ပင္လယ္​​ထဲ မ​ေတာ္တဆ​ ျပဳတ္က်သြားတဲ့ ဖုန္​းကုိ ပိုင္​႐ွင္​ထံ ျပန္​​ယူလာေပးခဲ့​တဲ့ ​ေဝလငါးလိမၼာေလး (ရုပ္သံ)

တစ္ခ်ိဳ႕တိရစၦာန္​​ေတြဟာ လူ​ေတြထက္​ပိုၿပီး သ​ေဘာ​ေကာင္​းၾကျပီး လိမၼာအသိဥာဏ္ရွိျက​တယ္​ဆိုတာ ဒီျဖစ္​ရပ္​ထဲက​ ​ေဝလငါး​​ေလးက သက္​​ေသျပသသြားတာျဖစ္​ပါတယ္​။

အမ်ိဳးသမီးတ​ေယာက္​ဟာ သူ႕ရဲ႕ဖုန္​းကို မ​ေတာ္​တဆနဲ႔ ပင္​လယ္​ထဲလြတ္​က်မိသြားခ်ိန္​ Beluga ​ေဝလငါး​ေလးဟာ ​ပင္​လယ္​​ေရ​ေအာက္​ကိုငံု႔ဆင္​းၿပီး ပိုင္​႐ွင္​ရဲ႕ပစၥည္​းကုိျပန္​လည္​႐ွာ​ေဖြလို႔ ဖုန္​းကိုပိုင္​႐ွင္​ထံျပန္​​ေပးသြားခဲ့တာကို Elitereaders သတင္​းဝက္​ဘ္​ဆိုက္​​က​ေဖာ္​ျပထားတဲ့ ဗြီဒီယိုမွတ္​တမ္​းထဲမွာ အံ့အားသင္​့ဖြယ္​​ရာ ​ေတြ႕႐ွိခဲ့ရပါတယ္​။

ဒါဟာ အ​ေတာ္​​ေလးပဲၾကည္​ႏူးဖြယ္​ရာ၊ခ​်စ္​စရာျမင္​ကြင္​းျဖစ္​ခဲ့သလို ဒီျဖစ္​ရပ္​အစအဆံုးကုိ ဖုန္​းပိုင္​႐ွင္​အမ်ိဳးသမီးျဖစ္​တဲ့ Mansika နဲ႔ သူငယ္​​ခ်င္​း​ေတြက မွတ္​တမ္​းတင္​​ေျပာျပ ခဲ့တာျဖစ္​ပါ​တယ္​။

သူတို႔ဟာ ​ေနာ္​​ေဝႏိုင္​ငံ၊ Hammarfest ​ေဒသကို Beluga ​ေဝလငါးၾကည္​့ဖို႔ ထြက္​လာခဲ့ၾကတာျဖစ္​ၿပီး Beluga ​ေဝလငါးတ​ေကာင္​ကိုျမင္​​ေတြ႕လိုက္​ရခ်ိန္​မွာပဲ Mansika ဟာ စိတ္​လႈပ္​႐ွားလြန္​းလို႔ သတိလက္​လြတ္​ျဖစ္​ၿပီး အိတ္ကပ္​​ထဲကဖုန္​းဟာ ​ပင္​လယ္​ထဲလြ​တ္​ထြက္​က်မိသြားတာျဖစ္​​ေၾကာင္​း Elitereaders သတင္​းမွာ ​ေဖာ္​ျပထားခဲ့ပါတယ္​။

အဲ့ဒီအခ်ိန္​မွာပဲ သူတို႔​ေတြ႕ခ်င္​လြန္​းလို႔ ​အ​ေမ်ွာ္​လင္​့ျကီး ​ေမ​်ွာ္​လင္​့ခဲ့တဲ့ ​ေဝလငါး​ေလးဟာ ခ်က္​ခ်င္​းပဲ ​ေရ​ေအာက္​ကိုငုပ္​သြားခ့ဲျပီး ျပဳတ္​က်သြားခဲ့တဲ့ဖုန္​းကို သြား​ေရာက္​႐ွာ​ေဖြ​ေပးခဲ့တာျဖစ္​ပါတယ္​။

ဖုန္​းကို​ရ႐ွိတာနဲ႔တၿပိဳင္​နက္​ ​ေဝလငါး​ေလးဟာ​ေရ​ေပၚကိုျပန္​​ေရာက္​လာၿပီး ပိုင္​႐ွင္​ထံ ဖုန္​းကိုျပန္​အပ္​ခဲ့​တာျဖစ္​​ေၾကာင္​း သတင္​းရဲ႕ ​ေဖာ္​ျပခ်က္​မွာ ​ေတြ႕႐ွိခဲ့ရတာျဖစ္​ပါတယ္​။

တကယ္​​ေတာ့ Beluga ​ေဝလငါး​ေတြဟာ အသိဥာဏ္​ျမင္​့မားၿပီး သ​ေဘာ​ေကာင္​းၾကင္​နာတတ္​တဲ့ တိရစၧာန္​ အမ်ိဳးအစား​ေတြျဖစ္​တယ္​ဆိုတာ သိပၸံပညာ႐ွင္​​ေတြက အတည္​ျပဳထားၿပီးသားျဖစ္​ပါတယ္​။

ေလးစားစြာျဖင့္ခရက္ဒစ္-ApannPyay

Unicode

တစ်ချို့တိရစ္ဆာန်တွေဟာ လူတွေထက်ပိုပြီး သဘောကောင်းကြပြီး လိမ္မာအသိဉာဏ်ရှိကြတယ်ဆိုတာ ဒီဖြစ်ရပ်ထဲက ဝေလငါးလေးက သက်သေပြသသွားတာဖြစ်ပါတယ်။

အမျိုးသမီးတယောက်ဟာ သူ့ရဲ့ဖုန်းကို မတော်တဆနဲ့ ပင်လယ်ထဲလွတ်ကျမိသွားချိန် Beluga ဝေလငါးလေးဟာ ပင်လယ်ရေအောက်ကိုငုံ့ဆင်းပြီး ပိုင်ရှင်ရဲ့ပစ္စည်းကိုပြန်လည်ရှာဖွေလို့ ဖုန်းကိုပိုင်ရှင်ထံပြန်ပေးသွားခဲ့တာကို Elitereaders သတင်းဝက်ဘ်ဆိုက်ကဖော်ပြထားတဲ့ ဗွီဒီယိုမှတ်တမ်းထဲမှာ အံ့အားသင့်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။

ဒါဟာ အတော်လေးပဲကြည်နူးဖွယ်ရာ၊ချစ်စရာမြင်ကွင်းဖြစ်ခဲ့သလို ဒီဖြစ်ရပ်အစအဆုံးကို ဖုန်းပိုင်ရှင်အမျိုးသမီးဖြစ်တဲ့ Mansika နဲ့ သူငယ်ချင်းတွေက မှတ်တမ်းတင်ပြောပြ ခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ နော်ဝေနိုင်ငံ၊ Hammarfest ဒေသကို Beluga ဝေလငါးကြည့်ဖို့ ထွက်လာခဲ့ကြတာဖြစ်ပြီး Beluga ဝေလငါးတကောင်ကိုမြင်တွေ့လိုက်ရချိန်မှာပဲ Mansika ဟာ စိတ်လှုပ်ရှားလွန်းလို့ သတိလက်လွတ်ဖြစ်ပြီး အိတ်ကပ်ထဲကဖုန်းဟာ ပင်လယ်ထဲလွတ်ထွက်ကျမိသွားတာဖြစ်ကြောင်း Elitereaders သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ သူတို့တွေ့ချင်လွန်းလို့ အမျှော်လင့်ကြီး မျှော်လင့်ခဲ့တဲ့ ဝေလငါးလေးဟာ ချက်ချင်းပဲ ရေအောက်ကိုငုပ်သွားခဲ့ပြီး ပြုတ်ကျသွားခဲ့တဲ့ဖုန်းကို သွားရောက်ရှာဖွေပေးခဲ့တာဖြစ်ပါတယ်။

ဖုန်းကိုရရှိတာနဲ့တပြိုင်နက် ဝေလငါးလေးဟာရေပေါ်ကိုပြန်ရောက်လာပြီး ပိုင်ရှင်ထံ ဖုန်းကိုပြန်အပ်ခဲ့တာဖြစ်ကြောင်း သတင်းရဲ့ ဖော်ပြချက်မှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

တကယ်တော့ Beluga ဝေလငါးတွေဟာ အသိဉာဏ်မြင့်မားပြီး သဘောကောင်းကြင်နာတတ်တဲ့ တိရစ္ဆာန် အမျိုးအစားတွေဖြစ်တယ်ဆိုတာ သိပ္ပံပညာရှင်တွေက အတည်ပြုထားပြီးသားဖြစ်ပါတယ်။

လေးစားစွာဖြင့်ခရက်ဒစ်-ApannPyay

Be the first to comment

Leave a Reply

Your email address will not be published.


*