ေ႐ႊတစ္ပိႆာေက်ာ္ ပါသြားတဲ့ မႏၲေလးၿမိဳ႕သစ္က ေ႐ႊဆိုင္ ဓားျပတိုက္ခံရမႈ CCTV မွတ္တမ္း
မႏၲေလးၿမိဳ႕သစ္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ထဲက ေမာသစ္ေ႐ႊဆိုင္ကို ဒီေန႔ မြန္းလြဲ (၂)နာရီခန႔္မွာ လူႏွစ္ဦးက ဓားျပတိုက္
လုယက္လို႔ ေ႐ႊတစ္ပိႆာေက်ာ္ႏွင့္ က်ပ္သိန္း(၆၀)၊ စုစုေပါင္း က်ပ္သိန္း(၂၀၀၀)ဝန္းက်င္ဖိုး ပါသြားတယ္လို႔ စစ္အုပ္စုက သတင္း ထုတ္ျပန္ပါတယ္။
ဆိုင္ကယ္စီး လူႏွစ္ေယာက္က ေသနတ္နဲ႔ ၿခိမ္းေျခာက္ကာ ဓားျပတိုက္သြားတာ ျဖစ္ၿပီး တစ္ခ်က္ပစ္ခတ္ခဲ့လို႔
ဆိုင္ဝန္ထမ္းတစ္ေယာက္ ေျခေထာက္ က်ည္ထိမွန္ ဒဏ္ရာရတယ္လို႔လည္း စစ္အုပ္စုက ဆိုပါတယ္။
ဓားျပတိုက္ခံရတဲ့ ေမာသစ္ေ႐ႊဆိုင္ဟာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (၁၂၅)လမ္း၊ (၅၈)လမ္းႏွင့္ (၅၉)လမ္းၾကား၊
(စ)လုံးေဈး ေျမာက္ဖက္တိုက္တန္းမွာ ဖြင့္လွစ္ထား ျဖစ္ပါတယ္။
ဓားျပတိုက္ခံရတဲ့ ေ႐ႊဆိုင္အနီးမွာ ဒီေန႔ တမနက္လုံး စစ္အုပ္စု ေျခရႈပ္ေနၿပီး စကစေတြက လမ္း (၆၀)၊
(၁၃၀) လမ္း(ေအးသုခလမ္း)နဲ႔ (၁၃၁)လမ္း(ရတနာလမ္း)ၾကားက မနက္ခင္းေဈး (လမ္း ၆၀ ေဈး)ကို (၁၀)ရက္ပိတ္ဖို႔ ဒီမနက္မွာ
လာေရာက္ၿခိမ္းေျခာက္ ဖိအားေပးၿပီး ေစာင့္ၾကည့္ပိတ္ဆို႔ထားခ်ိန္ မြန္းလြဲပိုင္းမွာ အဲဒီေဈးအနီးက ေ႐ႊဆိုင္ ဓားျပ
အတိုက္ခံလိုက္ရတာလို႔ ေဒသခံေတြက ေျပာပါတယ္။
ေမာသစ္ေ႐ႊဆိုင္ဟာ မႏၲေလးၿမိဳ႕မွာ ဆိုင္ခြဲ သုံးဆိုင္ ဖြင့္လွစ္ထားၿပီး စစ္အာဏာသိမ္းၿပီးေနာက္ ၂၀၂၁ ေအာက္တိုဘာ(၁၇)ရက္ကလည္း
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈ(၁) ေဈးတိုက္တန္းက ေမာသစ္ေ႐ႊဆိုင္ခြဲကို လူေလးဦးက ဆိုင္ကယ္ႏွစ္စီးနဲ႔ ေရာက္လာၿပီး
က်ပ္သိန္း(၁၁၀၀)ေက်ာ္ တန္ဘိုးရွိတဲ့ ေ႐ႊေတြ ဓားျပတိုက္ သြားခဲ့ပါေသးတယ္။
ဒါ့အျပင္ ၂၀၂၁ ဒီဇင္ဘာ(၁၈)ရက္ကလည္း ခ်မ္းေအးသာစံၿမိဳ႕နယ္က ဝိန႔္လီေ႐ႊဆိုင္ ဓားျပတိုက္မႈျဖစ္ခဲ့ၿပီး အဲဒီ ဝိန႔္လီႏွင့္
ေမာသစ္ေ႐ႊဆိုင္ကို ဓားျပတိုက္တဲ့အဖြဲ႕ဟာ အတူတူျဖစ္ေၾကာင္းႏွင့္ က်ဴးလြန္သူေတြကို ဖမ္းဆီးရမိခဲ့တယ္လို႔ စစ္အုပ္စုက သတင္းထုတ္ျပန္ခဲ့ပါတယ္။
crd
ရွှေတစ်ပိဿာကျော် ပါသွားတဲ့ မန္တလေးမြို့သစ်က ရွှေဆိုင် ဓားပြတိုက်ခံရမှု CCTV မှတ်တမ်း
မန္တလေးမြို့သစ်၊ ပြည်ကြီးတံခွန်မြို့နယ်ထဲက မောသစ်ရွှေဆိုင်ကို ဒီနေ့ မွန်းလွဲ (၂)နာရီခန့်မှာ လူနှစ်ဦးက ဓားပြတိုက်
လုယက်လို့ ရွှေတစ်ပိဿာကျော်နှင့် ကျပ်သိန်း(၆၀)၊ စုစုပေါင်း ကျပ်သိန်း(၂၀၀၀)ဝန်းကျင်ဖိုး ပါသွားတယ်လို့ စစ်အုပ်စုက သတင်း ထုတ်ပြန်ပါတယ်။
ဆိုင်ကယ်စီး လူနှစ်ယောက်က သေနတ်နဲ့ ခြိမ်းခြောက်ကာ ဓားပြတိုက်သွားတာ ဖြစ်ပြီး တစ်ချက်ပစ်ခတ်ခဲ့လို့
ဆိုင်ဝန်ထမ်းတစ်ယောက် ခြေထောက် ကျည်ထိမှန် ဒဏ်ရာရတယ်လို့လည်း စစ်အုပ်စုက ဆိုပါတယ်။
ဓားပြတိုက်ခံရတဲ့ မောသစ်ရွှေဆိုင်ဟာ ပြည်ကြီးတံခွန်မြို့နယ် (၁၂၅)လမ်း၊ (၅၈)လမ်းနှင့် (၅၉)လမ်းကြား၊
(စ)လုံးဈေး မြောက်ဖက်တိုက်တန်းမှာ ဖွင့်လှစ်ထား ဖြစ်ပါတယ်။
ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်အနီးမှာ ဒီနေ့ တမနက်လုံး စစ်အုပ်စု ခြေရှုပ်နေပြီး စကစတွေက လမ်း (၆၀)၊
(၁၃၀) လမ်း(အေးသုခလမ်း)နဲ့ (၁၃၁)လမ်း(ရတနာလမ်း)ကြားက မနက်ခင်းဈေး (လမ်း ၆၀ ဈေး)ကို (၁၀)ရက်ပိတ်ဖို့ ဒီမနက်မှာ
လာရောက်ခြိမ်းခြောက် ဖိအားပေးပြီး စောင့်ကြည့်ပိတ်ဆို့ထားချိန် မွန်းလွဲပိုင်းမှာ အဲဒီဈေးအနီးက ရွှေဆိုင် ဓားပြ
အတိုက်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
မောသစ်ရွှေဆိုင်ဟာ မန္တလေးမြို့မှာ ဆိုင်ခွဲ သုံးဆိုင် ဖွင့်လှစ်ထားပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ အောက်တိုဘာ(၁၇)ရက်ကလည်း
ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁) ဈေးတိုက်တန်းက မောသစ်ရွှေဆိုင်ခွဲကို လူလေးဦးက ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာပြီး
ကျပ်သိန်း(၁၁၀၀)ကျော် တန်ဘိုးရှိတဲ့ ရွှေတွေ ဓားပြတိုက် သွားခဲ့ပါသေးတယ်။
ဒါ့အပြင် ၂၀၂၁ ဒီဇင်ဘာ(၁၈)ရက်ကလည်း ချမ်းအေးသာစံမြို့နယ်က ဝိန့်လီရွှေဆိုင် ဓားပြတိုက်မှုဖြစ်ခဲ့ပြီး အဲဒီ ဝိန့်လီနှင့်
မောသစ်ရွှေဆိုင်ကို ဓားပြတိုက်တဲ့အဖွဲ့ဟာ အတူတူဖြစ်ကြောင်းနှင့် ကျူးလွန်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ခဲ့ပါတယ်။
crd