အဖြစ်အပျက်လေးတွေ အကြောင်းဆွေးနွေးကြတယ်၊ စိတ်သဘောထားသေးသိမ်သူကတော့ လူတွေအကြောင်းဆွေးနွေး ကြတယ် ဆိုတာကို သမီးလေးအမြဲအမှတ်ရနေပါနော်။

 

 

၅။ မိန်းကလေးတစ်ယောက်ပီပီ စီမံခန့်ခွဲနိုင်ဖို့အတွက် အချက်အပြုတ်နဲ့ သန့်ရှင်းရေးတွေ လုပ်တတ်အောင် သင်ယူထားရမယ်သမီး။

၆။ သမီးကိုယ်သမီးမသိသလို မတတ်သလိုမနေပါနဲ့။ ကိုယ်ကစမတ်ဖြစ်နေတာ ကောင်းပါတယ်။ ဆုံးဖြတ်ချက်တစ်ခုကို မှန်မှန်ကန်ကန်ချနိုင်ဖို့ သမီးရဲ့ထိုးထွင်းဉာဏ်လေးကိုအသုံးပြုပါ။

 

 

 

 

၇။ စာအုပ်များများဖတ်ပါသမီး၊ ပြီးတော့ ပညာပေးရုပ်သံတွေ များများကြည့်ပါ။

၈။ သမီးရဲ့ပန်းတိုင်တွေကိုကိုယ်တိုင်ချမှတ်ပါ။ အရာရာတိုင်းကတော့ အစီအစဉ်အတိုင်း ဖြစ်လာမှာမဟုတ်ဘူနော်။ ဒါကြောင့် အရံအစီအစဉ်တစ်ခုအမြဲတမ်းထားရမယ်။

 

 

 

၉။ သမီးအိပ်မက်တွေကိုလက်လျှော့အရှုံးမပေးလိုက်ပါနဲ့။ ခြေတစ်လှမ်းချင်းစီတစ်နေ့ပြီးတစ်နေ့ ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်လှမ်းပါ။

၁၀။ အလုပ်ကိုကြိုးစားပြီးလုပ်ပါသမီး၊အခွင့်အလမ်းတွေကိုလက်မလွတ်စေပါနဲ့။

 

၁၁။ သမီးလုပ်လိုက်တဲ့ အရာအားလုံး၊ သမီးရွေးချယ်လိုက်တဲ့ အလုပ်အကိုင်အားလုံးအပေါ် နှစ်သက်ရင်ခုန်ခြင်းရှိပါ။ ဒါတွေအားလုံးကငွေကြေးတစ်ခုတည်းကြောင့် လုပ်နေရတာမျိုးမဖြစ်စေပါနဲ့၊ အထူးသဖြင့် သမီးလေးသာ မပျော်ရွှင်ရင်ပေ့ါ။

 

 

 

 

၁၂။ တခါတရံသမီးလေးဆုံးရှုံးလိုက်ရတာတွေ ရှိလိမ့်မယ်။ ဒါပေမယ့် သမီးလေး လဲနေရာမှ ပြန်မထပဲ မနေပါနဲ့။ ဇွဲမလျှော့ပဲ ဆက်ကြိုးစားနော်သမီးလေး။

၁၃။ ခရီးသွားလည်ပတ်ပြီးကမ္ဘာတစ်ဝှမ်းကအတွေ့အကြုံတွေကိုသမီးခံစားကြည့်ပါ။

 

 

၁၄။ ကိုယ့်ကိုယ်ကို ထင်နေတာထက် ပိုပြီးသမီးလေးက ကြံ့ခိုင်တယ်ဆိုတာအမြဲအမှတ်ရနေပါ။

၁၅။ သမီးလေးရဲ့ မိတ်ဆွေစစ်တွေက ဘယ်သူတွေလဲဆိုတာ သိထားရမယ်။ အပေါင်းအသင်း၊ မိတ်ဆွေတွေကတစ်နေ့ကျရင် ခွဲခွာပြီးကိုယ့်လမ်းကိုဆက်ကြရမှာပဲလေ။ အားလုံးကတော့ ကိုယ်သွားမယ့်ခရီးမှာ ကိုယ်နဲ့တူတူခြေလှမ်းသစ်လှမ်းမှာမဟုတ်ပါဘူး။

 

 

 

 

၁၆။ ငွေကြေးနဲ့ပတ်သက်လာရင် ပညာရှိရမယ်သမီး၊ ခက်ခဲတဲ့နေ့တွေနဲ့ အနာဂတ်အတွက် စုဆောင်းထားရမယ်လေ။ ကိုယ့်နည်းလမ်းနဲ့ကိုယ် နေထိုင်ရမယ်။

၁၇။ လူတွေကိုစိတ်ကျေနပ်အောင် ထားဖို့ မကြိုးစားပါနဲ့။ ကိုယ့်ကိုယ်ကိုပျော်ရွှင်အောင်နေပြီး ကိုယ်ယုံကြည်သက်ဝင်ရာမှာ စွဲမြဲစွာဖက်တွယ်ထားပါ။

 

 

 

 

၁၈။ သနားကြင်နာပါ၊ ဂရုဏာထားပါ၊ သစ္စာကိုစောင့်ထိန်းပါ။

၁၉။ ယဉ်ကျေးပျူငှာပြီးအမြဲတမ်းကောင်းမွန်စွာ ပြုမူနေထိုင်တတ်တဲ့ သမီးလေးတစ်ယောက် ဖြစ်အောင်နေပါ။

 

၂၀။ ကိုယ့်ကိုယ်ကို အမြဲရိုသေလေးစားနေပါ သမီး။

၂၁။ သမီးလေးရဲ့ တန်ဖိုးကိုသမီးသိရမယ်။ သမီးတန်ဖိုးကျတယ်လို့ ခံစားရအောင် ဒါမှမဟုတ် သမီးတန်ဖိုးကိုကျအောင် ဘယ်သူ့ကိုမှ ခွင့်မပြုပါနဲ့။

 

 

 

 

၂၂။ နောက်ကျမှ နောင်တရမယ့် အလုပ်မျိုးကိုလုပ်တာ၊ နောင်တရမယ့် စကားမျိုးကိုပြောတာ၊ ဒါတွေကိုမလုပ်မိဖို့ သမီးကြိုးစားပါ။

၂၃။ အမျိုးသားတစ်ယောက်မှာသမီးလိုချင်တဲ့ အချက်အလက်တွေကိုသိချင်ရင် သမီးဖေဖေကို ကြည့်ရမယ်။ အမျိုးသမီးတွေကိုဘယ်လိုကြင်နာသင့်တယ်၊ ဆက်ဆံသင့်တယ်ဆိုတာသိဖို့အတွက်ကသမီးဖေဖေကဥပမာကောင်းတစ်ခုပဲပေါ့။

 

 

 

 

၂၄။ သမီးလေးတတ်နိုင်သလောက် ပညာကိုကောင်းကောင်းသင်ယူပါ၊ စကားပြောကောင်းမွန်အောင် သင်ယူပါ၊ ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ပါ။

၂၅။ ကျန်းမာအောင် နေထိုင်ပါ၊ ကောင်းမွန်စွာစားသောက်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ကျန်းမာရေးကို ကောင်းနေအောင် ဂရုတစိုက် နေထိုင်ကျင့်သုံးပါ။

Credit – GandaWin Magazine

Leave a Comment