သင့်ကောင်မလေးကို စတွဲခါစကလို ချစ်စရာကောင်းနေစေချင်ရင် ဒီအချက်တွေကိုလိုက်နာပါ…

ချစ်သူတွေတော်တော်များများဟာ စတွဲခါစမှာ အရမ်းအဆင်ပြေ၊ အရမ်းချစ်ပြီး တစ်ယောက်ကိုတစ်ယောက် ချစ်မဝဖြစ်နေတတ်ကြပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းသွေးအေးပြီး အချစ်တွေပေါ့သွားတတ်ပါတယ်။ ဒီလိုပြသနာတွေမဖြစ်ချင်ရင်တော့ သင့်ဖက်က ဒီအချက်တွေကို လိုက်နာပါ။

(၁) စတွဲခါစကလို ဖုန်းတဂွမ်ဂွမ်မဆက်နိုင်ရင်တောင်မှ တစ်နေ့ကို ၃ကြိမ်လောက်တော့ အနည်းဆုံး ဖုန်းဆက်ပေးပါ။

(၂) ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာကို သေသေချာချာပြောပြထားပါ။ သူများပြောမှ သိတာမျိုး မဖြစ်ပါစေနဲ့။

သင့်ကောင်မလေးကို စတွဲခါစကလို ချစ်စရာကောင်းနေစေချင်ရင် ဒီအချက်တွေကိုလိုက်နာပါ... 1

(၃) သင့်ချစ်သူ မကြိုက်တဲ့အရာကို သူ့ရှေ့မှာ မလုပ်ချင်ယောင်ဆောင်ပြီး ကွယ်ရာမှာ ခိုးလုပ်တာမျိုးလုံးဝမလုပ်ပါနဲ့။ ပြန်သိသွားရင် ပြသနာတက်ပါမယ်။

(၄) တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တဲ့အချိန် သူ့ကိုရွဲ့တာမျိုး၊ စိတ်ပြေအောင် ပြန်မချော့ပဲ ပစ်ထားတာမျိုးလုံးဝမလုပ်ပါနဲ့။

(၅) သင့်ချစ်သူက မပေါင်းခိုင်းတဲ့သူတွေနဲ့ တစ်တွဲတွဲ မလုပ်ပါနဲ့။ သူမပေါင်းခိုင်းရတဲ့ အကြောင်းပြချက် တစ်ခုခုရှိပါတယ်။ သေချာတာကတော့ သင့်အတွက် မကောင်းပါဘူး။

သင့်ကောင်မလေးကို စတွဲခါစကလို ချစ်စရာကောင်းနေစေချင်ရင် ဒီအချက်တွေကိုလိုက်နာပါ... 2

(၆) မိန်းကလေးသူငယ်ချင်းတွေနဲ့ လိုတာထက်ပိုပြီး ထိတွေ့ဆက်ဆံတာမျိုးမလုပ်ပါနဲ့။ ဘယ်လောက်အနေအေးပြီး ငြိမ်တဲ့သူဖြစ်ဖြစ် ကိုယ့်ချစ်သူကို သဝန်တိုတတ်တဲ့သူတွေချည်းပါပဲ။

(၇) စတွဲတုန်းက သင်ပေးခဲ့တဲ့ကတိတွေကို မမေ့ပါနဲ့။ သင့်ရဲ့ကတိတွေကိုယုံပြီး ရွေးချယ်စရာအများကြီးထဲကမှ သင့်ကိုရွေးချယ်ခဲ့တဲ့ သူဆိုတာကို မမေ့ပါနဲ့။

(၈) လူကြားသူကြားထဲမှာပဲဖြစ်ဖြစ်၊ နှစ်ယောက်တည်းပဲဖြစ်ဖြစ် သင့်ချစ်သူကို အော်တာငေါက်တာလုံးဝမလုပ်ပါနဲ့။ ဘယ်လောက်ပဲစိတ်ဆိုးဆိုး လေပြေလေးနဲ့ပြောပါ။

(၉) သင့်မိသားစု၊ သူငယ်ချင်းတွေကို ချစ်တဲ့အချစ်နဲ့ သင့်ချစ်သူကို ချစ်တဲ့အချစ်ကို ခွဲခြားထားပါ။ သင့်ချစ်သူရှေ့မှာသူကလွဲပြီး ဘယ်သူ့ကိုမှ သည်းသည်းမလှုပ်ပြပါနဲ့။

(၁၀) သင့်ရည်းစားဟောင်းအကြောင်း လုံးဝမပြောပါနဲ့။ ဖြစ်နိုင်ရင် ဘယ်သူဆိုတာတောင် ပေးမသိပါနဲ့။ မဟုတ်ရင် ပြသနာတက်နိုင်ပါတယ်။

Em Em