စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့သတ်သေခဲ့တဲ့ မိန်းကလေး

စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့သတ်သေခဲ့တဲ့ မိန်းကလေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးဟာ July 30 ရက်နေ့မှာ ကိုယ့်ကိုယ်ကို ဓာတ်ဆီနှင့် လောင်းချကာ မီးရှို့ သတ်သေမှု ဖြစ်ပွားခဲ့ပါတယ် ။သတင်းဖော်ပြချက် အရ သူမဟာ online ပေါ်မှာ အဝတ်အစားများနှင့် အခြား ပစ္စည်းများ ရောင်းချပါတယ် ။

စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့သတ်သေခဲ့တဲ့ မိန်းကလေး 1

သူမဟာ အသက် 32 နှစ် အရွယ်ဖြစ်ပြီး 4 နှစ် အရွယ် သားတစ်ဦး ရှိကာ စိတ်သဘောထား ကောင်းပြီး တက်ကြွသူ တစ်ဦး ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့နှစ်က သူမရဲ့ ခင်ပွန်းဟာ သူမကို ကွာရှင်းလိုက်တဲ့ ချိန်မှာတော့ သူမဟာ တော်တော်လေး ပြောင်းလဲသွား ခဲ့ပါတယ် …။

အဲ့ဒီနောက် မှာတော့ သူမဟာ အိမ်အပြင် သိပ်မထွက်တော့ဘဲ အခြားသော သူများနှင့်လည်း စကား ပြောဆိုခြင်းမျိုး မရှိတော့ ပါဘူး ။မိခင်ဖြစ်သူနှင့် စကားများပြီး နောက်မှာတော့ သူမ၏ အဘွားအိမ် တွင် သွားရောက် နေထိုင်ခဲ့ ပါတယ် ။

စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့သတ်သေခဲ့တဲ့ မိန်းကလေး 2

သူမဟာ အရင် ကတည်းကလည်း ကိုယ့်ကို သတ်သေရန် အကြိမ်များစွာ ကြိုးစားခဲ့ ဖူးပြီး ဘုရားကျောင်းရဲ့ မီးသင်္ဂြိုလ်တဲ့ နေရာမှာ ကိုယ့်ကိုယ်ကို သတ်သေရန် နှစ်ကြိမ်လောက် ကြိုးစားခဲ့ ဖူးပေမဲ့ လူအများက သူမကို တားမြစ်ခဲ့ရ ပါတယ် …။

သူမဟာ အခြားကိစ္စရပ် များနှင့်လည်း ဒုက္ခရောက်နေ ခဲ့ပြီး ခင်ပွန်းဟောင်း ဖြစ်သူကိုလည်း မမေ့နိုင်ဘဲ ချစ်နေသေးတဲ့ အတွက် နည်းလမ်း ရှာမတွေ့နိုင်တော့ဘဲ ကိုယ့်ကို သတ်သေရန် ကြိုးစားခဲ့ခြင်း ဖြစ်ပါတယ် ။

စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့သတ်သေခဲ့တဲ့ မိန်းကလေး 3

သူမ၏အသက် 89 နှစ် အရွယ် အဘွားဖြစ်သူ မှာလည်း မြေးမလေးဟာ 2 ရက်သာ နေရန် ရောက်လာခဲ့ခြင်းဖြစ်ပြီး ၊ မည်သူနှင့် အငြင်းအခုံ ဖြစ်လာခဲ့လဲ ဆိုတာ မသိကြောင်း ၊ သူမကိုလည်း မေးခွန်းများမမေးခဲ့ မိကြောင်း ပြောပြခဲ့ ပါတယ် …။

ပတ်ဝန်းကျင် အနီးနားက လူတွေကတော့ အဘွားဖြစ်သူကို သူမဟာ ကိုယ့်ကို သတ်သေဖူးတဲ့ သူဖြစ်ကြောင်း သတိပေးခဲ့ ကြပါတယ် ။ July 30 ရက်နေ့ မှာတော့ သူမ အိမ်အပြင် ထွက်သွားခဲ့တာကို အဘွားဖြစ်သူက မြင်တွေ့ခဲ့ ပါတယ် ။

အဘွားဖြစ်သူ အိမ်ပြန်ရောက်လာချိန် မှာတော့ 5 လီတာ ဓာတ်ဆီဘူးကို တွေ့ရှိခဲ့လို့ အိမ်အနောက်ဖက်သို့ သွားရောက် စစ်ဆေးခဲ့ချိန် မှာတော့ ကြမ်းပြင်ပေါ်တွင် မီးလောင် ကျွမ်းပြီး မည်းတူးနေတဲ့ မြေးဖြစ်သူ တွေ့ ခဲ့ရပါတယ် …။

အိမ်နီးချင်းများက သူမကို ကူညီပေးခဲ့ ကြပြီး ရဲခေါ်ကာ၊ အရေးပေါ်ကားလည်း ခေါ်ပေးခဲ့ကြပါတယ် ။သူမ ခန္ဓာကိုယ်ရဲ့ 60% ဟာ မီးလောင်ကျွမ်း ခဲ့ပြီး July 31 ရက်နေ့ မနက် 4 နာရီမှာ ဆုံးပါး သွားခဲ့ပါတယ် ။

သူမ မိခင်၏ ပြောပြချက်အရ သူမဟာ ငွေရေး အခက်အခဲ ရှိနေ၍ သူငယ်ချင်းထံ မှငွေများချေးငှါးထားခဲ့ကြောင်း ၊ သူမရောင်းချတဲ့ ပစ္စည်းများဟာလည်း ပြသာနာ ရှိနေ၍ ရဲအရာရှိများ၏ ခေါ်ယူစစ်ဆေးခြင်းကို ခံနေရကြောင်း ပြောပြခဲ့ပါတယ် ။ အရင်ချိန် တုန်းကလည်း သူမဟာ အကြိမ်ကြိမ်သတ်သေရန် ကြိုးစားခဲ့ဖူးပြီး မိသားစုဝင်များက သူမ ယခုကဲ့သို့ ထပ်မံ ပြုလုပ်လိမ့်မယ်လို့ မထင်ထား မိခဲ့ကြောင်း ပြောပြသွားခဲ့ ပါတယ် … ။ ။

Jasmine (Mckzone Daily) , Source: worldofbuzz

Be the first to comment

Leave a Reply

Your email address will not be published.


*