မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မြို့နဲ့ ​ရေး မြို့တို့အတွက် 23.6.2019 နေ့ ညနေတွင် ကြိုပြခဲ့တဲ့ နိမိတ်

အထူးသတိ​ပေးချက်​……

မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မြို့နဲ့ ​ရေး မြို့ တို့ရဲ့ အ​နောက်​ဖက်​ ​ကောင်းကင်​ပြင်​မှာ ယ​နေ့(23.6.2019)ရက်​​နေ့ ည ၇ နာရီ ၁၀ မိနစ်​ နဲ့ ည ၇ နာရီ ၂၅ မိနစ်​တို့မှာ ဖော်​ပြပါ ပုံများအတိုင်းအနီ​ရောင်​ ​ကောင်းကင်​ပြင်​ကြီး အဖြစ်​မြင်​​တွေ့ခဲ့ရ​ကြောင်း ဓာတ်​ပုံမှတ်​တမ်းများအရ သိရှိရပါတယ်​…..

အခုလိုမျိုး အနီ​ရောင်​ ​ကောင်းကင်​ပြင်​ကြီး အဖြစ်​မြင်​​တွေ့ရခြင်းနဲ့ ပတ်​သက်​ပြီး အချက်​ ၄ ချက်​ ဖြစ်​နိုင်​ပါတယ်​….

မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မြို့နဲ့ ​ရေး မြို့တို့အတွက် 23.6.2019 နေ့ ညနေတွင် ကြိုပြခဲ့တဲ့ နိမိတ် 1

နံပါတ်​ ၁ အချက်​က……ငလျင်​လှုပ်​ပြီး ဆူနာမီ ဖြစ်​​ပေါ်တာ…..

နံပါတ်​ ၂ အချက်​……ရုတ်​တရက်​ ​လေ​ဗွေမုန်​တိုင်း​တွေဖြစ်​​ပေါ်တာ….

နံပါတ်​ ၃ အချက်​…..တိုင်းပြည်​မှာ အဓိကရုန်း​တွေဖြစ်​ပြီး ​သွေးထွက်​သံယိုဖြစ်​တာ…..

နံပါတ်​ ၄ အချက်​……မြန်​မာပြည်​တွင်း သို့မဟုတ်​မြန်​မာပြည်​ရဲ့ အ​နောက်​အရပ်​မှာ စစ်​ပွဲကြီး​တွေ ဖြစ်​ပွားတာ……

မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မြို့နဲ့ ​ရေး မြို့တို့အတွက် 23.6.2019 နေ့ ညနေတွင် ကြိုပြခဲ့တဲ့ နိမိတ် 2

နိမိတ်​အရ နံပါတ်​ ၁ ခန့်​မှန်းချက်​ဖြစ်​တဲ့ ပင်​လယ်​ထဲမှာ ငလျင်​လှုပ်​ပြီး ဆူနာမီ ဖြစ်​နိုင်​တဲ့အတွက်​ ယ​နေ့ည အခု ပို့စ်​တင်​သည့်​အချိန်​မှစ၍ နောက်​ ၇ ရက်​အတွင်း ​….

မော်​လမြိုင်​မြို့နဲ့ ​ရေးမြို့အကြား​ဒေသမှာ ​နေထိုင်​ကြသည့်​ ပြည်​သူများအ​နေဖြင့်​သတိဝိရိယထားပြီး ​စောင့်​ကြည့်​​နေထိုင်​ကြဖို့လေးစားစွာဖြင့်​ ကြိုတင်​သတိ​ပေးအပ်​ပါတယ်​…..

နိမိတ်​​ပေါ်သည့်​ ​ဒေသတစ်​ခွင်​လုံးသည်​ ပင်​လယ်​ပြင်​ဖြစ်​သည့်​အတွက်​ ဆူနာမီ ကဲ့သို့​သော ရုတ်​တရက်​ဒီ​ရေမြင့်​တက်​မှု​တွေ ဖြစ်​နိုင်​တဲ့အတွက်​ ပင်​လယ်​ကမ်းစပ်​တွင်​​နေထိုင်​ကြသည့်​ပြည်​သူများအ​နေနဲ့ အထူးသတိဝိရိယနဲ့ ​နေထိုင်​ကြဖို့ အကြံပြုလိုပါတယ်​……

မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မြို့နဲ့ ​ရေး မြို့တို့အတွက် 23.6.2019 နေ့ ညနေတွင် ကြိုပြခဲ့တဲ့ နိမိတ် 3

နိမိတ်​အရ နံပါတ်​ ၂ ခန့်​မှန်းချက်​ဖြစ်​တဲ့ ရုတ်​တရက်​ ​လေ​ဗွေမုန်​တိုင်း ​​လေဆင်​နှာ​မောင်းကဲ့သို့​သောလေပြင်းများ တိုက်​ခတ်​နိုင်​တဲ့အတွက်​ပင်​လယ်​ ကမ်းရိုးတန်း​ဒေသ​နေပြည်​သူများ ရေ​ကြောင်း သွားလာမှု အထူးသတိရှိကြဖို့ အကြံပြုလိုပါတယ်​…..

နံပါတ်​ ၃ ခန့်​မှန်းချက်​နဲ့ နံပါတ်​ ၄ ခန့်​မှန်းချက်​တို့က​တော့ ကျ​တော်​တို့ ပြည်​သူအားလုံး သက်​ဆိုင်​တဲ့အတွက်​ ဒီ ၇ ရက်​အတွင်း သတိထားပြီး နေထိုင်​သွားလာကြဖို့ ​လေးစားစွာဖြင့်​ သတိ​ပေးအပ်​ပါတယ်​….

မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မြို့နဲ့ ​ရေး မြို့တို့အတွက် 23.6.2019 နေ့ ညနေတွင် ကြိုပြခဲ့တဲ့ နိမိတ် 4

ယခု ​ဟောကိန်း​တွေက ကြောက်​​အောင်​ ​ခြောက်​ခြင်း မဟုတ်​ပါ……ဖြစ်​လာနိုင်​တာများကို ကြိုတင်​ သတိ​ပေးခြင်းဖြစ်​ပါတယ်​…..အသက်​ကို ဥာဏ်​ ​စောင့်​ပါတယ်​…..

မိမိတို့ရဲ့ အသက်​ အိုးအိမ်​ စည်းစိမ်​​တွေကိုသတိတရားလက်​ကိုင်​ ထားပြီး ဥာဏ်​အ​မြော်​အမြင်​နဲ့​စောင့်​​ရှောက်​ နိုင်​ပါ​စေခင်​ဗျာ…..

ဇွဲကပင်​​မြေမှဆရာလှိုင်​ / Tin Maung Hlaing(23.6.2019)တနင်္ဂ​နွေ​နေ့ ည ၈ နာရီ ၄၈ မိနစ်

အထူးသတိထားဖို့လိုတဲ့အတွက်​​ကျေးဇူးပြုပြီး share ​ပေးကြဖို့ လေးစားစွာ ​မေတ္တာရပ်​ခံပါတယ်​….။

Credit to ဆ၇ာလှိုင်

AlinnMyay(အလင်းမြေ)

Be the first to comment

Leave a Reply

Your email address will not be published.


*