ေနျပည္ေတာ္ Wisdom Hill မူႀကိဳ ေခတၱပိတ္လိုက္ျပီ…

အသက္ ၃ ႏွစ္မျပည့္ေသးတဲ့ မိန္းကေလးတစ္ဦး မုဒိမ္းက်င့္ခံရတယ္ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္လို႔ေျဖရွင္းေနရတဲ့ ေနျပည္ေတာ္က နာမည္ႀကီး ပုဂၢလိက မူႀကိဳေက်ာင္း Wisdom Hill ကို ဇူလိုင္လ ၁ ရက္က စၿပီး ႏွစ္ပတ္ ေခတၱပိတ္ထားေတာ့မွာ ျဖစ္ပါတယ္။

Wisdom Hill ေက်ာင္းဟာ ေနျပည္ေတာ္မွာနာမည္ႀကီး ပုဂၢလိကေက်ာင္းတခု ျဖစ္သလို ေက်ာင္းခြဲေတြ ဖြင့္လွစ္ထားတဲ့ေက်ာင္းလည္းျဖစ္ပါတယ္။

အဲဒီကေလးငယ္ သက္ငယ္မုဒိမ္းက်ဴးလြန္ခံရတယ္ဆိုတဲ့အမႈကို စစ္ေဆးေနတာ တစ္လေက်ာ္ ရွိေနပါၿပီ။

ေနျပည္ေတာ္ Wisdom Hill မူႀကိဳ ေခတၱပိတ္လိုက္ျပီ... 1

ေက်ာင္းက တာဝန္ရွိသူေတြက လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက ေနျပည္ေတာ္က မူႀကိဳေက်ာင္းေတြကို ႏွစ္ပတ္ပိတ္ထားဖို႔ အေၾကာင္းၾကားလာလို႔ သူတို႔ေက်ာင္းကို ႏွစ္ပတ္ ေခတၱပိတ္ေတာ့မယ္လို႔အဲဒီ ေက်ာင္းမွာ မူႀကိဳတက္ေနတဲ့ ေက်ာင္းသားမိဘေတြကို ဇြန္လ ၃၀ ရက္က အေၾကာင္းၾကားလိုက္တာပါ။

ေက်ာင္းလခသြင္းထားတဲ့သူေတြ အေနနဲ႔ေက်ာင္းလခ ျပန္လည္ထုတ္ယူဖို႔နဲ႔ေက်ာင္းျပန္ဖြင့္မယ့္ရက္ကို အေၾကာင္းၾကားမယ့္ အေၾကာင္းလည္း ေက်ာင္းသားမိဘေတြကို ေက်ာင္းက အသိေပးခဲ့တယ္လို႔ အဲဒီလို အေၾကာင္းၾကားခံရတဲ့ မိဘတစ္ဦးက ေျပာပါတယ္။

Wisdom Hill ပုဂၢလိက မူႀကိဳေက်ာင္းဟာ ေနျပည္ေတာ္မွာ နာမည္ႀကီးေက်ာင္း တခုျဖစ္ေပမဲ့ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနထံမွာ မွတ္ပုံတင္ေလွ်ာက္ထားဆဲ အေျခအေနနဲ႔ပဲ ေက်ာင္းဖြင့္ေနတာပါ။

ဒီလိုဖြင့္လွစ္ေနတာနဲ႔ပတ္သက္လို႔ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ေဒါက္တာ စမ္းစမ္းေအးက အဲဒီမူႀကိဳဟာ ေနျပည္ေတာ္နယ္ေျမေကာင္စီမွာ မွတ္ပုံတင္ဆဲေလွ်ာက္ထားဆဲသာျဖစ္ေၾကာင္း၊ ဥပေဒအရဆိုရင္ မွတ္ပုံတင္မရွိဘဲ ေက်ာင္းဖြင့္လို႔ မရေသးေၾကာင္း ဆိုပါတယ္။

ဥပေဒအရ အသက္ ၃ ႏွစ္က ၅ ႏွစ္အ႐ြယ္ကေလးေတြကိုပဲ မူႀကိဳေက်ာင္းသားအျဖစ္ လက္ခံဖို႔သတ္မွတ္ထားတာပါ။ ဒါေပမဲ့လည္း ဒီေက်ာင္းမွာတက္ေနတဲ့ အသက္ ၃ ႏွစ္မျပည့္ေသးတဲ့ေက်ာင္းသူေလးတစ္ဦး ဟာ ၿပီးခဲ့တဲ့ တစ္လ ေက်ာ္က သက္ငယ္မုဒိမ္းက်င့္ ခံခဲ့ရတယ္ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ရဲကစစ္ေဆးေနတာ ျဖစ္ပါတယ္။

ဒီအမႈနဲ႔ ပတ္သက္လို႔ အမႈမွန္ ေဖာ္ထုတ္ေပးဖို႔ အမ်ားျပည္သူက ေတာင္းဆိုေနလို႔ ႏိုင္ငံ ေတာ္ အႀကီးအကဲေတြ ကိုယ္တိုင္ ေစာင့္ၾကည့္ၿပီး အမႈမွန္ ေပၚေအာင္ တိုက္တြန္းထားပါတယ္။

ဒီအမႈနဲ႔ပတ္သက္လို႔မႈခင္းသတင္းဌာန CID က တာဝန္ယူ ေဆာင္႐ြက္ေနၿပီး ရဲတပ္ဖြဲ႕ရဲ႕ ေတြ႕ရွိခ်က္ကို မၾကာခင္ သတင္းထုတ္ျပန္သြားဖို႔ရွိတယ္လို႔လည္း ရဲတပ္ဖြဲ႕က ထိပ္တန္းအရာရွိေတြက ဆိုပါတယ္။

ေလာေလာဆယ္မွာေတာ့ ဒီအမႈနဲ႔ပတ္သက္တဲ့ သံသယရွိသူေတြကို ေခၚယူစစ္ေဆးေနၿပီး အခုခ်ိန္ထိေတာ့ တရားခံအစစ္ကိုမေဖာ္ထုတ္ႏိုင္ေသးပါဘူး။

မူႀကိဳကို ပိတ္မွာျဖစ္ေပမဲ့ တျခား Grade အတန္းေတြကိုေတာ့ ဆက္ဖြင့္ထားမွာ ျဖစ္ပါတယ္။

BBC Burmese

Unicode

နေပြည်တော် Wisdom Hill မူကြို ခေတ္တပိတ်မယ်

အသက် ၃ နှစ်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦး မုဒိမ်းကျင့်ခံရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ဖြေရှင်းနေရတဲ့ နေပြည်တော်က နာမည်ကြီး ပုဂ္ဂလိက မူကြိုကျောင်း Wisdom Hill ကို ဇူလိုင်လ ၁ ရက်က စပြီး နှစ်ပတ် ခေတ္တပိတ်ထားတော့မှာ ဖြစ်ပါတယ်။

Wisdom Hill ကျောင်းဟာ နေပြည်တော်မှာနာမည်ကြီး ပုဂ္ဂလိကကျောင်းတခု ဖြစ်သလို ကျောင်းခွဲတွေ ဖွင့်လှစ်ထားတဲ့ကျောင်းလည်းဖြစ်ပါတယ်။

အဲဒီကလေးငယ် သက်ငယ်မုဒိမ်းကျူးလွန်ခံရတယ်ဆိုတဲ့အမှုကို စစ်ဆေးနေတာ တစ်လကျော် ရှိနေပါပြီ။

ကျောင်းက တာဝန်ရှိသူတွေက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နေပြည်တော်က မူကြိုကျောင်းတွေကို နှစ်ပတ်ပိတ်ထားဖို့ အကြောင်းကြားလာလို့ သူတို့ကျောင်းကို နှစ်ပတ် ခေတ္တပိတ်တော့မယ်လို့အဲဒီ ကျောင်းမှာ မူကြိုတက်နေတဲ့ ကျောင်းသားမိဘတွေကို ဇွန်လ ၃၀ ရက်က အကြောင်းကြားလိုက်တာပါ။

ကျောင်းလခသွင်းထားတဲ့သူတွေ အနေနဲ့ကျောင်းလခ ပြန်လည်ထုတ်ယူဖို့နဲ့ကျောင်းပြန်ဖွင့်မယ့်ရက်ကို အကြောင်းကြားမယ့် အကြောင်းလည်း ကျောင်းသားမိဘတွေကို ကျောင်းက အသိပေးခဲ့တယ်လို့ အဲဒီလို အကြောင်းကြားခံရတဲ့ မိဘတစ်ဦးက ပြောပါတယ်။

Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းဟာ နေပြည်တော်မှာ နာမည်ကြီးကျောင်း တခုဖြစ်ပေမဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှာ မှတ်ပုံတင်လျှောက်ထားဆဲ အခြေအနေနဲ့ပဲ ကျောင်းဖွင့်နေတာပါ။

ဒီလိုဖွင့်လှစ်နေတာနဲ့ပတ်သက်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ စမ်းစမ်းအေးက အဲဒီမူကြိုဟာ နေပြည်တော်နယ်မြေကောင်စီမှာ မှတ်ပုံတင်ဆဲလျှောက်ထားဆဲသာဖြစ်ကြောင်း၊ ဥပဒေအရဆိုရင် မှတ်ပုံတင်မရှိဘဲ ကျောင်းဖွင့်လို့ မရသေးကြောင်း ဆိုပါတယ်။

ဥပဒေအရ အသက် ၃ နှစ်က ၅ နှစ်အရွယ်ကလေးတွေကိုပဲ မူကြိုကျောင်းသားအဖြစ် လက်ခံဖို့သတ်မှတ်ထားတာပါ။ ဒါပေမဲ့လည်း ဒီကျောင်းမှာတက်နေတဲ့ အသက် ၃ နှစ်မပြည့်သေးတဲ့ကျောင်းသူလေးတစ်ဦး ဟာ ပြီးခဲ့တဲ့ တစ်လ ကျော်က သက်ငယ်မုဒိမ်းကျင့် ခံခဲ့ရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရဲကစစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ အမှုမှန် ဖော်ထုတ်ပေးဖို့ အများပြည်သူက တောင်းဆိုနေလို့ နိုင်ငံ တော် အကြီးအကဲတွေ ကိုယ်တိုင် စောင့်ကြည့်ပြီး အမှုမှန် ပေါ်အောင် တိုက်တွန်းထားပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့မှုခင်းသတင်းဌာန CID က တာဝန်ယူ ဆောင်ရွက်နေပြီး ရဲတပ်ဖွဲ့ရဲ့ တွေ့ရှိချက်ကို မကြာခင် သတင်းထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ရဲတပ်ဖွဲ့က ထိပ်တန်းအရာရှိတွေက ဆိုပါတယ်။

လောလောဆယ်မှာတော့ ဒီအမှုနဲ့ပတ်သက်တဲ့ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးနေပြီး အခုချိန်ထိတော့ တရားခံအစစ်ကိုမဖော်ထုတ်နိုင်သေးပါဘူး။

မူကြိုကို ပိတ်မှာဖြစ်ပေမဲ့ တခြား Grade အတန်းတွေကိုတော့ ဆက်ဖွင့်ထားမှာ ဖြစ်ပါတယ်။

BBC Burmese