မႏၱေလးက်ံဳးအေရွ႕ဘက္တြင္ မည္သူမဆို အခမဲ့စားသံုးႏိုင္သည့္ Food Box

မႏၱေလးက်ံဳးရဲ႕ အေရွ႕ဘက္ ၆၆ လမ္း၊ ၂၂ လမ္းနဲ႔ ၂၃ လမ္းၾကားမွာ လူမ်ဳိးဘာသာ အဆင့္အတန္းမေရြး မည္သူမဆို အခမဲ့ဝင္ယူ စားသံုးႏိုင္တဲ့ Food Box တခုကို ပရဟိတ အဖြဲ႔တခုက စီစဥ္ေပးထားပါတယ္။

ဒီ Food Box ေနရာမွာ အရင္က အခမဲ့စာၾကည့္တိုက္ပံုးရွိခဲ့ေပမယ္ ဇြန္လ ၁၀ ရက္က စတင္ၿပီး စာအုပ္၊ ဂ်ာနယ္ေတြအျပင္ အေအးဘူးနဲ႔ အဆာေျပမုန္႔ေတြပါ ထည့္ေပးထားတာ ျဖစ္ပါတယ္။

မႏၱေလးက်ံဳးအေရွ႕ဘက္တြင္ မည္သူမဆို အခမဲ့စားသံုးႏိုင္သည့္ Food Box 1

ဒီ Food Box မွာ လိုအပ္တဲ့ အေအးဘူးနဲ႔မုန္႔ေတြကို One To One ျပည္သူကူညီေရး ပရဟိတအဖြဲ႔က အျမဲလာေရာက္ ျဖည့္စြက္လႉဒါန္းေနတာျဖစ္ၿပီး ပုဂၢလိက အလႉရွင္တခ်ဳိ႕ ကလည္း လာေရာက္လႉဒါန္းတာေတြ ရွိေနပါတယ္။

One To One ျပည္သူကူညီေရး ပရဟိတအဖြဲ႔မွ ဦးဝမ္းက “အခုလို Food Box ျပဳလုပ္ေပးတာက လမ္းသြားလမ္းလာေတြ၊ ေစ်းသည္ေတြ၊ အပန္းေျဖလာသူေတြ၊ ခရီးသြားေတြနဲ႔ လုပ္သားျပည္သူေတြ ေရငတ္ေျပေသာက္သုံးဖို႔နဲ႔ ဗိုက္ဆာရင္ အဆာေျပစားဖို႔ ျပဳလုပ္ေပးတာပါ” လို႔ ေျပာပါတယ္။

မႏၱေလးက်ံဳးအေရွ႕ဘက္တြင္ မည္သူမဆို အခမဲ့စားသံုးႏိုင္သည့္ Food Box 2

အခုလို လူမ်ဳိးဘာသာမေရြး အဆင့္အတန္းမေရြး အခမဲ့ စားသံုးႏိုင္ဖို႔ ရည္ရြယ္ ဖြင့္လွစ္ထားတဲ့ Food Box မွာ မိမိတို႔အတြက္ ပိုလွ်ံေနတဲ့အစားအေသာက္ေတြ၊ စာအုပ္ေတြနဲ႔ ဂ်ာနယ္ေတြကို လာေရာက္လႉဒါန္းၾကဖို႔လည္း ဖိတ္ေခၚထားတယ္။

One To One ျပည္သူကူညီေရး ပရဟိတအဖြဲ႕က မႏၱေလးက်ံဳးပတ္လည္မွာ Food Box ေတြထပ္တိုးခ်ထားႏိုင္ဖို႔အတြက္ သက္ဆိုင္ရာအဖြဲဲ႕အစည္းေတြနဲ႔ ေဆြးေႏြးေဆာင္ရြက္သြားဖို႔ ရွိေနပါတယ္။

မႏၱေလးက်ံဳးအေရွ႕ဘက္တြင္ မည္သူမဆို အခမဲ့စားသံုးႏိုင္သည့္ Food Box 3

အေအးနဲ႔ မုန္႔ေတြ ပါဝင္လႉဒါန္းလိုသူေတြအေနနဲ႔ One To One ျပည္သူကူညီေရး ပရဟိတအဖြဲ႔ ကို ဆက္သြယ္ႏိုင္တယ္လို႔ သိရပါတယ္။

ဒီဗြီဘီ

Unicode

မန္တလေးကျုံးရဲ့ အရှေ့ဘက် ၆၆ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားမှာ လူမျိုးဘာသာ အဆင့်အတန်းမရွေး မည်သူမဆို အခမဲ့ဝင်ယူ စားသုံးနိုင်တဲ့ Food Box တခုကို ပရဟိတ အဖွဲ့တခုက စီစဉ်ပေးထားပါတယ်။

ဒီ Food Box နေရာမှာ အရင်က အခမဲ့စာကြည့်တိုက်ပုံးရှိခဲ့ပေမယ် ဇွန်လ ၁၀ ရက်က စတင်ပြီး စာအုပ်၊ ဂျာနယ်တွေအပြင် အအေးဘူးနဲ့ အဆာပြေမုန့်တွေပါ ထည့်ပေးထားတာ ဖြစ်ပါတယ်။

မႏၱေလးက်ံဳးအေရွ႕ဘက္တြင္ မည္သူမဆို အခမဲ့စားသံုးႏိုင္သည့္ Food Box 4

ဒီ Food Box မှာ လိုအပ်တဲ့ အအေးဘူးနဲ့မုန့်တွေကို One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့က အမြဲလာရောက် ဖြည့်စွက်လှူဒါန်းနေတာဖြစ်ပြီး ပုဂ္ဂလိက အလှူရှင်တချို့ ကလည်း လာရောက်လှူဒါန်းတာတွေ ရှိနေပါတယ်။

One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့မှ ဦးဝမ်းက “အခုလို Food Box ပြုလုပ်ပေးတာက လမ်းသွားလမ်းလာတွေ၊ စျေးသည်တွေ၊ အပန်းဖြေလာသူတွေ၊ ခရီးသွားတွေနဲ့ လုပ်သားပြည်သူတွေ ရေငတ်ပြေသောက်သုံးဖို့နဲ့ ဗိုက်ဆာရင် အဆာပြေစားဖို့ ပြုလုပ်ပေးတာပါ” လို့ ပြောပါတယ်။

အခုလို လူမျိုးဘာသာမရွေး အဆင့်အတန်းမရွေး အခမဲ့ စားသုံးနိုင်ဖို့ ရည်ရွယ် ဖွင့်လှစ်ထားတဲ့ Food Box မှာ မိမိတို့အတွက် ပိုလျှံနေတဲ့အစားအသောက်တွေ၊ စာအုပ်တွေနဲ့ ဂျာနယ်တွေကို လာရောက်လှူဒါန်းကြဖို့လည်း ဖိတ်ခေါ်ထားတယ်။

One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့က မန္တလေးကျုံးပတ်လည်မှာ Food Box တွေထပ်တိုးချထားနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲဲ့အစည်းတွေနဲ့ ဆွေးနွေးဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

အအေးနဲ့ မုန့်တွေ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ One To One ပြည်သူကူညီရေး ပရဟိတအဖွဲ့ ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

ဒီဗွီဘီ