သမီးေလး VICTORIA အမႈကို သမၼတၾကီးကိုယ္တိုင္ ကိုင္တြယ္ျပီ…

သမီးေလး VICTORIA အမႈကို သမၼတၾကီးကိုယ္တိုင္ ကိုင္တြယ္ျပီ

ေနျပည္ေတာ္ရွိ Wisdom Hill ေက်ာင္းတြင္တက္ေရာက္ေနေသာ ၃ ႏွစ္ဝန္းက်င္အ႐ြယ္ ေက်ာင္းသူတစ္ဦး အဓမၼျပဳက်င့္ခံရမႈႏွင့္ပတ္သက္ၿပီး သမၼတကိုယ္တိုင္ စိတ္ဝင္တစားကိုင္တြယ္ေနေၾကာင္း လူ႕အခြင့္အေရး ေကာ္မရွင္မွ အတြင္းေရးမႉး ဦးဘုန္းႂကြယ္က ေျပာသည္။

ျဖစ္စဥ္မွာ ေနျပည္ေတာ္ေကာင္စီ၊ ဒကၡိဏသီရိခရိုင္၊ ဇဗၺဴသီရိၿမိဳ႕နယ္ သေျပကုန္းရွိ Wisdom Hill ေက်ာင္းတြင္ တတ္ေရာက္ေနသည့္ ၃ ႏွစ္ခန႔္အ႐ြယ္ရွိ ေက်ာင္းသူတစ္ဦး အဓမၼျပဳက်င့္ခံခဲ့ရသည္ဆိုကာ ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ေမလ ၁၇ ရက္တြင္ သက္ဆိုင္ရာရဲစခန္း၌ အမႈဖြင့္တိုင္တန္းခဲ့ျခင္းျဖစ္သည္။

အဆိုပါအမႈႏွင့္ပတ္သက္၍ ဇမၼဴသီရိၿမိဳ႕မရဲစခန္း၌ ပုဒ္မ-၃၇၇ ျဖင့္ အမႈဖြင့္ထားေသာ္လည္း ေက်ာင္းတြင္ ယင္းျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္းမဟုတ္ဟု “Wisdom Hill” မွ တာဝန္ရွိသူမ်ားက မီဒီယာမ်ားထံ ရွင္းလင္းေျပာဆိုခဲ့ၿပီး အမႈကို ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၃ ရက္က CID သို႔လႊဲေျပာင္းကာစစ္ေဆးေနေၾကာင္း သိရသည္။

“ ကြၽန္ေတာ္တို႔လူ႕အခြင့္အေရးေကာင္မရွင္ကိုတိုင္ၾကားမႈေတာ့မရွိေသးဘူးဆိုေပမဲ့ ကြၽန္ေတာ္တို႔ဘက္ကလည္း လိုအပ္တဲ့ေနရာဘက္ကေနေဆာင္႐ြက္ေပးမႈေတြရွိပါတယ္။ ၿပီးေတာ့ ဒီျဖစ္စဥ္ကို သမၼတႀကီးကိုယ္တိုင္ စိတ္ဝင္တစားနဲ႕ ကိုင္တြယ္ေဆာင္႐ြက္ေနတယ္။

ရဲတပ္ဖြဲ႕ကလည္းအဆင့္ျမင့္အဖြဲ႕ ဖြဲ႕စည္းၿပီး စစ္ေဆးေနတယ္။ လူကယ္ျပန္ဝန္ႀကီးဘက္ကလည္း ပံ့ပိုးမႈေတြရွိတယ္။ဘက္စုံေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ ပစ္မထားပါဘူး” ဟု လူ႕အခြင့္အေရးေကာင္မရွင္မွ အတြင္းေရးမႉး ဦးဘုန္းႂကြယ္က ေျပာသည္။

အဆိုပါအမႈႏွင့္ပတ္သက္ၿပီး နိုင္ငံေတာ္သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူဦးေဇာ္ေဌးကလည္း အမႈမွန္ေပၚေပါက္ရန္ ၫႊန္ၾကားထားေၾကာင္း ၎၏ facebook စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပထားသည္။

အဆိုပါအမႈမွန္ေပၚေပါက္ေရးအတြက္ Facebook တြင္လည္း အႏုပညာရွင္မ်ားအပါအဝင္ ျပည္သူမ်ားမွ ဝိုင္းဝန္း ေတာင္းဆိုမႈမ်ား ရွိေနသည္။AKonThi

Unicode

သမီးလေး VICTORIA အမှုကို သမ္မတကြီးကိုယ်တိုင် ကိုင်တွယ်ပြီ

နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင်တက်ရောက်နေသော ၃ နှစ်ဝန်းကျင်အရွယ် ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရမှုနှင့်ပတ်သက်ပြီး သမ္မတကိုယ်တိုင် စိတ်ဝင်တစားကိုင်တွယ်နေကြောင်း လူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောသည်။

ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိခရိုင်၊ ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းရှိ Wisdom Hill ကျောင်းတွင် တတ်ရောက်နေသည့် ၃ နှစ်ခန့်အရွယ်ရှိ ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်ဆိုကာ ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်တွင် သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဇမ္မူသီရိမြို့မရဲစခန်း၌ ပုဒ်မ-၃၇၇ ဖြင့် အမှုဖွင့်ထားသော်လည်း ကျောင်းတွင် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းမဟုတ်ဟု “Wisdom Hill” မှ တာဝန်ရှိသူများက မီဒီယာများထံ ရှင်းလင်းပြောဆိုခဲ့ပြီး အမှုကို ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်က CID သို့လွှဲပြောင်းကာစစ်ဆေးနေကြောင်း သိရသည်။

“ ကျွန်တော်တို့လူ့အခွင့်အရေးကောင်မရှင်ကိုတိုင်ကြားမှုတော့မရှိသေးဘူးဆိုပေမဲ့ ကျွန်တော်တို့ဘက်ကလည်း လိုအပ်တဲ့နေရာဘက်ကနေဆောင်ရွက်ပေးမှုတွေရှိပါတယ်။ ပြီးတော့ ဒီဖြစ်စဉ်ကို သမ္မတကြီးကိုယ်တိုင် စိတ်ဝင်တစားနဲ့ ကိုင်တွယ်ဆောင်ရွက်နေတယ်။

ရဲတပ်ဖွဲ့ကလည်းအဆင့်မြင့်အဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးနေတယ်။ လူကယ်ပြန်ဝန်ကြီးဘက်ကလည်း ပံ့ပိုးမှုတွေရှိတယ်။ဘက်စုံဆောင်ရွက်နေတာဖြစ်ပါတယ်။ ပစ်မထားပါဘူး” ဟု လူ့အခွင့်အရေးကောင်မရှင်မှ အတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကလည်း အမှုမှန်ပေါ်ပေါက်ရန် ညွှန်ကြားထားကြောင်း ၎င်း၏ facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

အဆိုပါအမှုမှန်ပေါ်ပေါက်ရေးအတွက် Facebook တွင်လည်း အနုပညာရှင်များအပါအဝင် ပြည်သူများမှ ဝိုင်းဝန်း တောင်းဆိုမှုများ ရှိနေသည်။AKonThi