သမီး​လေးဗစ်​တိုရီးယားအ​တွက်​ သီးသန့်​ထားရှိတဲ့ အလှူ​ငွေဘဏ်​အ​ကောင့်​ အပိတ်​​ခံလိုက်​​​ရတဲ့ကိစ္စရှင်းတမ်း

သမီး​လေး ဗစ်​တိုးရီယား​လေးရဲ့အမှုမှာ အမှုမှန်​​ပေါ်​ပေါက်​​ရေးအတွက်​ ဝန်းရံပါဝင်​​ဆောင်​ရွက်​သူ​တွေ၊ အလှူရှင်​​တွေရဲ့ ဝိုင်းဝန်းလှူဒါန်းမှုနဲ့ အလှူ​ငွေလက်​ခံထားရှိတဲ့ သမီး​လေးဗစ်​တိုရီးယားကိုကူညီရန်​ သီးသန့်​ပြုလုပ်​ထားတဲ့ အလှူ​ငွေအ​ကောင့်​တစ်​ခုဖြစ်​တဲ့ ဧရာဝတီ AYA ဘဏ့်​အ​ကောင့်​ဟာ ဗဟိုဘဏ်​ကညွှန်​ကြားချက်​နဲ့ ဒီ​နေ့မနက်​မှာ ယာယီဆိုင်းငံ့ ပိတ်​ခံထားလိုက်​ရတယ်​လို့ သိရပါတယ်​။

ကိုသက္ကမိုးညိုက ဘဏ်​ကို​မေးမြန်းစုံစမ်းကြည့်​ရာမှာ​တော့ “​ငွေ​ကြေးဆိုင်​ရာ စုံစမ်း​ထောက်​လှမ်း​ရေးအဖွဲ့” ​က အ​ကောင့်​လှမ်းပိတ်​ခိုင်းလို့ ပိတ်​ထားရ​လိုက်​ခြင်းဖြစ်​​ကြောင်း AYA ဘဏ်​က အ​ကြောင်းပြန်​လာခဲ့တယ်​လို့ သမီး​လေးဗစ်​တိုးရီးယားအမှုအတွက်​ ပါဝင်​တာဝန်​ယူ​ဆောင်​ရွက်​​နေတဲ့ မ Jessica Mozart ရဲ့ ​ဖေ့စ်​ဘွတ်​ခ်​အ​ကောင့်​မှာ ​ရေးသားထားချက်​အရ သိရှိရတာပါ။

သမီး​လေးဗစ်​တိုရီးယားအ​တွက်​ သီးသန့်​ထားရှိတဲ့ အလှူ​ငွေဘဏ်​အ​ကောင့်​ အပိတ်​​ခံလိုက်​​​ရတဲ့ကိစ္စရှင်းတမ်း 1

ဘဏ်​နဲ့ ဒုတိယအကြိမ်​ဖုန်း​ခေါ်ဆိုမှုပြုလုပ်​ခဲ့ရာမှာ​တော့ ဘဏ်​ရဲ့ မန်​​နေဂျင်းဒရိုက်​တာ ဦးမြင့်​​ဇော်​နဲ့ ဖုန်း​ပြောဆိုမှုအရ ဗဟိုဘဏ်​က တရားဝင်​စာ​တော့ မ​ရောက်​​ရှိလာ​သေး​ကြောင်း၊ တရားဝင်​စာထွက်​လာတဲ့အထိ အ​ကောင့်​ကို ပြန်​လည်​ဖွင့်​​ထားမယ့်​အ​ကြောင်းကို အကျိုးအ​ကြောင်းသိရှိခဲ့ရပြီး​နောက်​ လက်ရှိအ​ချိန်​မှာ​တော့ သမီး​လေးအတွက် ​အလှူ​ငွေဘဏ်​အ​ကောင့်​ဟာ ပြန်​ပွင့်​​နေပြီလို့ သိရပါတယ်​။

လက်​ရှိအချိန်​မှာ သမီး​လေးဗစ်တိုးရီးယားအတွက်​ သီသန့်​​​အလှူ​ငွေအ​ကောင့်​အတွင်း အလှူ​ငွေအ​နေနဲ့ ၁၉၆ သိန်း​ကျော်​ရရှိထားခဲ့ပြီဖြစ်​​ကြောင်း မ Jessica Mozart က ဘဏ်​စာရင်းအတိအကျနဲ့ ပွင့်​လင်းစွာ​ရှင်းပြထားခဲ့တာလည်း မြင်​​တွေ့ခဲ့ရသလို တစ်​ဆက်​တည်းမှာပဲ အခုလတ်​တ​လောမှာ​တော့ အလှူရှင်​များဘက်​က အလှူ​ငွေ​တွေကို မလွှဲ​သေးပဲ ​ခေတ္တခဏ ဆိုင်းငံ့ထား​စေလို​ကြောင်း၊ ပြသနာ​တွေရှင်းပြီးမှသာ လှူဒါန်း​ပေးဖို့ သူက တိုက်​တွန်းသွားပါတယ်​။

သမီး​လေးဗစ်​တိုရီးယားအ​တွက်​ သီးသန့်​ထားရှိတဲ့ အလှူ​ငွေဘဏ်​အ​ကောင့်​ အပိတ်​​ခံလိုက်​​​ရတဲ့ကိစ္စရှင်းတမ်း 2

ဒီနေ့ ၁၁ ရက် ညနေ ၄:၄၇ အထိ သမီးလေး Victoria အတွက် ဝင်းကိုကိုသိန်းအမည်​နဲ့ ဖွင့်​လှစ်​ထားတဲ့ AYA ဘဏ်​အ​ကောင့်​မှာ အလှူ​ငွေ တစ်ရာကိုးဆယ့်ခြောက်သိန်း၊ နှစ်သောင်းခုနှစ်ထောင် နှင့် လေးရာ့ရှစ်ဆယ်ကျပ်​ ရှိ​ကြောင်း Victoria’s Finance Team က တရားဝင်​​ကြေငြာထားပြီးဖြစ်​ပါတယ်​။

AlinnMyay ချစ်​ပရိသတ်​ကြီးအ​နေနဲ့လည်း သမီး​လေးဗစ်​တိုးရီးယားအမှုအတွက်​ အလှူ​ငွေအ​နေနဲ့ ထည့်​ဝင်​ချင်​တယ်​ဆိုရင်​ လက်​ရှိအချိန်​မှာ “ဗဟိုဘဏ်က တရားဝင်စာပို့ရင် ဘဏ်အကောင့်ကို ပြန်​အပိတ်​ခံရဦးမှာမို့ အလှူငွေတွေ ဆက်မလွှဲကြပါနဲ့ဦးလို့” သူက တိုက်​တွန်းနှိုး​ဆော်​ထား​ကြောင်း ထပ်​မံအသိ​ပေးလိုက်​ပါရ​စေ။

သမီး​လေးဗစ်​တိုရီးယားအ​တွက်​ သီးသန့်​ထားရှိတဲ့ အလှူ​ငွေဘဏ်​အ​ကောင့်​ အပိတ်​​ခံလိုက်​​​ရတဲ့ကိစ္စရှင်းတမ်း 3

EFIL-AlinnMyay(အလင်းမြေ)

Update ….. Jessica Mozart

ဆိုတော့ကာ အခု ၁၁ ရက်နေ့ ည ၉:၂၀ အချိန်မှာ စစ်ကြည့်တော့ Ks 19,765,480/- (ငွေကျပ် တစ်ရာကိုးဆယ့်ခုနှစ်သိန်း၊ ခြောက်သောင်းငါးထောင် နှင့် လေးရာ့ရှစ်ဆယ်) ဖြစ်ပါတယ်။

1 July 2019 – Bank အကောင့်ဖွင့်ပါတယ်။ 11 July 2019 – 9:20 pm အထိ လက်ခံရရှိငွေကတော့ … Ks 19,765,480/- ဖြစ်ပါတယ်။ တစ်ပြားတစ်ချပ်မှ မထုတ်ယူ၊ မသုံးစွဲရသေးပါ။

မနက်ဖြန်လောက်ဆိုရင် အကောင့်က ဝင်လို့ရမရ မသေချာတော့ဘူး။ ဘာပဲဖြစ်ဖြစ် AYA Bank နဲ့ နောက်ဆုံးပြောဆိုချက်များအရ …

▪️ အခု သူတို့ဆီမှာ Suspend လုပ်ဖို့ စာရွက်ရောက်နေပြီ။

▪️ ဘဏ်အကောင့်ထဲက ငွေတွေကို AYA က အပြည့်အဝ တာဝန်ယူမယ်။

▪️ အဲ့ဒီငွေတွေ တစုံတရာဖြစ်ခဲ့ရင် အဲ့ဒီပမာဏမက ပြန်လှူမယ်။

ဆိုတော့ကာ … ချစ်သူတို့ကို ပြောချင်တာက … ငွေလွှဲတာတွေ ရပ်ကြပါတော့။ ဘာလို့ဆက်လွှဲနေသေးတုန်း။ ပြီးရင် ထုတ်လို့မရ၊ သုံးလို့မရနဲ့ဟာ။ ဒီပမာဏလောက်နဲ့ပဲ မှတ်ထားကြမယ်။

Credit..AlinnMyay(အလင်းမြေ)

Be the first to comment

Leave a Reply

Your email address will not be published.


*