အလျား မိုင် ၂၀၀၀၊ အနံ မိုင် ၅၀၀ ဝန်းကျင်ရှိ ရေငွေ့အပြည့် တိမ်ထုကြီး မြန်မာပြည်ကို ဦးတည်

အလျား မိုင် ၂၀၀၀၊ အနံ မိုင် ၅၀၀ ဝန်းကျင် ရှိ ရေ ငွေ့အပြည့် တိမ်ထုကြီးသည် မြန်မာပြည်ကို ဦးတည်ပြီး ၁ နာရီ ၂၅ မိုင် နှုန်း ဝန်းကျင် လေစီးကြောင်း အဆင့်ဆင့်နဲ့  လာရင်း မိုးတောက်လျှောက် ရွာနေပါသည် ။

ဘင်္ဂလားပင်လယ် မြောက်ဖက် အိန္ဒိယ ဖက်ခြမ်း လေဖိအားနည်းရာ မငြိမ်သက်မှုကြောင့် လေ ပွေစီးကြောင်းကျယ် ဖြစ်နေပါတယ် ။

တောင်တန်း လေ အေးကြောင့် မြန်မာပြည် အောက်ပိုင်း အထက်ပိုင်း ဒေသများတွင် မိုးဆက်တိုက် ရွာသွန်းနိုင်ပြီး

အချို့  ဒေသများတွင် ရုတ်တရက်( ၃ နာရီ ဝန်းကျင်) မိုးသည်းထန် မိုးကြီးနိုင်ပါတယ် ။

ဧရာဝတီမြစ်ဝှမ်း အပူချိန် မြင့်နေဆဲဖြစ်လို့ လေပူများက အပေါ်တက်ရင်း မြောက်ဖက်ကို တိုက်ခတ်နေလို့  အလယ်ပိုင်းမှာ မိုးအနည်းသာ ရရှိနိုင်သော်လည်း ရုတ်တရက် မိုးကျပြီး ချောင်းရေကျော် ပြီး ဒုက္ခ ပေးနိုင်တာ သတိပြုပါ ။ ။

ယခုတိုင်းတာ ရရှိသော တိမ်ထု အ နေအထား ၂၀၁၅ ရေကြီးစေတဲ့ တိမ်ထုထက် များနေပါတယ် ။

ဘင်္ဂလားပင်လယ် လေအားနည်း ရပ်ဝန်း လေစီးကြောင်းက မြန်မာပြည်ကို ဝင်လာနေတဲ့ တိမ်ထုကို ဖြန့် ပြီး မိုးရွာစေလို့  ကံကောင်းနေဆဲ ပြောရမလား ။ တစ်နေရာထဲ မိုးမကျပါစေနဲ့ ဆုတောင်းပါတယ် ။

Source : U Htay Tint

Unicode








Source : U Htay Tint

Be the first to comment

Leave a Reply

Your email address will not be published.


*