အပျိုကြီးဖြစ်နေရတဲ့ အကြောင်းရင်းကို ဖွင့်ချလိုက်တဲ့ မအေးသောင်း (သို့) ပေါက်စီ

အပျိုကြီးဖြစ်နေရတဲ့ အကြောင်းရင်းကို ထုတ်ပြောလိုက်တဲ့ မအေးသောင်း

အနုပညာလောကကို တဖန်ပြန်လည်ဝင်ရောက်လာပြီး မုန်းစွဲဇာတ်ကားမှ ကြာဥကာရိုက်တာနဲ့ ပီပီပြင်ပြင် ကြိုးကြိုးစားစားဇာတ်ရုပ်နဲ့ လိုက်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မအေးသောင်းကတော့ ပရိတ်သတ်တွေရင်ထဲက ပေးထားတဲ့ အကယ်ဒမီမင်သမီးတစ်ဦးပဲဖြစ်ပါတယ်။

လက်ရှိ ပရိတ်သတ်တွေအမြဲစိတ်ဝင်တစားဖြစ်နေတဲ့ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဘာတွေပြောသွားလဲဆိုတာရယ် သူမအနေနဲ့ ပြီးခဲ့တဲ့အကယ်ဒမီပေးပွဲမှာ အကယ်ဒမီဆုနဲ့လွဲချော်ခဲ့ရတဲ့အပေါ် သူမရဲ့ ခံစားချက်တွေကို ရင်ဖွင့်ခဲ့ပါတယ်။

အပျိုကြီးဖြစ်နေရတဲ့ အကြောင်းရင်းကို ဖွင့်ချလိုက်တဲ့ မအေးသောင်း (သို့) ပေါက်စီ 1

“ပေါက်စီ အခု မုန်းစွဲဇာတ်ကားက ကြာဥဇာတ်ရုပ်နဲ့ လိုက်တယ်လို့ ပရိတ်သတ်တွေ ပြောကြတယ်။ အပြင်မှာလည်း အရမ်းချစ်တတ်ပါတယ် ချစ်တတ်လွန်းလို့ အပျိုကြီးဖြစ်နေတာ ကိုယ်က တအားကိုချစ်တတ်တော့ လိုချင်တာတွေ တအားများတယ် အဲ့တော့ အရမ်းချစ်တယ် ပိုင်ဆိုင်ချင်တာများတယ် လောဘလည်းကြီးတယ် အဲ့ဒါကြောင့် ချစ်သူမရတာထင်ပါတယ်”လို့ သူမဟာ အခုလက်ရှိမှာတော့ အပျိုကြီးဆိုတဲ့ဂုဏ်ပုဒ်ကို ထိန်းထားဆဲဖြစ်ပါတယ်။

“အကဲဖြတ်အဖွဲ့နဲ့ ပရိသတ်တွေထပ်တူမကျတဲ့အပေါ်မှာတော့ ပေါက်စီ အနေနဲ့ လူတစ်ယောက်ချင်းစီရဲ့စဉ်းစား တွေးခေါ်ပုံချင်းမတူလို့ အားလုံးခြုံပြီးပြောရရင်တော့ ကိုယ့်ကို ချစ်တဲ့သူ မချစ်တဲ့သူရှိတယ် အနုပညာရှင်တွေအနေနဲ့ သူ့Fanနဲ့သူတော့ရှိတာပေါ့ ဥပမာ ကိုယ့်ကိုချစ်တဲ့သူက ကိုယ့်ကိုရစေချင်တယ် ဒါကတော့ တစ်ကားပါပါ နှစ်ကားပါပါ တစ်ခန်းပဲပါပါပေါ့နော် အဲ့တော့ အားလုံးနဲ့ အကုန်လုံးထပ်တူညီဖို့ဆိုတာ ရှားတော့ရှားမှာပေါ။

အပျိုကြီးဖြစ်နေရတဲ့ အကြောင်းရင်းကို ဖွင့်ချလိုက်တဲ့ မအေးသောင်း (သို့) ပေါက်စီ 2

ပေါက်စီကတော့ အခုကိုယ့်ကိုချစ်တဲ့သူတွေ အများကြီးရှိတာသိလိုက်ရတော့ ပိုပြီးတော့ ဝမ်းသာတယ် အရမ်းလည်းပျော်တယ်။ အရမ်းလည်း ပီတိဖြစ်ပြီး အံ့သြရတယ်။ အများကြီးချစ်ပေးကြတဲ့အတွက် ပေါက်စီပိုပြီးတော့ ကြိုးစားဖို့ အားရှိပါတယ်။

အခုမှပေါက်စီက ပြန်ရိုက်တာ တစ်ကားပဲရှိသေးတယ်လေ ကိုယ့်ကို အခုလို ကြာဥဆိုပြီး အသိမှတ်ပြုပေးတာနဲ့တင် ကျေနပ်နေပါပြီ ဘာလို့လဲဆိုတော့ အနုပညာရှင်ဆိုတာက နှစ်ခါအောင်မြင်ဖို့က အရမ်းရှားတယ်လေ အဲ့တော့ ပေါက်စီမှာက ရှားပါးတဲ့ဟာလေး ကိုယ့်မှာ ပိုင်ဆိုင်ထားရတော့ ဒါနဲ့တင် ပေါက်စီဘဝက အရမ်းကို ကျေနပ်ဖို့ကောင်းနေပါပြီ။

အပျိုကြီးဖြစ်နေရတဲ့ အကြောင်းရင်းကို ဖွင့်ချလိုက်တဲ့ မအေးသောင်း (သို့) ပေါက်စီ 3

အကဲဖြတ်မှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေကကျတော့ ပရိသတ်တွေက မသိဘူးပေါ့နော် ဒီငိုတဲ့အခန်းပါမှ အမှတ်ပေးမှာလား ဒါမှမဟုတ် ရယ်တဲ့အခန်းပါရင် အမှတ်ပေးလိုက်မှာလား ဇာတ်ဆိုလို့ရှိရင်လည်း မင်းသားတစ်ယောက်က ဇာတ်ဆောင်ဖြစ်ဖို့ ဘယ်နှရာခိုင်နှုန်းမှာ ဇာတ်ဆောင်ဖြစ်မလဲ အဲ့စည်းမျဉ်းစည်းကမ်းတွေကို ပေါက်စီတို့လည်း အဲ့စာအုပ်တွေကို မလေ့လာမိတော့ ကိုယ်လည်း မသိတဲ့အတွက်ကြောင့်မလို့ ပြောရခက်တယ် ဘာလို့လဲဆိုတော့ ပရိတ်သတ်တွေလည်း ပေါက်စီနဲ့ တူတူပါပဲ မသိထားတော့ သူတို့စဉ်းစားထားတဲ့ဟာက ဒီလို ဒီနေရာဆို ကောင်းနေပြီပေါ့နော် ဒါပေမယ့် လူကြီးတွေဆုံးဖြတ်တာကျတော့ ခုနပြောတဲ့ စည်းမျဉ်းစည်းကမ်းတွေကျတော့ ဘယ်လိုမျိုးတွေရှိလဲဆိုတာ ပေါက်စီလည်း မသိနိုင်ဘူးလေ အဲ့တော့ ခုနကလို ထပ်တူမညီတာတွေ မကြိုက်ကြတာတွေ အဲ့လိုမျိုးတွေ ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်”လို့ သူမအနေနဲ့ ပရိတ်သတ်တွေနဲ့အကဲဖြတ်တွေကြား သဘောထားကွဲလွဲမှုတွေကို ပြောပြသွားပါတယ်။ NanMalGyi