မိသားစုတာဝန်ထမ်းရင်း အသက် ၉ နှစ်နဲ့ ကြက်ကြော်ဆိုင်ပိုင်ရှင်တစ်ပိုင်းဖြစ်လာတဲ့ ကောင်မလေး…

တချို့ကလေးတွေဟာ ဖြတ်သန်းရတဲ့ ဘဝအခြေအနေပေါ်မူတည်ပြီး ရောက်ရှိနေတဲ့ အသက်အရွယ်ထက် ပိုမို ရင့်ကျက်နေသူတွေလည်း ရှိပါတယ်။ အသက် ၉ နှစ်ဆိုတဲ့ အရွယ်ဟာ ကလေးတော်တော်များများအတွက် ကျောင်းသွားမယ်၊ ကစားမယ်၊ အိပ်မယ်၊ စားမယ်ဆိုတာပဲ သိသေးတဲ့ အရွယ်မျိုးပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံက Beel ဆိုတဲ့ ကောင်မလေးကတော့ ငယ်ငယ်လေးကတည်းက ချို့တဲ့တဲ့ မိသားစုတာဝန်တွေကို ထမ်းရင်း အသက် ၉ နှစ် အရွယ်လေးမှာပဲ ကြက်ကြော်ဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်နေပါပြီ

မိသားစုတာဝန်ထမ်းရင်း အသက် ၉ နှစ်နဲ့ ကြက်ကြော်ဆိုင်ပိုင်ရှင်တစ်ပိုင်းဖြစ်လာတဲ့ ကောင်မလေး... 1

Beel ဟာ အခုဆိုရင် အင်တာနက်စာမျက်နှာတွေမှာလည်း နာမည်ကြီးနေပြီး လူအများရဲ့ ချီးကျူးမှုကို ခံယူနေရပါပြီ။ အကြောင်းကတော့ သူမဟာ ချစ်စရာကောင်းရုံတင်မကဘဲ အသက် ၉ နှစ်အရွယ်လေးနဲ့ ကြက်ကြော်ဆိုင်တစ်ဆိုင်ကို တွဲဖက်ပိုင်ဆိုင်ထားပြီ ဖြစ်တာကြောင့်ပါပဲ။ သူမဟာ မိသားစုရဲ့အခက်အခဲတွေကို ဝန်ပေါ့အောင် ကူညီပေးချင်သူ ဖြစ်ပါတယ်။ အသက် ၃ နှစ်အရွယ်လောက်ကတည်းက Beel တစ်ယောက် အိမ်မှာနေရင်း အဖွားလုပ်သူကို အိမ်အလုပ်လေးတွေ နိုင်သလောက် လုပ်ကိုင်ပေးခဲ့ရတာပါ

မိသားစုတာဝန်ထမ်းရင်း အသက် ၉ နှစ်နဲ့ ကြက်ကြော်ဆိုင်ပိုင်ရှင်တစ်ပိုင်းဖြစ်လာတဲ့ ကောင်မလေး... 2

Beel ရဲ့ မိဘတွေဟာ မကြာခင်က ကွာရှင်းခဲ့ကြတာဖြစ်ပြီး Beel ကတော့ သူမရဲ့မောင်လေးနှစ်ယောက်နဲ့အတူ အဖွားအိမ်မှာ နေထိုင်ပါတယ်။ သူမရဲ့အဖွားဖြစ်သူဟာ ကြက်ကြော်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပြီး အမြဲတမ်း အလုပ်ရှုပ်နေသူ ဖြစ်ပါတယ်။ Beel ဟာ အဘွားဖြစ်သူကို ကြက်ကြော်ကူကြော်ပေးရင်း သူမဟာ ကြက်ကြော် ကြော်ရာမှာ ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ကြောင်း သိရှိလာရပါတယ်

မိသားစုတာဝန်ထမ်းရင်း အသက် ၉ နှစ်နဲ့ ကြက်ကြော်ဆိုင်ပိုင်ရှင်တစ်ပိုင်းဖြစ်လာတဲ့ ကောင်မလေး... 3

Beel တစ်ယောက် ကြက်ကြော်ကြော်ရာမှာ အံ့သြလောက်အောင် ကျွမ်းကျင်ပိုင်နိုင်တာကြောင့် အဘွားဖြစ်သူက သူမတစ်ယောက်တည်းကို လွှတ်ပေးထားလို့ ရတဲ့အထိပါပဲ။ ဆိုင်ကိုပုံမှန်လာရောက် စားသုံးသူတွေဟာလည်း Beel ရဲ့ တာဝန်ယူနိုင်မှုကို ချီးကျူးထောပနာ ပြုလေ့ရှိပါတယ်။ သူမဟာ အသက် ၉ နှစ်သာ ရှိသေးပေမယ့် အကြော်ကြော်တဲ့ ကိစ္စကအစ တစ်ဆိုင်လုံးကို စီမံခန့်ခွဲနေပြီး တကယ့်ကို ဆိုင်ပိုင်ရှင်တစ်ယောက်အတိုင်းပါပဲ

မိသားစုတာဝန်ထမ်းရင်း အသက် ၉ နှစ်နဲ့ ကြက်ကြော်ဆိုင်ပိုင်ရှင်တစ်ပိုင်းဖြစ်လာတဲ့ ကောင်မလေး... 4

Beel လေးဟာ ဆိုင်ကို စီမံခန့်ခွဲရသလို သူမရဲ့မောင်ငယ်နှစ်ယောက်ကိုလည်း ကြည့်ရှုစောင့်ရှောက်ရပါသေး တယ်။ သူမရဲ့အဘိုးအဘွားတွေ အလုပ်ရှုပ်နေချိန်မှာ သူမဟာ မောင်လေးတွေကို ထိန်းဖို့ တာဝန်ယူပါတယ်။ သူမတို့ဆိုင်ကို လာနေကျဖောက်သည်တစ်ယောက်က Beel ရဲ့ စွမ်းဆောင်ရည်နဲ့ တာဝန်ယူနိုင်စွမ်းတွေကို တွေ့မြင်သွားပြီးတဲ့နောက် သူမရဲ့ဇာတ်ကြောင်းနဲ့ စွမ်းဆောင်ရည်တွေကို အခုလို အွန်လိုင်းပေါ်တင်ခဲ့တာ ဖြစ်ပါတယ်

မိသားစုတာဝန်ထမ်းရင်း အသက် ၉ နှစ်နဲ့ ကြက်ကြော်ဆိုင်ပိုင်ရှင်တစ်ပိုင်းဖြစ်လာတဲ့ ကောင်မလေး... 5

အင်တာနက်စာမျက်နှာမှာ Beel တစ်ယောက် နာမည်ကြီးလာခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ဆိုင်ကိုလည်း ဝယ်သူ တွေ ပိုများလာပါတယ်။ Beel နဲ့ သူမရဲ့မိသားစုကလေးအတွက်တော့ ဝမ်းမြောက်စရာသတင်းကောင်းပါပဲ။

by Cherry Mon