ပါးစပ် ဆော့မိသူ များ.. (ဖြစ်ရပ်မှန် )

ပါးစပ် ဆော့မိသူများ.. (ြ ဖစ်ရပ်မှန် )

“ဟျောင့်ဒေ, ငါ့ဂစ်တာပြန်ရွှိုင်းပြီးပြီ ” “အဟေ::::::::တကယ်လား ငနိုင်” “တကယ်ဟ,အာ့ ဆိုတော့ ခု ငါသောက် တဲ့စားတဲ့ ဟာတွေ မင်းတို့စုရှင်းပေး” “ ရှင်းပေးတယ်,ရှင်းပေးတယ် ” “ ဒါနဲ့,,,အတော်ပဲ,ငါ(,,,,,,,)အဆောင်က ဆော်လေး ကို ညနေက ဝင် လုံးထားတယ်, အခြေအနေလဲမဆိုးဘူးဟ,ဒီညအဲ့အ ဆောင်ရှေ့သွားကြရအောင်” “အေးလေ,သွားကြတာ ပေါ့,သီချင်းလဲကြို ရွေးထား,ဆိုမဲ့ချိန်မှဟိုဟာလိုလို,ဒီဟာ လိုလို တိုင်ပတ်မနေနဲ့,တီးရတဲ့သူfeel ငုတ်တယ်” “အေးပါဟ, စိတ်ချ,ခု တစ်ခါတည်းရွေးကြ ရအောင်”

ထိုအချိန် စကားဝိုင်းထဲ၌တစ်ခွန်းတစ်လေမျှဝင်မပြောဘဲတစ်ချိန်လုံးနှုတ်ဆိတ်နေ သော’အောင်ကြီး’မှ, “သူရိန်’ပါရင် ပိုပျော်စရာကောင်း မှာပဲနော်,သတိရတယ်ကွာ” ‘အောင်ကြီး’၏ စကားကြော င့်စကားဝိုင်း တစ်ခုလုံးခေတ္တမျှငြိမ်ကျသွားလေ တော့ သည် ။ ‘ငနိုင်’မှစကားလမ်းကြောင်းလွှဲ၍ “ကဲ,,,သီချင်းရွေးရင်းအစီအစဉ်ဆွဲကြရ အောင်” ထိုသို့ပြောလိုက်မှသာ တိတ်ဆိတ်နေသော စကားဝိုင်းမှာ လှုပ်လှုပ်ရှားရှားဖြင့်ပြန် လည်အသက်ဝင်လာလေတော့သည် ။ သို့နှင့်’ငနိုင်’တို့ သူငယ်ချင်း တစ်စု ထိုင်နေ ကြလက်ဖက်ရည်ဆိုင်၌ ခေါင်းချင်းဆိုင်ကြ ကာညဘက်,အဆောင်ရှေ့ ဂစ်တာ သွား တီးရန်အစီအစဉ်ဆွဲလေတော့သည် ။

ပါးစပ် ဆော့မိသူ များ.. (ဖြစ်ရပ်မှန် ) 1

လွန်ခဲ့သော(၃)နှစ်ခန့်က၄င်းတို့သူငယ်ချင်းအုပ်စုထဲတွင်,ငနိုင်,အောင်ကြီး,ကျော်စိုး ,သူရိန်တို့(၄)ယောက်ရှိကြပြီး ယခုအခါတွင်တော့’သူရိန်’ဆုံးပါးသွားသဖြင့်ကျန်သူ (၃)ယောက်သာကျန်ရှိလေတော့သည်။ ‘သူရိန်’သေတဲ့ည—– ထိုညသည်ချမ်းစိမ့်သည့်ဆောင်းတစ်ည ဖြစ်၍အဆောင်ရှေ့ဂစ်တာတီးသူအများဖို့ အချမ်းဒဏ်နဲ့အအေးဒဏ်ကိုခုခံရန် အရက်ကလေးနဲနဲပါးပါးမှီဝဲကြလေ့ရှိရာ, ၄င်းတို့သူငယ်ချင်းတစ်စုလည်းထိုနည်းတူ ပင်ဖြစ်ချေသည်။သီချင်း(၁၀)ပုဒ်ခန့်ပြီး သွားသောအချိန်, “သားကြီးတို့,,အမူးပြန်ပြေသွားပြီကွာ, ဆိုရတာfeelမလာတော့ဘူး,ကျန်သေး လား”

“မကျန်တော့ဘူး’သူရိန်’,ခုနလက်ကျန်ကို ‘ငနိုင်’ဖြတ်လိုက်တယ်,အကုန်ပြောင်ပြီ” “ခွီးတဲ့မှကွာ,ငါ့အကြောင်းလဲသိရဲ့ သားနဲ့, ငါကနဲနဲဝင်ပြီးရင်မရတော့ဘူး,ထပ်သွား ဝယ်မယ်ကွာ” “ခုချိန်သွားဝယ်တော့ဆိုင်ကမင့်ပထွေးတွေက ရိုက်ထုတ်မှာ ပေါ့ဟ,အချိန်လဲကြည့်ဦး,(၁၁)တောင်ကျော်ပြီ” “အာ့ဆိုပြန်လစ်ကြရအောင်ကွာ” “မပြန်ပါဘူး,ဒီညမှဆိုရတာလမိုင်းကပ် တာဟ,အေးဆေးပေါ့ကွာ မင်းကလဲ” “$ပြဿ နာပဲကွာ,ငါမနေနိုင်တော့ဘူး, ငါဖန်ကြည့်ဦးမယ်”

အမှန်မှာ’သူရိန်’သည်ပြည့်စုံသောမိသား စုမှဆင်းသက်ခဲ့သူဖြစ်ပြီးမိဘဆွေမျိုးများကအလိုလိုက်ထားသဖြင့်အရက်အပြင် ဆေးခြောက်ပါဆွဲနေသူဖြစ်ရာ အရက်ကု န်သွားသဖြင့်ကျန်သည့်တစ်မျိုးနှင့်မိမိစိတ် အားဖြေသိမ့်ရန်ဖုန်းထုတ်၍ ဆေးခြောက် ရောင်းဝယ်သူအသိရှိရာဖုန်းဆက်လေတော့သည်။ “ဟဲလို,ကျွန်တော်’သူရိန်’ပါ,ဟိုလေ ကျွန်တော် လမ်းကြောင်းတက်ချင်လို့ဗျာ, တစ်ပြားဖိုးလောက်ပါပဲ,ကျွန်တော်မနေ နိုင်တော့ဘူး,ယင်း’ထနေပြီ”

ပါးစပ် ဆော့မိသူ များ.. (ဖြစ်ရပ်မှန် ) 2

တစ်ဖက်ကပြန်ပြောသည်မှာခုရက်ပိုင်းအ ဖမ်းအဆီးများနေ၍ပိုက်ဆံလက်ငင်းချေနိုင်မှသာပစ္စည်းပေးမည်ဟုသိရပြီး, “ကျော်စိုး,မင်းတို့မှာ၁သောင်းလောက်ကျ န်သေးလား” “မကျန်တော့ဘူးကွ,၃ယောက်ပေါင်းမှ ၄ထောင်တောင် မပြည့်တော့ဘူး” “ဟာကွာ,,,ပြဿ နာပဲ,ကြာတယ်ကွာ,ငါ့ ကိုခဏစောင့်,ငါအိမ်ပြန်ပြီးပိုက်ဆံပြန် ဆွဲလိုက်ဦးမယ်” “အေး,အေး မကြာစေနဲ့နော်,ဂရုလဲစိုက် ဦး,အဆင်ပြေရင် မင်းအဖေရဲ့ပုလင်းပါ တစ်ခါတည်းဆွဲခဲ့ကွာ,ဒီမှာရိက္ခာပြတ်ပြီ” “အေးပါ,အဆင်ပြေရင်ငါဖန်ခဲ့မယ်,လစ် ပြီ ဟျောင့်” ထို့နောက်ဆိုင်ကယ်ပေါ် ကပျာကယာတက်၍ မောင်းထွက်သွားသော ‘သူရိန်’၏ရုပ် ပုံမှာသူတို့သူငယ်ချင်းများမြင်လိုက်ရသည့် နောက်ဆုံးမြင်ကွင်းဟု မကြာသောမိနစ်ပိုင်း၌ သိရှိခဲ့ရလေတော့ သည်။

“ဝေဒနာတွေရုပ်သိမ်းပါဦ:::::::::::::::: (ဝေဒနာတွေရုပ်သိမ်းဦး) ဒီကမ္ဘာကိုအရောင်ပြောင်းပါ အချစ်ရာ (ဒီကမ္ဘာကို အရောင်ပြောင်းဦး) ကိုယ်နေချင်တာ,,,,,,” “ငင့်,ယီးမို့လို့ဂစ်တာတီးတာရပ်လိုက်တာ လား ငနိုင်ရ,ဒီမှာတန်းလန်းကြီး” “ငါ,ငါ,ငါ့ဆံပင်ကိုနောက်ကနေ တစ်ယောက်ယောက်လာဆောင့်ဆွဲလို့,လှည့်ကြည့်တော့အရိပ်တစ်ခုပြေးသွားတာ,ကြည့် နေရင်းပျောက်သွားတယ်ဟ,ခုမှသေချာ စဉ်းစားကြည့်တာ’သူရိန့်’ပုံစံနဲ့ဆင်နေသ လိုပဲ” “ဟိုနွား,နောက်တာလားမသိဘူး” “မဖြစ်နိုင်ဘူး အောင်ကြီး,ပြေးတဲ့အရှိန် ကအရမ်းမြန်တယ်,လှစ်ကနဲပဲ,ကြည့် နေရင်းနဲ့ကိုပျောက်သွားတာဟ”

ထိုစဉ်’ကျော်စိုး’၏ဟန်းဖုန်းမြည်လာပြီး, “ငါ့အစ်မကွ,အိမ်မှာဘိုးတော်သောင်းကျန်းနေလို့ပြန်ခေါ်တာလားမသိဘူး” ပြောပြောဆိုဆိုဖုန်းကိုင်၍တစ်ဖက်မှစကားများအားမျက်လုံးအပြူးသား,ပါးစပ်အ ဟောင်းသားနဲ့နားထောင်နေသော ‘အောင်ကြီး’၏ပုံစံမှာထူးဆန်းနေ၍, “ဟျောင့်,ဘာတဲ့လဲ” “သူ,သူရိန် သေပြီတဲ့” “ဘာာာ!” ‘ငနိုင်’နဲ့’အောင်ကြီး’ဆီမှ အာမေဋိတ်အသံကြီးတစ်ပြိုင်တည်းထွက်လာပြီးနောက်, အသီးသီးဆိုင်ကယ်အားခွ၍’သူရိန့်’အိမ် ရှိရာသို့သုတ်ချေ တင်လေ တော့သည်။ ညသန်းခေါင်ချိန်ကြီးတောင်,သူရိန်’တို့အိမ်ရှေ့၌လူများအုံးအုံးကျွက်ကျွက်ဖြစ်နေ ပြီး ဆူဆူ ညံညံအသံများကြားမှ’စူးစူးဝါးဝါး ‘တိုးထွက်လာသော’သူရိန့်’အမေနဲ့အစ်မ တို့၏ငိုသံများကြောင့် ၄င်းတို့ သူငယ်ချင်း ‘သူရိန်’သေဆုံးပြီဖြစ်ကြောင်းယုံကြည်လက်ခံလိုက်ရလေတော့သည်။

အိမ်ပေါ်သို့ပြေးတက်သွားကြပြီး,’သူရိန့်’ အခန်းတံခါးအား ဆွဲဖွင့်ဖွင့်ချင်းမြင်လိုက်ရ သည်မှာကား, ထုပ်တန်း၌ နိုင်လွန်ကြိုးဖြင့်ကြိုးကွင်းတစ်ခု ပြုလုပ်ပြီး ထိုကွင်း၌စွပ်၍ကြိုးဆွဲချကာ အဆုံးစီရင်သွားသော’သူရိန့်’၏ ကြောက်မက်ဖွယ် အလောင်းကြီးမှာတွဲလွဲကြီးဖြစ်လျက်ပင်, သူတို့ကိုမြင်သည်နှင့်’ သူရိန့်’အမေနှင့်အစ်မတို့မှာ ‘သူရိန်’ခုလိုပျက်စီးရခြင်းမှာ သူတို့ကြောင့်ဟုစွပ်စွဲပြောဆိုပြစ်တင်နေသ ဖြင့်ဘာမျှပြန်လည်ချေပမနေတော့ဘဲပြန် လာခဲ့ကြလေတော့သည်။ သို့သော်အိပ် ယာထဲရောက်သည့်တိုင်’သူရိန့်’၏ မျက်လုံးကြီးပြူးကာ လျှာကြီးတစ်လစ်ထွက်လျှက် လေထဲ၌ တွဲလောင်းကြီး ဖြစ်နေသောပုံ စံကြီးအားမြင်ယောင်နေကြဆဲပင်, နောက်တစ်နေ့မှသိရသည်မှာ’သူရိန်’သေ ဆုံးရခြင်းမှာသူ့အားပိုက်ဆံမပေးသဖြင့် အိမ်နဲ့စကားများကာဤသို့ပြုလုပ်ရခြင်းဖြစ်ကြောင်းပင်,,

နောက်နေ့များ၌’သူရိန်’မကျွတ်မလွတ်ဘဲ ခြောက်သည်ဟူသည့်သတင်းများမှာနားနဲ့ မဆံ့အောင်ပင်, နဂိုတည်းက ခပ်ပေပေလူငယ်တစ်ယောက်ဖြစ်ရာမကျေနပ်ချက်ဖြင့်သေသွားသော ကြောင့်ပို၍ဆိုးသွမ်းပြီး အိမ်၌ အသုဘဖဲဝိုင်းလုပ်၍ မရလောက်အောင်ပင်သောင်းကျန်းလေတော့သည်။ မီးခလုတ်များအားမှိတ်လိုက်ဖွင့်လိုက်လုပ် ခြင်း, နောက်ဖေး ပန်းကန်စင်ရှိ ပန်းကန် များအားရိုက်ခွဲခြင်း, အိမ်အနှံ့ပတ်လည် ပြေး၍ဆူညံသံများပေးခြင်း, မခံမရပ်နိုင် လောက်အောင် အပုတ်နံ့များပေးသည်ထိ ပင်သောင်းကျန်းချေရာ မိသားစုများ,ဆွေမျိုးများနှင့်အိမ်နီးချင်းအနဲငယ်မှအပ, အပြင်လူသိပ်မရှိချေ။

ဆုံးပြီး(၄)လလောက်ကြာသည့်အချိန်, ‘အောင်ကြီး’တစ်ယောက်တည်းညဘက် အရက်မူးပြီးဆိုင်ကယ်မောင်းလာစဉ်, “ဟာ,ရှေ့,ရှေ့မှာ အာ:::::::::::::: ” လမ်းချိုးတစ်ခုသို့အကွေ့,အရှိန်လွန်ပြီး နံဘေးရှိအဆောက်အဦးတစ်ခုဆီသို့ဦး တည်သွားသဖြင့် ကိစ္စတုံးပြီ’ဟုတွေးကာ လက်ကိုင်အားကျစ်နေအောင်ဆုပ်ထားပြီး မျက်လုံးအားစုံမှိတ်ထားလိုက်တော့ သည်။ သို့သော် အံ့ဩဖို့ကောင်းသည်မှာ, ဆိုင်ကယ်အားနောက်မှတစ်ယောက်ဆွဲ ထားသကဲ့သို့ ဆိုင်ကယ်မှာ နေရာ၌ ရပ်နေ သည်ကိုတွေ့ရ၍နောက်သို့အထူးအဆန်း သဖွယ်လှည့်ကြည့်ရာ, မျက်လုံးများပြူးထွက်ကာ လျှာကြီး အဆမတန် တွဲလောင်းကျလျှက် မျက်နှာကြီးမှာလဲ ဖောင်းကားနေသော’သူရိန့်’၏ကြောက်မ က်ဖွယ်သဏ္ဍာန်,သို့သော် ဆိုင်ကယ်နော က်ထိုင်ခုံမှလက်ကိုင်ကွင်းအားတင်းကျပ် စွာဆုပ်ကိုင်ထားသည်ကိုလဲတွေ့ရလေ တော့သည်။

“အာ::::::::::::::::” မြင်လိုက်ရသည့်မြင်ကွင်းကြောင့်’အောင် ကြီး’လိပ်ပြာလွင့်မတတ်ဖြစ်သွားကာနေ ရာ၌ပင် သတိလစ် မေ့မြောသွားလေတော့ သည်။မနက်ရောက်သော်’အောင်ကြီး’ သရဲခြောက်ခံရသည့်သတင်းနဲ့အတူ ‘သူရိန် ‘မကျွတ်လွတ် သေး သော သတင်းမှာလဲ ပျံ့နှံ့သွားလေတော့သည်။နောက်ပိုင်း, ပရိတ်ရွတ်အမျှအတန်းဝေမှ ‘သူရိန်’ခြောက်လှန့်သည့် သတင်းများမကြားရတော့ခြင်းပင်။

“ဟျောင့်,ဂစ်တာမတီးခင်အရှိန်လေးအ ရင်တင်သွားကြရအောင်” “အေး,ကောင်းတယ်” (၃)ယောက်သား တစ်တောင့်ကျ သည် အထိသောက်ပြီး အစိတ်ပြားတစ်ပြားအား အရံအနေနှင့်ပါဆယ်ဆွဲကာ’ကျော်စိုး’ ကောင်မလေးရှိရာ အဆောင်သို့ ထွက်ခဲ့ကြလေ တော့သည်။ အဆောင်ရှေ့ရှိဂစ်တာတီးမည့်ခုံတန်းပေါ် ၌လူတစ်ယောက်ထိုင်ကာ ဆေးလိပ်သောက်နေ ကြောင်းကို’ရဲကနဲ’ဖြစ်သွားသောဆေးလိပ်မီးနဲ့အတူတွေ့လိုက်ရပြီး, “နေရာဦးထားတာလားမသိဘူးကွာ” “အေးကွာ ,ကျော်စိုး’ ဘယ်လိုလုပ်မလဲ” “အကူညီတောင်းကြည့်မယ်ကွာ,ငါ့ ကောင်မလေးကိုဒီညလာတီးမယ်လို့ ပြောခဲ့တာကွ, နေရာတော့ မရွှေ့နိုင်ဘူး” “အေး,အဲ့ဒါဆိုလဲပြောကြည့်ကြတာပေါ့”

(၃)ယောက်သားထိုနေရာသို့လျှောက်ခဲ့ ကြရာအနီးရောက်သော်မည်သူမျှရှိမနေ ကြောင်းတွေ့ရ၍အံ့ဩခြင်းများစွာနဲ့အတူ အနဲငယ်တုန်လှုပ်သွားကြလေတော့သည် ။’ငနိုင်’မှ, “သူ,သူရိန်’လားမသိဘူး” “ဟမ်!မင်းဘာပြောလိုက်တာ” “သူရိန်’နဲ့တူ သလိုပဲကွာ ဆံပင်ကလဲအရှ ည်နဲ့ဆိုတော့” “ကောင်းတာပေါ့ကွ,ငါ့ကောင်ကြီးနဲ့တူတူ မသောက်ရတာတော်တော်ကြာပြီ, ဘာပဲ ဖြစ်ဖြစ်ဒီကောင့်ကိုဒီညအဖော်ခေါ်ထား ရမယ်” ထိုစဉ် အနီးရှိသစ်ပင်ချုံပုတ်များမှာ လေမတိုက်ဘဲ ယိမ်းထိုးလှုပ်ရမ်း သွားကြပြီးသူတို့(၃)ယောက်ရှိရာအားကြည့်၍ခွေးများ ထိုးဟောင်နေကြသဖြင့်,ခဲများနဲ့ထုကာ ခုံတန်း၌ထိုင်၍ ဂစ်တာတီး ရန်ပြင်ကြလေ တော့သည်။

ထို့နောက်’ငနိုင်’မှအသင့်ပါ လာသောအရက်နှင့်အမြည်းများအားချ ကာ, “သူရိန်’ရေ,သူငယ်ချင်း ငါတို့နဲ့လာသော က်ကွာ,ရော့ ဒီမှာမင်းအတွက်တစ်ခွက် ငှဲ့ပေးထားတယ်” ပြောအပြီးသူ့အတွက်လဲတစ်ခွက်ငှဲ့၍ သောက်ရင်းဂစ်တာဝိုင်း အား စ,လေတော့ သည်။သူတို့နံဘေးရှိ’သူရိန့်’အတွက်ငှဲ့ ထားသောခွက်နဲ့အရက်ပုလင်းပြားထဲက အရက်များမှာ တဖြည်းဖြည်း လျော့နဲသွား ပြီးနောက်ဆုံးကုန်စင်သည်အထိဖြစ်သွား သည်ကိုတော့မသိလိုက်ကြချေ။ သီချင်း(၁၅)ပုဒ်ခန့်မျှ ဆက်တိုက်တီးဆိုကြပြီးသောအချိန်တွင်, “ငနောင်,ခဏနားမယ်ကွာ,အရှိန်လေးနဲ နဲပြန်တင်ကြရအောင်” “ချကွာ” အရက်ပုလင်း အားကြည့်ကြည့်သော်တစ် စက်မျှရှိမနေဘဲခုနထောင်ထားသည့်အ တိုင်းခြေရာလက်ရာမပျက်ကျန် ရှိနေသော ပုလင်းအခွံကြီးကိုသာတွေ့ရပြီးအံ့ဩနေ ကြစဉ်, “ဒေါင်,ဒင် ဒင်,ဒေါင်::::::::::” အရက်သောက်ရန် အတွက် နံဘေးတွင်ချ ထားသောဂစ်တာမှကြိုးများမှာတစ်စုံတစ် ယောက်တီးခတ်နေသကဲ့သို့အသံများအ ဆက်မပြတ်ထွက်ပေါ် လာသော ကြောင့် ထိုဂစ်တာအားကြက်သေ,သေ၍ကြည့် နေမိကြတော့သည်။

ထိုစဉ်,, “ထောက်,ထောက်,ထောက်,,,,,,,” ဂစ်တာရှိကြိုးခြောက်ကြိုးစလုံးမှာ တစ်ယောက်ယောက်က ဖြတ်တောက် ပစ်သကဲ့ သို့တစ်ချောင်းပြီးတစ်ချောင်းပြတ်ထွက်ကုန်ကြလေရာ ထိုမြင်ကွင်းအားကြည့်နေရင် ခေါင်းမွှေးများ ထောင်ကုန်သည်အထိထိတ်လန့်တုန်လှုပ်သွားကြပေတော့သည်။ ‘ငနိုင့်’ပုခုံးအားအပေါ်မှ တစ်စုံတစ်ယောက်က လက်နဲ့ ဖိထားသလိုဖြစ်နေသဖြင့်, နံဘေးသို့ကြည့်ကြည့်ရာ,သူ့ကဲ့သို့ပင်ကြောက်လန့်ပြီးတစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေကြသော’အောင်ကြီး’နဲ့’ကျော်စိုး’,ဒါဆို လက်တင်ထားသောသူက,,,? ‘ငနောင်’လဲအပေါ်သို့မရဲတရဲမော့ကြည့် ရာ,သူ့အားငုံ့ကြည့်နေသော’သူရိန့်’၏ ကြောက်မက်ဖွယ်မျက်နှာကြီး, “အောင်မယ်လေးဗျ,သရဲဗျို::::::::::::::” ဟုခုနှစ်သံချီဟစ်လျှက်ဖနောင့်နဲ့တင်ပါးတစ်သားကျအောင်ပြေးလေတော့သည်။

မရှေးမနှောင်းမှာပင်, ကျန်ခဲ့သော’အောင် ကြီး’နဲ့’ကျော်စိုး’တို့နှစ်ယောက်လဲ’ငနိုင်’ ကဲ့သို့ပင်ကြောက်လန့်တကြားပြေးလေ တော့သည်။ နောက်နေ့များ၌ ထိုသတင်းကြောင့် ‘သူရိန်’မကျွတ်လွတ်သေးကြောင်းသိရှိရ သောမိသားစုမှာ စိတ်မကောင်း များစွာဖြစ်ရပြီး, မူးမူးရူးရူးနဲ့ပါးစပ်ဆော့မိကြသော ‘ငနိုင်’,’အောင်ကြီး’ နဲ့ ‘ကျော်စိုး’တို့(၃) ယောက်မှာတော့ (၇)ရက်လောက် ကြာသည် အထိကြောက်ဖျားဖျားကာအိပ်ယာထဲ လဲနေကြရကြောင်း,,,,,,,,

Harley (လေးစားမှုဖြင့် ခရက်ဒစ်)