ရဲများက အရက်မူးပြီး ပြည်သူတစ်ဦးအား ဖမ်းဆီး နှိပ်စက်ရုံမကပဲ ဘောင်းဘီစွဲချွတ်ကာ ဖင်ချခိုင်းတဲ့အထိ ရုတ်မာမှု

တာဝန်ချိန်တွင် အရက်မူးနေပြီး အပြစ်မဲ့ပြည်သူတစ်ဦးအား ဖမ်းဆီးရိုက်နှက် နှိပ်စက်…..

ကျွန်တော့် ရဲ့ ကိုယ်တွေ့ အဖြစ်ပျက် တစ်ခု Share ချင်ပါတယ်။ အများလည်းသိရအောင် နောက်နောင်လည်း ကျွန်တော့လို မခံရစေချင်ပါဟူး။ အဲ့ရည်ရွယ်ချက်နှင့် အတူ မပြောင်းလဲနိုင်သေးသော….

ပြည်သူ့ ဝန်ထမ်း အမည်ခံထားသော ရဲများ၏ ရွံဖို့ ကောင်းတယ့် စောက်ကျင့်များကို သိစေချင်ပါတယ်၊ ကျွန်တော် ခံခဲ့ရတာနဲ့ ပတ်သတ်လို့ တရာဆွဲလည်း လူပင်ပန်း စိတ်ပင်ပန်း ငွေကုန်တာကလွဲလို့ ဘာမှ မထူးနိုင်မှန်းသိပါတယ်။

ရဲများက အရက်မူးပြီး ပြည်သူတစ်ဦးအား ဖမ်းဆီး နှိပ်စက်ရုံမကပဲ ဘောင်းဘီစွဲချွတ်ကာ ဖင်ချခိုင်းတဲ့အထိ ရုတ်မာမှု 1

ဒါပေမယ့် မလုပ်လို့ လည်း မရပါဟူး။ ကျွန်တော် တိုင်စားများအနေနဲ့ သတ်ဆိုင်ရာ ဌာနများ ဝန်ကြီးရုံးများကိုတော့ ပို့ပြီးပါပြီ။ အရေးယူမယ် မယူမယ်ကတော့ သူတို့ အပိုင်းပါပဲ။အောက်ပါအတိုင်းဖြစ်ပါတယ် …

ကျွန်တော် ပြီးခဲ့တယ့်အပတ် ၃.၅.၂၀၁၉ Friday ရက် (၁၀း၃၀)အချိန် သူငယ်ချင်းနှစ်ဦးနှင့် အတူစမ်းချောင်းရှိစားသောက်ဆိုင်တစ်ခုမှ အငှားကား(TAXI)ဖြင့် နေအိမ်သို့ပြန်လာစဉ် နာနတ်တောလမ်းအရိုးအထူးကုဆေးရုံကြီးအနီးတွင် ညဘက် ယာဉ်စစ်နေသော…..

ကမာရွတ်ရဲစခန်းမှတာဝန်ကျရဲတပ်ဖွဲ့ဖြင့် ဆုံသောကြောင့်ကားပေါ်မှဆင်းပြီးကြည်ဖြူစွာ အစစ်ဆေးခံခဲ့ပါသည်။ ကျွန်တော့်ကိုစစ်ဆေးနေသော ရဲဝန်ထမ်းမှာ ဟန်မဆောင်နိုင်အောင်မူးနေခဲ့ပါသည်။

ရဲများက အရက်မူးပြီး ပြည်သူတစ်ဦးအား ဖမ်းဆီး နှိပ်စက်ရုံမကပဲ ဘောင်းဘီစွဲချွတ်ကာ ဖင်ချခိုင်းတဲ့အထိ ရုတ်မာမှု 2

ထို့နည်းတူတခြားသော(လက်နက်ကိုင်ဆောင်ထားသော) ရဲဝန်ထမ်းအချို့မှာလည်းမူးနေပါသည်။ ၄င်းတို့နှင့်အတူတာဝန်မူးဟုယူဆရသူ အရာရှိတစ်ဦးလည်းရှိနေပါသည်။

ကျွန်တော်သည် ရဲဝန်ထမ်း၏ စစ်ဆေးခြင်းကို ကြည်ဖြူစွာခံပြီးနောက် နိုင်ငံသားတစ်ဦးအနေဖြင့် မိမိကိုစစ်ဆေးသော ရဲဝန်ထမ်းအား ကျွန်တော်မှ “ခင်ဗျားမူးနေတာလား၊အလုပ်ချိန်မှာယူနီဖောင်းဝတ်ဖြင့် မူးနေလို့ရပါသလား။

ယခုကဲ့သို့မူးနေသောအနေအထားဖြင့် ပြည်သူတစ်ဦးကို စစ်ဆေးခွင့်ရှိပါသလား” ဟု ကျွန်တော်မေးခဲ့ပါသည်။ ကျွန်တော်မေးသောအခါ ၄င်းတို့နှင့်အတူရှိနေသောရဲအရာရှိမှကျွန်တော့်အား ပြစ်မှုတစုံတရာမရှိသည့် အတွက်ကျွန်တော့်အားပြန်ရန် တိုက်တွန်းနေချိန်တွင်…..

ရဲများက အရက်မူးပြီး ပြည်သူတစ်ဦးအား ဖမ်းဆီး နှိပ်စက်ရုံမကပဲ ဘောင်းဘီစွဲချွတ်ကာ ဖင်ချခိုင်းတဲ့အထိ ရုတ်မာမှု 3

ကျွန်တော်မေးခဲ့သော မေးခွန်းများအပေါ်မကျေနပ်သည့်အတွက် ကျွန်တော့်ကိုစစ်ဆေးသောရဲဝန်ထမ်းအပါဝင် ကျန်မူးနေသောရဲဝန်ထမ်းများ(လက်နက်ကိုင်ဆောင်ထားသူအပါအဝင်၆ဦးခန့်) မှ“ဒီကောင့်ကိုဖမ်းကွာကြာတယ် စခန်းခေါ်သွားပြီး လုပ်ရမယ် လူပါးဝလို့ဒီကောင့်ကို လက်ထိပ်ခတ်” ဟုအော်ပြောကာ…..

ရဲဝန်ထမ်း၆ဦးခန့်က ကျွန်တော့်အားဝိုင်းရိုက်ခြင်း ဆံပင်းများဆွဲခါခြင်း၊ ဆောင့်ဆွဲခြင်း၊ ကန်ခြင်းများပြုလုပ်ပြီး နောက်ပြန်လက်ထိပ်ကိုတင်းကျပ်စွာခတ်ကာကျွန်တော့်အား ရဲကားပေါ်သို့ ခြေထောက်များဖြင့်ဝိုင်းကန်တင်ပြီး ကားကြမ်းပြင်တွင် ကျွန်တော့်အား ပတ်လတ်အနေထား ထားပြီး ခြေထောက်ဖြင့်နင်းပြီး ခေါ်ဆောင်ခဲ့ပါသည်။

ကမာရွတ်ရဲစခန်းဝန်း အတွင်းအရောက်တွင် ကျွန်တော့်အား ကားပေါ်မှဆွဲချကာ စခန်းအတွင်းသို့ခေါ်ဆောင်လာပြီးအချုပ်နားအရောက်တွင်ကျွန်တော့်ကိုခေတ္တစောင့်စေပြီး အချုပ်ထဲတွင်ရှိနေပြီးသောအချုပ်သားများနှင့်အချုပ်လမ်းတွင်အိပ်နေသောသူများကိုအပြင်သို့ခေါ်ထုတ်သွားပြီး ….

ဘယ်သူမှမကျန်တော့သည့်အချိန်တွင် ကျွန်တော့်အား ကမာရွတ်ရဲစခန်းသို့ခေါ်လာသူရဲဝန်ထမ်းများ (ဂိတ်တွင်စစ်ဆေးသော ရဲအပါဝင် ၆ဦးခန်)့မှ လက်ထိတ်ခတ်အနေထားဖြင့် မျက်နှာမှ လွဲပြီးကျန်နေရာများအား ထိုးနှက်ခြင်း၊ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်း၊

“မင်းငယ်ပါ ဘယ်လောက်ရှိလဲကြည့်ရအောင်” ဟုဆိုကာ ကျွန်တော့် ဘောင်းဘီအားအတင်းဆွဲခြင်း၊ “ဒီကောင့်ကိုဖင်ချကွာ”ဟုဆိုကာဘောင်ဘီအားအတင်းဆွဲခြင်းများကိုပြုလုပ်ပါသည်။ ထို့နောက်အချုပ်ခန်းအတွင်းသို့ကျွန်တော့်ကိုဝင်စေပြီးအခန်းအတွင်းတွင် အသင့်စောင့်နေသော ရဲ၂ဦးမှာ လူမိုက်ဆန်သောစကားများဖြင့် ခြိမ်းခြောက်ပြီး လက်ထိတ်မဖြုတ်ပေးပဲ နေစေခဲ့ပါသည်။

ထိုသို့ကျွန်တော့အပေါ်ကျူးလွန်နေသည်ကို စခန်းဝင်းအတွင်းတွင်ရောက်ရှိနေသော ကျွန်တော့် သူငယ်ချင်း ၂ဦးမှ အသံများ ကြားနေရသော်လည်း စခန်းအဆာက်အအုံအတွင်းသို့ ၀င်ခွင့်မပေးဘဲ ၀င်းအတွင်း ၌ သာနေစေခဲ့ပါသည်။ တာဝန်ကျစစ်ဆေးရေးဂိတ်တွင်ရှိနေသော ရဲအရာရှိလည်းစခန်းတွင်းရှိနေခဲ့ပါသည်။

အချုပ်ခန်းအတွင်း လက်ထိတ်ခတ်ထားသောလက်ကောက်ဝတ် ၂ခုလုံးလွန်စွာနာကျင်သောကြောင့် ဖြုတ်ပေးရန်အကူအညီတောင်းခဲ့သော်လည်း မည်သူတစ်ဦး တစ်ယောက်မှ လာရောက်ခြင်းမရှိခဲ့ပါ။

ထိုနေ့ည၂၄း၀၀နာရီခန့်တွင် ကျွန်တော့်အား အချုပ်မှပြန်ထွက်စေပြီး ထိုအချိန်တွင် ကျွန်တော့်အားထိုးနှက်ခြိမ်းခြောက်သူ ရဲဝန်ထမ်းတစ်ဦး မှ မရှိတော့ပဲကနဦးကတည်းကပင် ရှိနေခဲ့သော ရဲအရာရှိနှင့်စခန်းတွင်ရှိနှင့်ပြီးသော ရဲဝန်ထမ်းများသာတွေ့ရပါသည်။

ကျွန်တော့်အပေါ်ကျူးလွန်ခဲ့သောရဲဝန်ထမ်းများ၏ နာမည်များမေးသော်လည်းမပြောပြခဲ့ပါ။ အချုပ်တွင်းတပ်ဆင်ထားသောCCTV၂လုံးမှ ဖြစ်စဉ်များအားပြန်ကြည့်ရန် တောင်းဆိုတိုင်းကြားခဲ့သော်လည်း တချိန်လုံးအတူရှိနေသော ရဲအရာရှိမှာ သူမသိကြောင်းသာပြောဆိုပြီး ငြင်းပယ်ခဲ့ပါသည်။

အကြံကောင်းများရှိရင်လည်း ပြောပေးပါခင်ဗျာ … အများသိရန်လည်း ပြောကြားပေးကြပါခင်ဗျာ …….။Sources>> Ye Yint Aung